ဓာတ်ပုံရိုက်တာကို ဝါသနာပါတဲ့သူတွေ သို့မဟုတ် Professional Photographer တွေအကြားမှာ မသိသူမရှိသလောက် ရေပန်းစားလှတဲ့ Capture One အကြောင်းကို ပြောပြပေးချင်ပါတယ်။
အထူးသဖြင့် ဓာတ်ပုံတွေရဲ့ Color Grading (အရောင်ပြင်ဆင်ခြင်း) နဲ့ RAW Image Processing မှာ Lightroom ထက်တောင် ပိုပြီးအသေးစိတ်ကျကျ ပြင်ဆင်နိုင်တာကြောင့် Professional တွေကြားမှာ အရမ်းလူကြိုက်များတဲ့ Software တစ်ခုဖြစ်ပါတယ်။
အကျဉ်းချုပ်ပြောရရင် Capture One ဆိုတာ စတူဒီယိုထဲမှာ ရိုက်ကူးရေးလုပ်တာပဲဖြစ်ဖြစ်၊ အပြင်ထွက် ပုံရိုက်တာပဲဖြစ်ဖြစ် Desktop, Mobile နဲ့ Cloud စနစ် ၃ ခုကို ချိတ်ဆက်ပြီး ဓာတ်ပုံတွေကို စနစ်တကျနဲ့ Professional အဆင့်အထိ ပြင်ဆင်ဖန်တီးနိုင်တဲ့ ဓာတ်ပုံပြင် Software ပဲ ဖြစ်ပါတယ်။
အခုတင်ပေးလိုက်တာကတော့ Mac OS အသုံးပြုသူတွေအတွက်ဖြစ်ပါတယ်။ Install လုပ်ရတာက အရမ်းလွယ်ပါတယ်။ Download ရလာတဲ့ဖိုင်ကို Click ၂ ချက်ခေါက်ပြီးဖွင့်လိုက်ပါ။ ပေါ်လာတဲ့ Pop Up Windows မှာ applications folder ထဲကို Capture One ဆွဲထည့်လိုက်ပြီး ခဏေစာင့်လိုက်ရုံပါပဲ။