Desktop နှင့် Laptop ဘာတွေကွာခြားလဲ?

Desktop နှင့် Laptop ဘာတွေကွာခြားလဲ?

Desktop နှင့် Laptop ဘာတွေကွာခြားလဲ?

*******

ကွန်ပျူတာအသုံးပြုနေတဲ့သူတွေကြားထဲမှာ Desktop User နဲ့ Laptop User တွေအနေနဲ့ ဘယ်ဟာကပိုကောင်းတယ်ဆိုတာ အခုအချိန်ထိငြင်းခုန်နေကြပါတယ်။ ဒီနေ့မှာတော့ ဘယ်သူပိုကောင်းတယ်ဆိုတာထက် ဘာတွေကွာခြားသွားလဲဆိုတာကို အချက်လေးတွေနဲ့ ဒီနေ့မှာပြောပြပေးသွားမှာဖြစ်ပါတယ်။

ကုန်ကျစရိတ်

****

ကုန်ကျစရိတ်ပိုင်းမှာတော့ Desktop နဲ့ Laptop ဟာ စျေးနှုန်းကွာဟချက် အရမ်းကြီးမရှိဘဲ Desktop ရဲ့ အဓိကသာတဲ့အချက်က ကိုယ့်သုံးမဲ့ Performance ကိုချိန်ဆပြီး Hardware ပိုင်းကိုစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

ရုံးသုံး၊ အိမ်သုံးဖို့အတွက် ကွန်ပျူတာတစ်လုံးကို (CPU- i3, Ram – 4GB, HDD 1TB, . . .)ဆို ရပါတယ်။ ဒါပေမဲ့ Performance ပိုင်းမြင့်မားတဲ့ ကွန်ပျူတာတစ်လုံးကိုလိုချင်တယ်ဆိုရင်တော့ Desktop က Laptop ထက် အနည်းငယ်စျေးနှုန်းသက်သာပါတယ်။ Desktop က ကွန်ပျူတာတစ်လုံးကို စိတ်ကြိုက် Processor, GPU စတဲ့ Hardware တွေနဲ့ဖွဲ့စည်းနိုင်ပြီး Hardware တွေကလည်း Brand ပေါ်မူတည်ပြီး စျေးနှုန်းကိုချိန်ဆနိုင်တာကြောင့် Hardware ပိုင်း Build-in ပါတဲ့ Laptop ထက် စျေးနှုန်းပိုသက်သာရတာပဲဖြစ်ပါတယ်။

စွမ်းဆောင်ရည်

*****

Desktop နဲ့ Laptop ကို စွမ်းဆောင်ရည်ပိုင်းယှဉ်မယ်ဆိုရင် Desktop က အသာရတယ်လို့ပဲပြောချင်ပါတယ်။ Processor, GPU, Ram တူညီတဲ့ Desktop နဲ့ Laptop ကို ယှဉ်ပြီးအသုံးပြုတဲ့အခါမှာ Desktop က Laptop ထက် ပိုမိုမြန်ဆန်ပြီး စက်ထစ်တာတို့ကိုလည်း မဖြစ်စေပါဘူး။ အခုလိုဖြစ်ရတဲ့ အဓိကအချက်ကတော့ အပူထိန်းချုပ်နိုင်မှုပဲဖြစ်ပါတယ်။ Laptop တွေမှာ fan အရေအတွက် အကန့်အသတ်နှင့်ပါဝင်တာကြောင့် အသုံးပြုချိန်ကြာလာတာနှင့်အမျှ CPU ကထုတ်လွှတ်တဲ့ အပူနှုန်းကို fan က ကောင်းမွန်စွာ မထိန်းချုပ်နိုင်တာကြောင့် စက်ထစ်တာတွေ ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ Desktop တွေဟာ Laptop တွေမှာလို fan ကိုအကန့်အသတ်နဲ့ထားရှိတာမျိုးမဟုတ်ဘဲ မိမိစိတ်ကြိုက် fan ကိုတပ်ဆင်အသုံးပြုနိုင်တာကြောင့် CPU ရဲ့ထုတ်လွှတ်တဲ့ အပူနှုန်းကိုကောင်းမွန်စွာ ထိန်းချုပ်နိုင်တာပဲဖြစ်ပါတယ်။

Hardware ပိုင်း

*****

Desktop တွေရဲ့ အဓိက အားသာချက်က Hardware ပိုင်း (Processor, GPU, Ram, HDD) ကို စိတ်ကြိုက် Upgrade မြှင့်နိုင်တာပဲဖြစ်ပါတယ်။ Laptop တစ်လုံးကို Desktop တစ်လုံးမှာလို Hardware ပိုင်းကို စိတ်ကြိုက် Upgrade လုပ်နိုင်မှာမဟုတ်ဘဲ Ram, HDD တွေကိုပဲ Upgrade လုပ်နိုင်မှာဖြစ်ပါတယ်။ Laptop တစ်လုံးမှာ Build-in ပါဝင်တဲ့ Processor နှင့် GPU တွေကို Upgrade လုပ်လို့ရမှာမဟုတ်ပါဘူး။

ပါဝါအသုံးပြုမှု

******

Desktop တွေက ပါဝါအသုံးပြုမှုနှုန်းမှာ Laptop တွေထက် ပိုပြီးများပါတယ်။ Desktop တွေမှာ Battery မရှိတာကြောင့် Wattage အားများတဲ့ Power Supply တွေကို UPS တွေနဲ့ တွဲဖက်အသုံးပြုရပြီး Power Supply မှတစ်ဆင့် Motherboard, HDD . . စတဲ့ Hardware ပိုင်းတွေကို ပါဝါပြန်လွှတ်ပါတယ်။ (Power Supply ကထုတ်လွှတ်တဲ့ Watt နဲ့လိုက်ဖက်မဲ့ Motherboard တွေကိုအသုံးပြုဖို့လိုအပ်ပြီး Power Supply ကထုတ်တဲ့ Watt ကအရမ်းများနေရင်လည်း သင့်ကွန်ပျူတာရဲ့ Motherboard ကိုပျက်စီးစေပါတယ်။) Laptop တွေမှာတော့ Battery ပါတာကြောင့် အားကုန်သွားချိန်မှာ အလွယ်တကူအားပြန်သွင်းနိုင်ပြီး ကွန်ပျူတာနဲ့လိုက်ဖက်မဲ့ Watt ကိုအသုံးပြုထားတာကြောင့် ဒီအချက်မှာတော့ Laptop က Desktop ကိုအသာရပါတယ်။

သယ်ဆောင်ရလွယ်ကူမှု

******

Laptop တွေက ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူတာကြောင့် သွားလေရာကို အလွယ်တကူယူသွားနိုင်ပါတယ်။ Desktop တွေကတော့ နေရာပြောင်းရွှေ့မယ်ဆိုရင် Casing၊ Monitor, UPS တွေကိုသယ်ရမှာဖြစ်ပြီး အိမ် (သို့) ရုံးမှာပဲ အထိုင်ချပြီးအသုံးပြုတာ အသင့်တော်ဆုံးဖြစ်ပါတယ်။ ဒီအချက်မှာတော့ Laptop က Desktop ကို အပြတ်အသတ်အသာရပါတယ်။

ပြန်လည်ပြုပြင်နိုင်မှု

*****

Laptop တွေမှာ Error တစ်ခုခုဖြစ်ခဲ့ရင် Service ပို့ရတာများပါတယ်။ ဘာလို့လဲဆိုတော့ Laptop တိုင်းနီးပါးမှာ စက်ဖွင့်ရင် Warranty ပျက်တယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့်ပဲဖြစ်ပါတယ်။ ပြီးတော့ အထဲမှာပါတဲ့အစိတ်အပိုင်းတွေက သာမန်အသုံးပြုသူတွေ ကိုယ်တိုင်ဖြုတ်,တပ်လို့ အဆင်မပြေနိုင်တဲ့ ပုံစံမျိုးဖြစ်လို့ပါ။ Desktop မှာတော့ Error တက်ရင် Casing ကိုအလွယ်တကူဖွင့်ကာ Error တက်တဲ့အပိုင်းကိုရှာဖွေလို့ရပြီး အလွယ်တကူဖြုတ်လဲနိုင်ပါတယ်။ ဥပမာ စက်ဖွင့်လိုက်တာနဲ့ ပါဝါက ပွင့်လိုက်, ပိတ်လိုက် ဖြစ်နေပြီဆိုရင် အများအားဖြင့် Casing ကိုဖွင့်ပြီး RAM ကိုဖြုတ်၊ ကြေးပြားလေးကို သန့်ရှင်းရေးလုပ်ပြီး ပြန်တပ်လိုက်ရုံနဲ့ ကိုယ်တိုင်ပြင်ဆင်နိုင်ကြပါတယ်။

Features စုံလင်

*****

နောက်ဆုံးပေါ် Features တွေကို Laptop တွေမှာသာ ဦးစွာပါဝင်လေ့ရှိပြီး ဒီအချက်မှာတော့ Desktop တွေက Laptop တွေထက် နောက်မှာကျန်နေခဲ့တဲ့အချက်ပဲဖြစ်ပါတယ်။ Security ပိုင်း Features တွေဖြစ်တဲ့ Fingerprint, Face Recognize စတဲ့ Features တွေကို Laptop တွေမှာပဲ တွေ့ရပါတယ်။ (Desktop တွေမှာ Fingerprint ကို USB နဲ့တွဲပြီး အသုံးပြုလို့ရတဲ့ Fingerprint Scanner လေးတွေရှိနေပါပြီ။) အဲ့တာအပြင် နောက်ပိုင်းထွက်တဲ့ Laptop တွေတိုင်းမှာ Window License တွေပါဝင်လာပြီး Desktop တွေမှာတော့ Window License မပါဝင်ပါဘူး။

အခု ပြောပြလိုက်တဲ့အချက်လေးတွေက Desktop နဲ့ Laptop တွေ အဓိကကွာခြားတဲ့အချက်လေးတွေဖြစ်ပြီး အားလုံးလဲနားလည်ကြမယ်လို့ထင်ပါတယ်။ Desktop မှာရော Laptop မှာပါ ကောင်းတဲ့အချက်တွေရော၊ မကောင်းတဲ့အချက်တွေရော ကိုယ်စီရှိကြပြီး ဘယ်ဟာပိုကောင်းတယ်ဆိုတာထက် ကိုယ်နဲ့ဘယ်အရာက ပိုသင့်တော်တယ်ဆိုတာကို အကောင်းဆုံးရွေးချယ်တတ်ဖို့ အကြံပြုလိုက်ပါတယ်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *