RAM မှာ error ရှိ/မရှိ စစ်ဆေးနည်း

RAM မှာ error ရှိ မရှိ စစ်ဆေးနည်း

RAM (Random Access Memory) မကောင်းတဲ့အခါ ကွန်ပျူတာက အပြာရောင်စက်ရုပ် (Blue Screen of Death – BSOD) မျက်နှာပြင်ပေါ်တတ်တာ၊ ရုတ်တရက် Restart ဖြစ်တာ၊ program တွေ ခဏခဏ Not Responding ဝင်တာ၊ ဖိုင်တွေ ပျက်စီးတာ၊ ကွန်ပျူတာအစဖွင့်ရခက်တာ စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။
ဒီလိုလက္ခဏာတွေ့ရင် အောက်ပါနည်းလမ်းတွေနဲ့ RAM ကို စစ်ဆေးနိုင်ပါတယ်။

နည်းလမ်း (၁) – Windows Memory Diagnostics Tool ကို အသုံးပြုပြီး စစ်ဆေးနည်း။
Windows operating system မှာ Built-in ပါဝင်တဲ့ tool တစ်ခုဖြစ်ပါတယ်။
1️⃣. Tool ကို ဖွင့်ပါ
Windows Key + R ကိုနှိပ်ပြီး Run box ကိုဖွင့်ပါ။
mdsched.exe လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ (သို့)
Start Menu (သို့) Search Bar မှာ “Windows Memory Diagnostic” လို့ရိုက်ရှာပြီး ဖွင့်နိုင်ပါတယ်။

2️⃣. စစ်ဆေးမှု ရွေးချယ်ပါ
Tool ဖွင့်လာရင် option နှစ်ခု ပေါ်လာပါမယ်။
Restart now and check for problems (recommended) – စက်ကို အခုချက်ချင်း Restart လုပ်ပြီး RAM စစ်ဆေးမှာ ဖြစ်ပါတယ်။ မှတ်ထားတဲ့အလုပ်တွေအားလုံးကို သိမ်းဆည်းထားဖို့ မမေ့ပါနဲ့။
Check for problems the next time I start my computer – နောက်တစ်ခါ ကွန်ပျူတာစဖွင့်တဲ့အချိန်မှာ စစ်ဆေးမှာဖြစ်ပါတယ်။

3️⃣.စစ်ဆေးမှု စတင်ပါ
ပထမ Option ကို ရွေးလိုက်ရင် ကွန်ပျူတာက Restart ဖြစ်သွားပါမယ်။
Restart ဖြစ်ပြီးတာနဲ့ အပြာရောင်ဖန်သားပြင်မှာ Windows Memory Diagnostics Tool ကိုယ်တိုင်ကို တွေ့ရမှာဖြစ်ပြီး စစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပါမယ်။ စစ်ဆေးနေချိန်မှာ Status နဲ့ Progress ရာခိုင်နှုန်းကို အောက်ခြေမှာ မြင်ရမှာပါ။ စစ်ဆေးမှုကြာချိန်ဟာ RAM ပမာဏပေါ် မူတည်ပြီး မိနစ် ၂၀ မှ တစ်နာရီခန့်အထိ ကြာတတ်ပါတယ်။

4️⃣. ရလဒ်ကို ကြည့်ရှုပါ
စစ်ဆေးမှု ပြီးဆုံးသွားရင် ကွန်ပျူတာက ပုံမှန်အတိုင်း Windows ကို ပြန်ဝင်သွားပါမယ်။
စစ်ဆေးမှုရလဒ်ကို အလိုအလျောက် ပေါ်လာမှာမဟုတ်ပါ။ ရလဒ်ကိုကြည့်ဖို့ အောက်ပါအတိုင်း လုပ်ဆောင်ရပါမယ်။

Event Viewer ကိုဖွင့်ပါ။ (Win + R > eventvwr.msc ရိုက်ပါ)
ဘယ်ဘက်အကွက်မှာ Windows Logs > System ကို နှိပ်ပါ။
ညာဘက်အကွက်မှာ Action > Find… ကိုနှိပ်ပါ။
Search box ထဲမှာ “MemoryDiagnostics” (သို့) “MemoryDiagnostic” လို့ရိုက်ရှာပါ။
ရှာတွေ့တဲ့ Log ကို နှိပ်ကြည့်ရင် General tab မှာ “The Windows Memory Diagnostic tested the computer’s memory and detected no errors” ဆိုရင် RAM မှာ error မရှိပါ။
Error ရှိကြောင်း ဖော်ပြထားရင်တော့ RAM မကောင်းတာသေချာပါပြီ။


