Computer မှာပြဿနာတွေကို ဘယ်လို ကာကွယ်ရမလဲ

Computer မှာပြဿနာတွေကို ဘယ်လို ကာကွယ်ရမလဲ

Computer မှာပြဿနာတွေကို ဘယ်လို ကာကွယ်ရမလဲ🤷‍♂️🤷

🛡Antivirus Program ကောင်းကောင်းတစ်ခုကို အသုံးပြုပါ။
ဒါဟာ ကြိုတင်ပြုပြင်ထိန်းသိမ်းခြင်းလမ်းစဉ်မှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ Antivirus Program ကို တင်ရုံမျှနဲ့ မလုံလောက်သေးပါဘူး။ ဒါတွေကို ဆက်လုပ်ဖို့လိုပါတယ်။ Update မှန်မှန်လုပ်ဖို့လိုပါတယ်။ ပုံမှန် Full system scan လုပ်ဖို့လိုပါတယ်။ Virus Definition နေ့စွဲများကို စစ်ဆေးပြီး အဲဒါတွေဟာ Update to date ဖြစ်နေသလား စစ်ဆေးဖို့လိုပါတယ်။ Antivirus ဆိုတဲ့နေရာမှာ လူသုံးအများဆုံးနဲ့ အကောင်းဆုံးကတော့ Kaspersky “ကပ်စ်ပါစကီး” ပါပဲ။ ဒါက ကျွန်တော့် personal အမြင်အရ သတ်မှတ်ချက်တစ်ခုသာ ဖြစ်ပါတယ်။ ဒီနာမည်ဟာ မြန်မာတွေအတွက်လည်း သိပ်ကိုရင်းနှီးတဲ့နာမည်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူက အနည်းငယ်လေးတဲ့အတွက် Laptop အနိမ့်တွေမှာဆိုရင် မသုံးသင့်ပါဘူး။ အဲဒီအစား ESET NOD32 , McAfee တို့လို ပေါ့ပေါ့ပါးပါးပဲ သုံးပါ။

🛡Windows Updates များကို ပုံမှန်ဒေါင်းလုတ်လုပ်ပြီး Install ပြုလုပ်ပါ။
Windows updates များမှာ Bugs များကို ပြုပြင်ဖာထေးဖို့ operating system patches များနဲ့အတူ လုံခြုံရေးဆိုင်ရာတိုးမြှင့်မှုများလည်း ပါဝင်လေ့ရှိပါတယ်။ ဒီ Patches များဟာ ကွန်ပျူတာ ပြဿနာများကို လျှော့ချနိုင်စွမ်းရှိပါတယ်။

🛡Anti-spyware program တစ်ခုအသုံးပြုပြီး Spyware များရန်မှ ကာကွယ်ပါ။
Anti-virus များလိုပဲ ပုံမှန် Update ပြုလုပ်ပေးဖို့လိုပါတယ်။

🛡Personal Firewall တစ်ခုအသုံးပြုပါ။
ဒီကနေ့ခေတ် Antivirus program အများစုဟာ Personal Firewall တစ်ခု တွဲလျက်ပါရှိတတ်ပါတယ်။ Personal firewall ဟာ သင့်ကွန်ပျူတာနဲ့ ပြင်ပကမ္ဘာအကြား ကြားခံဆက်သွယ်ပေးမှာဖြစ်ပါတယ်။ သင့်ကွန်ပျူတာကို Hackers and Spyware tools များဘေးရန်မှ ကာကွယ်တားဆီးပေးပါလိမ့်မယ်။

🛡အင်တာနက်ကနေ ကိုယ်မသိတဲ့ ဆောဖ့်ဝဲများကို ဒေါင်းလုတ်ယူပြီး အသုံးမပြုပါနှင့်။
ဒါဟာ ကွန်ပျူတာ အသုံးပြုသူအများစု ပြုလုပ်လေ့ရှိတဲ့ အမှားကြီးတစ်ခုဖြစ်ပါတယ်။ အချို့ဆော့ဖ်ဝဲများဟာ Registry ကို အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်သလို အခြားပြဿနာများစွာကိုလည်း ဖြစ်စေနိုင်ပါတယ်။

🛡အသုံးမပြုတော့တဲ့ Program များကို ဖြုတ်ချပစ်ပါ။
🛡️အင်တာနက်မှ သီချင်းဖိုင်များကို ဒေါင်းလုတ်ယူမယ်ဆိုရင်လဲ လုံခြုံစိတ်ချရတဲ့ Website ဟုတ်မဟုတ်ဆိုတာကို အမြဲသတိပြုစစ်ဆေးပါ။

🛡Hard drive များကို Scan disk ဖြင့်ပုံမှန်စစ်ဆေးပါ။
🛡Temporary Internet files များကို ပုံမှန်ဖျက်ပါ။

👁️ ဖတ်ရှုပြီးမှုကြိမ်ရေ: ၂၄

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *