External HDD တွေကို အကြာကြီးခံအောင်ထိန်းသိမ်းနည်း

External HDD တွေအကြာကြီးခံအောင်ထိန်းသိမ်းနည်း jdbkx

အခုခေတ်မှာ Hard Disk အစား SSD (solid-state drive) တွေကို အစားထိုးပြီးတော့ အသုံးပြုလာကြပြီဆိုပေမဲ့ Hard Disk ကိုလည်း မေ့ထားလို့မရသေးပါဘူး။ ဈေးသက်သာတာကြောင့် အသုံးပြုနေကြဆဲဖြစ်ပါတယ်။ HDD Lifespan သည် ၇-နှစ်၀န်းကျင်ရှိပါတယ်။ ဒါပေမဲ့ ၇-နှစ်ပဲသုံးလို့ရတယ်လို့ မဆိုလိုပါဘူး။ တချို့ Hard Disk တွေဆိုရင် ၁၀-နှစ်လောက်ထိ အသုံးပြုလို့အဆင်ပြေနေဆဲဖြစ်ပါတယ်။

  1. စနစ်တကျ Backup လုပ်ပါ
    အလွန်အရေးကြီးသော File များကို external hdd အပိုတစ်ခုနှင့်ဖြစ်စေ ၊ Cloud ဖြင့်ဖြစ်စေသိမ်းထားပါ။
  2. Safely Eject
    External hard drive ကို PC ကနေ ဖြုတ်တဲ့အခါ “Safely Remove Hardware”** နည်းကို အသုံးပြုပြီး eject လုပ်ပါ။ ဤနည်းလမ်းက HDD ထဲမှ Data များပျက်စီးပျောက်ဆုံးမှုကို ကာကွယ်ပေးပါတယ်။
  3. Over Heating
    HDD ကိုမလိုအပ်ဘဲ အမြဲမတပ်ထားပါနဲ့။ External HDD ထဲမှာလည်း ဂိမ်းကိုတန်းဆော့ချင်းမှရှောင်ပါ။
    Overheating သည် hard drive ရဲ့သက်တမ်းကို လျှော့စေပါတယ်။ External hard drive ကိုနေရောင်ခြည်ကင်းဝေးသောနေရာတွင်ထားပါ။
  4. Defragmentation (HDD အတွက်)
    HDD (Hard Disk Drive)drive ကို defragment လုပ်ခြင်းဖြင့် fragmented files များကို ပြန်စီသွားစေပြီး performance ကောင်းမွန်စေပါသည်။
    SSD (Solid State Drive)ကိုတော့ defragment လုပ်ဖို့မလိုပါဘူး။ လုပ်မိရင် Health Performance ကျတတ်ပါတယ်။
  5. Error Checking (Chkdsk Command)
    External hard drive ကို error checking လုပ်ပါ။ Windows မှာ chkdsk နည်းကိုသုံးပြီး bad sectors များကို စစ်ဆေးပါ။
    Bad sectors တွေကိုစောစီးစွာစစ်ဆေးခြင်းက hard drive ထိခိုက်မှုများကို အနည်းငယ်လျော့စေပါသည်။
  6. Virus and Malware Protection
    External hard drive ကို PC သို့ဆက်သွယ်တဲ့အခါ virus နှင့် malware တို့ကို ပုံမှန်စွာစစ်ဆေးပါ။ Antivirus software အသုံးပြုပြီး drive ကိုပုံမှန်စစ်ဆေးခြင်းဖြင့် data ကို အန္တရာယ်မှကာကွယ်နိုင်သည်။
    (crack software တွေသုံးတဲ့အခါ Virus malware တွေကို သတိထားပေးပါ၊ အန္တရာယ်များပါတယ်။ ဖြစ်နိုင်ရင် crack software တွေ မသုံးတာ အကောင်းဆုံးပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံသားတွေအနေနဲ့ ရှောင်လွှဲဖို့ ခက်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း အများစုက ဒီလိုပဲ အသုံးပြုနေကြဆဲပါ)
  7. Data Organization
    External hard drive ထဲရှိ data တွေကို စနစ်တကျစီစဉ်ထားခြင်းက performance နှင့် efficiency ကို ပိုတိုးတက်စေပါသည်။ အလွန်ကြီးမားသော folders များကို ခွဲခြမ်းပြီး folder structure ပိုပြီးကောင်းအောင်တည်ဆောက်ပါ။
  8. Always Have Extra Storage
    HDDများကို နီနေအောင်မထည့်ဘဲအနဲဆုံး50GBလောက်ချန်ထားပါ။
  9. Storage space တော်တော်များများကို အသုံးပြုပြီးသွားရင် hard drive performance နှင့် lifespan အပေါ် ထိခိုက်တတ်ပါတယ်။

    ဒီလိုနည်းလမ်းတွေက external hard drive ကို သက်တမ်းတိုးပြီး performance ကောင်းမွန်စွာအသုံးပြုနိုင်ပါလိမ့်မယ်။

အသုံးပြုထားတဲ့ Hard Disk , SSD တွေရဲ့သက်တမ်း၊ Performance , Lifespan အခြေအနေတွေကိုသိချင်ရင် Hard Disk Sentinel ဆိုတဲ့ ဆော့ဖ်ဝဲလေးကိုဒေါင်းပြီး စက်ထဲထည့်ထားလိုက်ပါ။ Windows တက်လာတိုင်း Hard Disk, SSD တို့ရဲ့ Performance , Lifespan တွေကို ပြသပေးတာမို့လို့ သိပ်ကိုအသုံးဝင်တဲ့ဆော့ဖ်ဝဲတစ်ခုပါ။ ဝယ်သုံးရတယ်ဆိုပေမဲ့ မဝယ်ဘဲ Free Edition အနေနဲ့အသုံးပြုရင်လည်း လုံလောက်ပါတယ်။

👁️ ဖတ်ရှုပြီးမှုကြိမ်ရေ: ၁၁၅

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *