
၁။ ကွန်ပျူတာကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပါ။
ကွန်ပျူတာဝယ်တဲ့ တစ်ခါတစ်လေ Blower အသေးလေးတွေကို ဆိုင်တွေက ပေးတက်ပါတယ်။
တကယ်လို့ မပေးဘူးဆိုရင် ကိုယ့်ဘာသာ ဝယ်ထားလိုက်ပါ။ ဈေးက ဘယ်လောက်မှ မပေးရဘူး။ Desktop ဆိုရင် ကိုယ့်ဘာသာ System Unit ဘေးနားမှာ ရှိတဲ့ အဖုံးလေးကို ဖွင့်ပြီး အထဲမှာ ရှိတဲ့ ဖုန်တွေ၊ ပင့်ကူအိမ် တွေကို သန့်ရှင်းရေးလုပ်ပါ၊ (ကွန်ပျူတာတော့ ပိတ်ထားနော်)
Laptop ရှိတဲ့သူတွေကတော့ ဆိုင်မှာသွားလုပ်တာ ပိုကောင်းပါတယ်။ ကိုယ့်ဘာသာလုပ်ရင် နည်းနည်း အန္တရာယ်များလို့ပါ။ အရမ်းကြီး ခက်ခဲတာမျိုး မဟုတ်ပေမဲ့ လုပ်နေကြမဟုတ်ဘဲ သွားလုပ်မိရင် အထဲမှာရှိနေတဲ့ ကလစ်လေးတွေ ကျိုးသွားမှာ ဆိုးလို့ပါ။ Desktop ဆိုရင် ၆-လ တစ်ခါလောက် သန့်ရှင်းရေးလုပ်သင့်ပြီး Laptop ဆိုရင် တစ်နှစ်တစ်ခါလောက် လုပ်သင့်ပါတယ်။
၂။ ကွန်ပျူတာဘေးနားမှာ အစားအသောက်တွေ မစားပါနဲ့။
အဲ့လိုသာ ပြောရတာပါ၊ ကျွန်တော်ကိုယ်တိုင်လည်း ကွန်ပျူတာဘေးနားမှာဘဲ အမြဲတမ်း ကော်ဖီခွက်ရှိတယ်၊ အအေးဗူးရှိတယ်၊ ထမင်းစားချိန်ဆို ထမင်းပန်ကန်ရှိတယ်။ ကိုယ်တိုင်လည်း ကွန်ပျူတာပေါ် မကြာခဏ မှောက်ကြတယ်။ ပျက်ပေါင်းလည်း မနည်းဘူး။ ပိုက်ဆံကုန်ပေါင်းလည်း မနည်းဘူး။ အဲ့တာကြောင့် တက်နိင်သလောက် ကွန်ပျူတာဘေးနားမှာ အစားအသောက်တွေ စားခြင်းကို ရှောင်ကြည်ပါဗျာ။ မဖြစ်ရင်တော့ ကိစ္စမရှိဘူး။ ဖြစ်သွားရင် ပိုက်ဆံကုန်ပေါက်တွေပါ။
၃။ ကွန်ပျူတာကို ပိတ်ရင် စနစ်တကျ ပိတ်ပါ။
ဒီလို ပြောလို့လည်း ကြီးကြီးကျယ်ကျယ် လုပ်ဖို့မလိုပါဘူး။ ဘယ်လိုပိတ်ရမလဲ ဆိုရင် အရင်ဆုံး အနေနဲ့ ဖွင့်ထားတဲ့ Program တွေကို အရင်ပိတ်ပါ။ ပြီးမှ Start ထဲမှာ Shutdown ကိုနှိပ်ပြီး ပိတ်ပါ။ တချို့က အဲ့လို မဟုတ်ဘူး။ ဂိမ်းဆော့နေရင်း ရှုံးလာရင် တစ်ခါထဲ Shutdown တာတွေ ရှိတယ်။ တစ်ခါတစ်လေ ပြသာနာ မရှိပေမယ့် ရေရှည်မှာ မလုပ်သင့်ပါဘူး။
၄။ တချိန်လုံး အားသွင်းကြိုးတန်းလန်း မထားပါနဲ့။
ဒီအချက်လေးက အတော်ကို သတိထားသင့်တဲ့ အချက်ပါ၊ အလုပ်လုပ်နေတဲ့အချိန် အားသွင်းကြိုးတပ်ထားတာ ပြဿနာမဟုတ်ပေမဲ့ အလုပ်မလုပ်တော့ဘူး ဆိုရင် အားသွင်းကြိုးလေး ဖြုတ်ထားတာပိုကောင်းပါတယ်။ တစ်ခါတစ်လေ ပူပြီး မီးလောင်တက်ပါတယ်။ အဖြစ်နည်းတယ်ဆိုပေမယ့်လည်း သတိထားသင့်ပါတယ်။ အကောင်းဆုံးကတော့ ဘတ္ထရီအား ၂၀ လောက်မှာ အားစသွင်းပြီးတော့ ၉၀ လောက်မှာကြိုးပြန်ဖြုတ်ထားလိုက်ပြီး အသုံးပြုတာပါပဲ။ တချို့က ဒီလိုမဟုတ်ဘူး။ အားပြည့်နေလည်း အားဆက်သွင်းထားကြတယ်။ ဒါက Battery Life သက်တမ်းတိုစေပါတယ်။
၅။ ဆော့ဖ်ဝဲပိုင်းတွေကို ပုံမှန်ထိန်းသိမ်းပါ။
Update လုပ်သင့်တဲ့ Software တွေကို Update လုပ်ပါ၊ တစ်ခုရှိတာက License Software တွေမဟုတ်ဘဲ Crack/ Repack တို့လိုဆိုရင် Version အသစ်ရနိုင်မှသာလုပ်ပါ။ တခြားအရေးကြီးဟာက Anti Virus လိုဟာမျိုးတွေ ၊ Windows Defender လိုဟာမျိုးတွေက ပုံမှန် Update လုပ်သင့်ပါတယ်။ ပြီးတော့ Hard Disk ကို Disk Cleanup တို့ Disk Defragment တို့ လုပ်ပေးပါ၊ ဒါပေမဲ့ SSD ဆိုရင်တော့ Disk Defragment လုပ်ပေးစရာမလိုပါ။