Windows, Ubuntu နဲ့ MacOS ဘာတွေကွာခြားလဲဆိုတာနဲ့ Programmer တစ်ယောက်အတွက် ဘယ် OS System ကအကောင်းဆုံးဖြစ်မလဲဆိုတာပြောပြပေးလိုက်ပါတယ်။ OS System တွေကို latest version တွေနဲ့ယှဥ်ပြပေးပါမယ်။
Windows 11 ကသိပ်မကြာခင်ကပဲထွက်ခဲ့တယ်။ ပြီးတော့ Windows 10 Licensed version သုံးသူတွေအတွက် အလကားပေးတာဆိုတော့ Windows User တွေတော်တော်များများ Windows 11 တွေဖြစ်လောက်ပြီထင်ပါတယ်။
❗Storage Capacity
Windows 11 —> 64GB
Ubuntu —> 2GB
MacOS —> 15GB
✅OS system အတွက်လိုအပ်တဲ့ Storage ကိုကြည့်ရင်တော့ Ubuntu ကအများကြီးသက်သာပါတယ်။ 2 GB space ပဲလိုအပ်တဲ့အတွက် Windows နဲ့ယှဥ်လိုက်ရင်အပြတ်အသတ်ကိုကွာနေပါတယ်။ MacOS ကတော့ ဒုတိယမြောက်အနေနဲ့ 15 GB လောက်ပဲလိုပါတယ်။ Windows ကတော့မလိုအပ်တဲ့ File တွေနဲ့ပြည့်နေတာလို့ပြောလို့ရပါတယ်။
❗Price
Windows 11 —> $139 (Home Single)
Ubuntu —> Open Source (Free)
MacOS —> Not for Sell
✅Windows 11 က Windows 10 Licensed တွေအတွက် Free ဆိုပေမဲ့ Licensed version အတွက် ကုန်ကျစရိတ်တစ်ခါတည်းယူထားတာနဲ့အတူတူပါပဲ။
Ubuntu ကတော့ Open source ဖြစ်တဲ့အတွက် အလကားပါပဲ။ MacOS ကတော့သပ်သပ်မရောင်းပါဘူး MacBook တစ်ခုတည်းမှာပါတာပါ။ ဈေးနှုန်းမရမကတွက်ချင်တယ်ဆိုရင်တော့ Windows Computer နဲ့ MacBook ပါဝင်တဲ့ Features တွေအကုန်အတူတူဖြစ်တဲ့ Computer စျေးနှုန်းနှစ်ခုကိုပြန်ယှဥ်လိုက်ရင် MacBook က $600 ကျော်ပိုများပါတယ်။
❗Reliability
Windows 11 —> Virus can Easily Attack
Ubuntu —> No virus can’t survive (Very Safe)
MacOS —> Not safe
✅Ubuntu ထဲမှာဆိုရင်တော့ ဘယ်လို Virus မှအလုပ်မလုပ်နိုင်ပါဘူး Linux က Security ဘက်ကိုအရမ်းအားကောင်းအောင်လုပ်ထားလို့ပါ။ Windows ထဲမှာဆိုရင်တော့ဘာမှမဟုတ်တဲ့ Virus သေးသေးလေးတောင် အလုပ်လုပ်နိုင်ပါတယ်။ MacOS မှာတော့ Virus အသေးစားလေးတွေအလုပ်မလုပ်နိုင်ပေမဲ့လို့ တကယ့် Attacking လုပ်တဲ့ Virus တွေကျရင်ဘာမှမလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် Windows နဲ့ MacOS သုံးတဲ့သူတွေ Firewall တစ်ခုခုခံထားသင့်ပါတယ်။
❗Handling
Windows 11 —> Anyone can use (So Easy)
Ubuntu —> Need to learn lots of commands
MacOS —> So Easy
✅User အသုံးပြုဖို့ခက်ခဲခြင်း မခက်ခဲခြင်းမှာတော့ Windows နဲ့ MacOS ကတော်တော်လေးလွယ်ကူပါတယ်။ Windows ကတော့ဒီနေရာမှာအလွယ်ဆုံးလို့ပြောလို့ရပါတယ်။ Ubuntu ကတော့သုံးဖို့အတွက်အရင်သင်ရပါအုံးမယ် ကျန်တဲ့ OS system တွေနဲ့ကွာခြားပါတယ်။ File တစ်ခုခု install လုပ်တာကအစ commands line ကပဲလုပ်ရတာဆိုတော့ အရင်သင်ရပါလိမ့်မယ်။
❗Deep Handling
Windows 11 —> Not very Easy
Ubuntu —> Easy
MacOS —> Not very Easy
✅ဒီအပိုင်းကတော့ Computer ကိုအပေါ်ယံသုံးသလို Excel ဘာညာမဟုတ်ပဲ Computer ရဲ့ Setting System သဘောမျိုးပဲဖြစ်ပါတယ်။ Windows မှာ Error တက်နေတဲ့အခါမျိုး ပြဿနာဖြေရှင်းဖို့ပေါ်လာတဲ့ Settings တွေကိုကြည့်ပြီးနားမလည်တာမျိုးဖြစ်နေတာရှိဖူးမှာပါ။ အဲ့လိုကိစ္စမျိုးတွေကိုကိုင်တွယ်ဖြေရှင်းရတဲ့အပိုင်းပဲဖြစ်ပါတယ်။ ဒီအပိုင်းကတော့ လေ့လာဖို့လိုအပ်ပါတယ် မသိပဲထင်ရာလျှောက်လုပ်ရင်အန္တရာယ်များပါတယ်။ Ubuntu မှာတော့ဒီလိုကိစ္စမျိုးကလွယ်သင့်သလောက်လွယ်ပြီးတော့ Windows နဲ့ MacOS မှာတော့ထင်သလောက္မလွယ်ကူပါဘူး။
❗Purposes
Windows 11 —> For Everything
Ubuntu —> Programming and workspace
MacOS —> For Everything
✅OS system တွေရဲ့ဦးစားပေးတဲ့ User အတွက်အသုံးပြုပုံအပိုင်းမှာတော့ Windows နဲ့ MacOS က အကုန်လုံးအတွက်ပါပဲ Design, Drawing, Programming, Gaming စသဖြင့်အကုန်ပါပဲ။ Ubuntu ကတော့ Programming နဲ့ coding နဲ့ဆိုင်တဲ့အလုပ်အတွက်အဓိကထားထားတာပါ။ Ubuntu သုံးပြီး Game ဆော့နေလို့မရပါဘူး။ Programming အပိုင်းမှာတော့ Ubuntu ကအဆင်အပြေဆုံးဖြစ်ပါတယ် Ubuntu ရဲ့အဓိကဦးစားပေးကလည်းအဲ့ဒါပါပဲ။
❗Update Come Out
Windows 11 —> Once per day
Ubuntu —> Once every 6 months
MacOS —> Once every 7 days
✅Update အပိုင်းမှာတော့ Windows ကတော်တော်ဆိုးတာသိကြမှာပါ ခဏခဏ update လာပါတယ် Update ကတားလို့မရတဲ့အပြင် အများဆုံးတားနိုင်တာ တစ်လခွဲပဲရှိပါတယ်။ Windows က တစ်နေ့ကိုတစ်ခါ Update လုပ်ပြီး တစ်ပတ်လောက်နေတော့မှစုထားတဲ့ Update တွေကို Install လုပ်ပါတယ်။ User တောင် update လုပ်နေတာမသိလိုက်ပါဘူး။ Update အများစုကလည်းလူမလိုတဲ့ Features တွေပါပဲ။ MacOS ကတော့ Windows ထက်စာရင်တော်သေးတယ်လို့ပြောရပါမယ် တစ်ပတ်တစ်ခါ Update စစ်ဆေးပါတယ်။ Update ကိုလည်းတားလို့ရပါတယ်။ Ubuntu ကတော့ 6 လတစ်ခါမှ Update စစ်ဆေးပါတယ် Update မလုပ်ချင်ရင်လည်း တားထားလို့ရပါတယ်။
❗MS office
Windows 11 —> Excellent
Ubuntu —> Not bad
MacOS —> Good
Win Computer Center, [9/10/2023 9:59 AM]
✅လူသုံးတော်တော်များကြတဲ့ MS Office အပိုင်းမှာတော့ Windows ကတော့အဆင်အပြေဆုံးပါပဲ။ MacOS မှာလည်းကောင်းစွာအလုပ်လုပ်ပါတယ် Windows မှာလောက်တော့ performance သိပ်မကောင်းပါဘူး။ Ubuntu မှာတော့သုံးလို့ရပါတယ် အရမ်းအဆင်ပြေတဲ့ထဲမှာမပါပါဘူး။
❗Browsing
Windows 11 —> Fast
Ubuntu —> Very Fast
MacOS —> Fast
✅Website အတွက် Internet Browsing မှာတော့ Ubuntu ကတခြား OS တွေထက် သိသိသာသာပိုမြန်ပါတယ်။ Windows လည်းမြန်ပါတယ်။ 1 2 3 ခွဲမယ်ဆိုရင် 1 က Ubuntu ဖြစ်ပြီးတော့ 2 က Windows နဲ့ 3 က MacOS ဖြစ်ပါတယ်။
❗System Boot
Windows 11 —> 10 seconds
Ubuntu —> 6 seconds
MacOS —> 12 seconds
✅Computer ဖွင့်လိုက်ရင် OS system တက်လာဖို့ကြာချိန်ပါ။ ဒီနေရာမှာတော့ Ubuntu ကခဏလေးပဲကြာပါတယ်။ Windows နဲ့ MacOS ကပိုကြာပေမဲ့ Seconds အနည်းငယ်ပဲကွာတာဆိုတော့အကုန်အဆင်ပြေပါတယ်။
❗Performance (Ram and Core)
Windows 11 —> Good
Ubuntu —> Better than Windows
MacOS —> Not Very Good
✅Performance အပိုင်းဖြစ်တဲ့ Ram usage သုံးတဲ့အပိုင်းမျိုးမှာတော့ Windows ကအရမ်းကြီးမများပါဘူး။ Ubuntu က Windows ထက်ပိုနည်းပါတယ်။ MacOS ကတော့ Ram usage သိသိသာသာများပါတယ်။
❗Speed
Windows 11 —> Normal
Ubuntu —> So much Fast
MacOS —> Same as Windows
✅Speed အပိုင်းကတော့အရေးကြီးပါတယ်။ Windows နဲ့ MacOS ကတော့အတူတူလောက်နီးပါးပါပဲ။ Ubuntu ကတော့ဒီအပိုင်းမှာ အပြတ်အသတ်ကွာပါတယ်။ File Size အရမ်းကြီးတဲ့ Application မျိုးကိုဖွင့်ရင် Windows မှာကြာလို့စောင့်နေရတာမျိုးတွေရှိပါတယ် Ubuntu မှာတော့ဒါမျိုးလုံးဝမရှိပါဘူး။ Windows System ရှိတဲ့ Drive ထဲမှာတစ်ခုခုရှာရင်အကြာကြီးဖြစ်နေတတ်ပြီး 5 minutes လောက်စောင့်နေရတာမျိုးတွေဖြစ်ဖူးကြမှာပါ အဲ့လိုကိစ္စမျိုးမှာ Ubuntu က result ပြန်လာဖို့ 2 seconds မကြာပါဘူး။ Speed ကအရမ်းကွာအောင်မြန်နေတဲ့အတွက် Windows နဲ့ MacOS မှာ Freeze (unresponsive) ဖြစ်နိုင်ပေမဲ့ Ubuntu မှာတော့ Computer Freeze ဖြစ်သွားတာမျိုးမရှိပါဘူး။
Windows, Ubuntu နဲ့ MacOS တွေရဲ့အရေးကြီးတဲ့ကွာခြားချက်တွေကိုသိရအောင်ပြောပြပေးလိုက်ပါတယ်။ တချို့သိပ်အရေးမပါတာတွေကတော့ချိန်ထားခဲ့ပါတယ်။ တော်တော်များများသိထားသင့်တာဖြစ်တဲ့အတွက် share ပေးခြင်းဖြင့်ကူညီပါ။
Source : Programmer
#jdbkx.com ##Windows11_Ubuntu_MacOS #နည်းပညာဆောင်းပါး #Online #Games #Myanmar #OnlineGamesMyanmar