နည်းလမ်း (၂) – MemTest86 ကို အသုံးပြုပြီး စစ်ဆေးနည်း (အထူးး Recommended)
Windows Built-in Tool ထက် ပိုမိုနက်ရှိုင်းစွာ စစ်ဆေးပေးနိုင်တဲ့ နာမည်ကြီး Third-Party Software ဖြစ်ပါတယ်။ ပိုတိကျပြီး error အနည်းငယ်ကိုပါ ဖမ်းမိလို့ လူသုံးအများဆုံးနည်းလမ်းပါ။
1️⃣. MemTest86 ကို Download လုပ်ပါ
Browser ဖွင့်ပြီး ‘www.memtest86.com‘ ကို သွားပါ။
Download button ကိုနှိပ်ပါ။ Free Download version နဲ့ပဲ လုံလောက်ပါတယ်။
သင့်ကွန်ပျူတာက UEFI လား Legacy BIOS လားဆိုတာ သိရန် လိုအပ်နိုင်ပါတယ် (ခေတ်ပေါ်ကွန်ပျူတာအားလုံးနီးပါးက UEFI ဖြစ်ပါတယ်)။

2️⃣. Bootable USB Drive ပြုလုပ်ပါ
Download လုပ်ထားတဲ့ File ကို Run ပါ။
သင်အသုံးပြုမယ့် USB Flash Drive (သို့) CD/DVD တစ်ချပ်ကို ကွန်ပျူတာမှာ ထိုးထားပါ။
MemTest86 Installer ကို Run ပြီး USB Drive ကို ရွေးကာ Bootable USB ကို ဖန်တီးလိုက်ပါ။ (USB ထဲက Data တွေ အားလုံးဖျက်သွားမှာမို့ သတိထားပါ)

3️⃣. USB ကနေ Boot လုပ်ပါ
MemTest86 ပါတဲ့ USB ကို ကွန်ပျူတာမှာ ထိုးထားပါ။
ကွန်ပျူတာကို Restart လုပ်ပါ။
Restart ဖြစ်နေစဉ် Motherboard Manufacturer Logo (Dell, Lenovo, ASUS, etc.) ပေါ်လာချိန်မှာ Boot Menu ကိုဝင်ဖို့ အတွက် Key ကို နှိပ်ရပါမယ်။ ဒီ Key က Company အလိုက် ကွဲပြားပါတယ်။ (F12, F10, F11, F9, F2, ESC, Del) တို့ထဲက တစ်ခုခုဖြစ်တတ်ပါတယ်။ သင့်ကွန်ပျူတာ Model အလိုက် Google မှာ “[Your PC Model] boot menu key” လို့ရှာကြည့်နိုင်ပါတယ်။
Boot Menu ရောက်ရင် USB Drive ကို ရွေးပြီး Enter ခေါက်ပါ။

4️⃣. စစ်ဆေးမှု စတင်ပါ
MemTest86 က အလိုအလျောက် Run သွားပြီး RAM ကို အကြိမ်ကြိမ် စစ်ဆေးမှုတွေ စတင်လုပ်ဆောင်ပါမယ်။
စစ်ဆေးမှုကို အနည်းဆုံး Pass 4 ကြိမ် (သို့) Error တစ်ခုပေါ်တဲ့အထိ ထားကြည့်ရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၂ နာရီခန့် ကြာတတ်ပါတယ်။
အကယ်၍ RAM မှာ Error တစ်ခုခုရှိရင် အနီရောင်စာသားနဲ့ Errors ဆိုတဲ့ခေါင်းစဉ်အောက်မှာ စာရင်းလာပြမှာဖြစ်ပါတယ်။
Error လုံးဝမတွေ့ရဘူးဆိုရင် (Pass 4 ကြိမ်ပြည့်သွားရင်) RAM ဟာ ၉၉% ကောင်းနေတယ်လို့ ယူဆနိုင်ပါတယ်။


နည်းလမ်း (၃) – ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးနည်းများ
Software နဲ့စစ်ပြီး Error တွေ့ရင် (သို့) Software နဲ့မစစ်ခင်မှာ ဒီအဆင့်တွေ လုပ်ကြည့်နိုင်ပါတယ်။


1️⃣. RAM ချောင်းကို ပြန်လည်တပ်ဆင်ပါ
ကွန်ပျူတာကို ပိတ်ပြီး Power Cord ကိုဖွင့်ထားပါ။
Case ကိုဖွင့်ပါ။
RAM ချောင်းရဲ့ ဘေးနှစ်ဖက်က ချိတ်တွေကို ဖွင့်လိုက်ပါ။
RAM ချောင်းကို ဖြေးညှင်းစွာ ဆွဲထုတ်လိုက်ပါ။
RAM ချောင်းရဲ့ ချိတ်နေတဲ့ နေရာ (Connector) နဲ့ Motherboard ပေါ်က RAM Slot ကို သန့်ရှင်းရေးလုပ်ပါ (သန့်စင်ဆေးရည်သုံးပြီး ဂရုတစိုက်သန့်စင်ပါ)။
RAM ချောင်းကို မူလအတိုင်း Slot ထဲ ပြန်သွင်းပါ။ ချိတ်တွေ ပိတ်သွားတဲ့အထိ ညှပ်ပြီး အားစိုက်နှိပ်ပေးပါ။

2️⃣. RAM ချောင်းတွေ လဲလှယ်စစ်ဆေးပါ
RAM ချောင်း တစ်ချောင်းထက်ပိုရှိရင်၊ ချောင်းတိုင်းကို တစ်ချောင်းချင်းစီထုတ်ပြီး ကွန်ပျူတာစမ်းဖွင့်ကြည့်ပါ။
ဥပမာ – RAM နှစ်ချောင်းရှိရင်၊ တစ်ချောင်းကိုထုတ်၊ ကျန်တစ်ချောင်းနဲ့စမ်း။ ပြီးရင် နောက်တစ်ချောင်းကို ထုတ်၊ ဒီတစ်ချောင်းနဲ့ပဲ ထပ်စမ်း။
အကယ်၍ RAM တစ်ချောင်းတည်းနဲ့ စက်ကောင်းကောင်းမွန်မွန် အလုပ်လုပ်နေရင်၊ ကျန်တဲ့တစ်ချောင်းက ပျက်နေတာဖြစ်ဖို့များပါတယ်။

အခြားရိုးရှင်းတဲ့နည်းလမ်း

Task Manager ဖွင့်ပါ (Ctrl + Shift + Esc)။
Performance Tab ကိုသွားပါ။
ဘယ်ဘက်မှာ Memory ကိုရွေးပါ။
ညာဘက်အောက်ခြေမှာ Slots used: ဆိုတာကို ကြည့်ပါ။ ဥပမာ သင့်မှာ RAM နှစ်ချောင်းရှိရင် “2 of 4” ဆိုပြီးပြရင် Motherboard က RAM နှစ်ချောင်းကို မြင်နေတယ်ဆိုတဲ့ သဘောပါ။ တစ်ချောင်းပဲပြနေရင် တစ်ချောင်း မတပ်မိတာ (သို့) ပျက်နေတာ ဖြစ်နိုင်ပါတယ်။

အနှစ်ချုပ် 📌

အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်း – Windows Memory Diagnostics Tool
အတိကျဆုံးနဲ့ စုံစုံလင်လင်ဆုံးနည်း – MemTest86
ရုပ်ပိုင်းဆိုင်ရာ ပြဿနာ ရှာဖွေရန် RAM ချောင်းများကို ပြန်လည်တပ်ဆင်ခြင်း/လဲလှယ်စစ်ဆေးခြင်း
RAM စစ်ဆေးပြီး Error တွေ့ရှိရင် သင့်ရဲ့ RAM ကို အသစ်လဲလှယ်ဖို့ လိုအပ်ပါပြီ။

Source : 𝑷𝑬𝑪 𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈

👁️ ဖတ်ရှုပြီးမှုကြိမ်ရေ: ၃၅

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *