
Laptop တွေမှာ အဖြစ်အများဆုံးပြဿနာကိုပြောရမယ်ဆိုရင် Wi-Fi ချိတ်ထားပြီးတော့ အင်တာနက်သုံးမရတာပဲ။ နည်းပညာကျွမ်းကျင်သူတွေအနေနဲ့ သိပ်ပြီးကိစ္စမရှိပေမဲ့ သာမန်သူတွေအတွက်ဆိုရင် ဘာလုပ်ရမယ်မသိတော့ဘူး။ ပြင်ဆိုင်ကိုသွားပြရင်လည်း အနည်းဆုံး ၅,၀၀၀ လောက်ကုန်ဦးမယ်။ ဒီတော့ ဒီပြဿနာဖြေရှင်းနည်းကို ဖော်ပြလိုက်ပါတယ်။
Wi-Fi ကို Forget လုပ်ပြီးပြန်ချိတ်ပါ

- Start > Settings > Network & Internet > Wi-Fi သွားပါ
- Manage known networks ကိုနှိပ်ပါ
- ချိတ်ထားတဲ့ Wi-Fi ကို Forget လုပ်ပါ
- ပြန်ချိတ်ပြီး password ထည့်ပါ
အပေါ်ကနည်းနဲ့ အဆင်မပြေသေးဘူးဆိုရင် CMD နဲ့ IP & DNS ပြန် Reset လုပ်နိုင်ပါတယ်။
- Start Menu မှာ cmd ရိုက်ပါ
- Command Prompt ကို Right-click → Run as Administrator
- အောက်ပါအတိုင်း ရိုက်ထည့်ပါ။ တစ်ကြောင်းစီရိုက်ပြီးတိုင်း “Enter” ခေါက်ရမှာပါ။
netsh winsock reset
netsh int ip reset
ipconfig /release
ipconfig /renew
ipconfig /flushdns
ပြီးတဲ့နောက် ကွန်ပျူတာကို Restart လုပ်ပါ။ အထက်ပါနည်းအတိုင်းလုပ်လိုက်ရင် အဆင်ပြေသွားတာများပါတယ်။ အကယ်၍ အဆင်မပြေသေးဘူးဆိုရင် အောက်ပါနည်းလမ်းကို အသုံးပြုပြီး ဖြေရှင်းနိုင်ပါသေးတယ်။
DNS Server ကို Manual ပြောင်းခြင်း
- Control Panel > Network and Sharing Center > Change adapter settings သွားပါ
- Wi-Fi ကို Right-click → Properties
- “Internet Protocol Version 4 (TCP/IPv4)” ကို နှိပ်ပါ
- “Use the following DNS server addresses” ကိုရွေးပါ
- Preferred DNS: 8.8.8.8
- Alternate DNS: 8.8.4.4
- OK → Close → Restart
Troubleshoot Tool ကိုအသုံးပြုခြင်း
Settings > Network & Internet > Status
“Network Troubleshooter” ကို run လုပ်ပါ
→ Windows က ပြဿနာကိုစစ်ပြီး auto ဖြေရှင်းပေးနိုင်ပါတယ်။