Hard Disk Drive တစ်လုံးကောင်း/မကောင်း စစ်ဆေးပေးနိုင်တဲ့ Hard Disk Tune Pro

Hard Disk Tune Pro full version

ဒီနေ့မှာတော့ Computer အသုံးပြုနေတဲ့သူတွေ ကိုယ့် Computer မှာရှိတဲ့ Hard Disk Drive အခြေအနေ ကောင်း/မကောင်းကို စစ်ဆေးပေးနိုင်တဲ့ Hard Disk Tune Pro Software အကြောင်းနဲ့ပတ်သတ်ပြီး အကျဉ်းချုပ်ပြောပေးသွားမှာဖြစ်ပါတယ်။


Hard Disk Tune Pro ဆိုတာဘာလဲ?
Hard Disk Tune Pro ဆိုတာ ကိုယ်လက်ရှိအသုံးပြုနေတဲ့ Computer ထဲက Hard Disk ရဲ့ ကြံ့ခိုင်ရည် (Performance)၊ Hard Disk ပေါ်က Data Read/Write လုပ်တဲ့ Sectors တွေကောင်း/မကောင်း၊ ကျန်းမာရေး (Health) ကောင်း/မကောင်း စစ်ဆေးပေးတဲ့ Software ဖြစ်ပါတယ်။ User Interface က User Friendly ဖြစ်တဲ့အတွက် Computer Technician တွေသာမက သာမန် End user တွေပါအသုံးပြုရတာလွယ်ကူပါတယ်။

Official Website ကိုအောက်ကပေးထားတဲ့ Link မှာဖော်ပြထားပါတယ်။ Official Website ကနေ Hard Disk Tune Pro latest version ကို (၁၅) ရက် Trial version ရယူအသုံးပြုနိုင်ပါတယ်။


Link – https://www.hdtune.com/download.html


Hard Disk ကိုစစ်ဖို့အရေးကြီးလို့လား?
အရေးကြီးပါတယ်။
၁။ Hard Disk တစ်လုံးကိုမကောင်းပဲဆက်သုံးနေမယ်၊ အရေးကြီး Data တွေဆက်ထည့်နေမယ်ဆိုရင် Hard Disk ပျက်တာနဲ့ Data တွေ ပျက်စီးဆုံးရှုံးတာမျိုးဖြစ်တတ်ပါတယ်။
၂။ Hard Disk တစ်လုံးမကောင်းတော့ဘူးဆိုရင် Computer က သုံးရတာလေးလံလာတာမျိုးရှိတတ်ပါတယ်။ အလုပ်မတွင်တော့ပါဘူး။
၃။ Windows ရဲ့ System File တစ်ခုခုက Hard Disk ပေါ်မှာရှိတဲ့ မကောင်းတဲ့ Sector ပေါ်မှာရောက်နေပြီဆိုရင် Blue Screen (BSoD) တက်တတ်ပါတယ်။


Computer တစ်လုံးက သုံးရတာလေးလံလာပြီ၊ Blue Screen ထပ်ခါထပ်ခါတက်နေပြီဆိုရင် Hard Disk ကို စစ်ဆေးကြည့်သင့်ပါတယ်။ Hard Disk တစ်လုံးမကောင်းတော့ဘူးဆိုတာက Hard Disk ရဲ့ Physical Error ဖြစ်တဲ့အတွက် Windows ပြန်တင်တာ၊ OS ပြန်တင်တာနဲ့တင် Computer ကပြန်ကောင်းသွာမှာမဟုတ်ပါဘူး။ Hard Disk ကို အသစ်လှဲလှယ်ရတာမျိုးရှိပါတယ်။


Hard Disk Tune Pro နဲ့ Hard Disk တစ်လုံးကောင်း/မကောင်းဘယ်လိုစစ်လိုရနိုင်လဲ?
Hard Disk Tune Pro Software ကိုဖွင့်ပြီးရင် –
၁။ Hard Disk တစ်လုံးမှာ Bad Sectors ရှိ/မရှိကို အပေါ်ဘက်က Error Scan Tab မှာ Start ကိုနှိပ်ပြီးစစ်ဆေးလို့ရပါတယ်။ Start ကိုနှိပ်လိုက်မယ်ဆိုရင် အစိမ်းရောင်အကွက်လေးတွေ တစ်ကွက်ပြီးတစ်ကွက်တက်လာပါလိမ့်မယ်။ Hard Disk Capacity နဲ့ Performance ပေါ်မူတည်ပြီး အကွက်လေးတွေအားလုံးပြီးဖို့စောင့်ရပါမယ်။ Bad Sector ရှိနေတဲ့နေရာတွေဆိုရင် အနီရောင်နဲ့ပြသပါတယ်။ အနီရောင် (၂) ခုတွဲပြီးပြရင်သော်လည်းကောင်း၊ အနီရောင်က (၃) ခုအထက်ဆိုရင်သော်လည်းကောင်း Hard Disk လှဲသင့်ပါပြီ။ အဲသည် Hard Disk Drive ပေါ်မှာ Windows Operating System ကို Run ပြီးအသုံးပြုလို့ မသင့်တော်တော့ပါဘူး။


၂။ Hard Disk တစ်လုံးရဲ့ ကျန်းမာရေး (Health) ကောင်း/မကောင်းကို အပေါ်ဘက်က Health Tab မှာစစ်လို့ရပါတယ်။ Health Tab ထဲကိုဝင်ပြီး အောက်ဘက်က Health status နေရာမှာ Ok ပြရပါမယ်။ Ok မပြပဲ Warning ပြနေပြီဆိုရင်တော့ အပေါ်ဘက်က List ထဲမှာရှိတဲ့ Status တွေကိုစစ်ရပါမယ်။ Warning Status တွေက (၁) ခုနဲ့အထက်ဆိုရင်တော့ အဲသည် Hard Disk ကိုဆက်ပြီးသုံးဖို့ မသင့်တော်တော့ပါဘူး။


၃။ Hard Disk တစ်လုံးရဲ့ Read/Write performance ကို Benchmark Tab ထဲမှာစစ်လို့ရပါတယ်။ Hard Disk တစ်လုံးရဲ့ ဖတ်နှုန်း (Read) performance ကိုစစ်မယ်ဆိုရင် Read ကိုရွေး/ (Write) performance ကိုစစ်မယ်ဆိုရင် Write ကိုရွေးပြီးရင် Start ကိုနှိပ်ရပါမယ်။ Process ပြီးဖို့အချိန်စောင့်ဆိုင်းရပါမယ်။ Performace ကောင်းတဲ့ Hard Disk တစ်လုံးရဲ့ Read/Write speed average က 80-160MB/s ကြားမှာရှိရပါမယ်။


နံပါတ် (၁) နဲ့ (၂) မှာဖော်ပြထားတဲ့အချက်တွေက Hard Disk တစ်လုံးကောင်း/မကောင်း ကို အဓိကစစ်ဆေးနိုင်တဲ့ Function တွေဖြစ်ပါတယ်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *