ကွန်ပျူတာဟာ ခဏတိုင်း Auto Restart ဖြစ်ဖြစ်နေတယ်ဆိုပါတော့ ၊ ဘယ်အကြောင်းအရာတွေကြောင့် ဖြစ်နေရတာလဲဆိုတာ သိချင်လာပါတယ်။
အကြောင်းအရာတွေကတော့
1. ဗိုင်းရပ်(စ်)ကိုက်ခြင်း (Virus Infection)
2. ဆော့ဖ်ဝဲ မကိုက်ခြင်း (Software Incompatible)
3. Registry မှားယွင်းခြင်း (Corrupted registry)
4. BIOS လွဲမှားခြင်း (Incorrect BIOS configuration)
5. System File ပျောက်ပျက်နေခြင်း (Corrupted system files)
6. Motherboard ညစ်ပတ်နေခြင်း (Dust on Motherboard)
7. CMOS Battery အားနည်းနေခြင်း
8. CPU Temperature မြှင့်တက်နေခြင်း (Too much heat/temperature inside CPU box)
9. System Unit အတွင်း ချိတ်ဆက်ကြိုးများ လွတ်နေခြင်း ( Loose Connection of Hardware Cables ) ဆိုပြီးတော့ အချက် ၉ ချက်ရှိပါတယ်။
Auto Restart ဖြစ်စေခြင်း အကြောင်းရာတွေတော့ သိပြီးပြီ။ ဘယ်လိုဖြေရှင်းရင် ရနိုင်မလဲ
1. ဗိုင်းရပ်(စ်)ကိုက်ခြင်း (Virus Infection)
အခုနောက်ပိုင်းမှာတော့ Anti-Virus မနိုင်တဲ့ Virus ဆိုတာ ခပ်ရှားရှားပါပဲ။ အဲဒါကြောင့် မိမိကြိုက်နှစ်သက်သော Anti-Virus ကိုသွင်းပြီး virus definition up-to-date ဖြစ်နေရင် Virus Clean လုပ်လိုက်ရုံနဲ့ auto restart ပြဿနာက ကင်းဝေးသွားမှာပါ။
2. ဆော့ဖ်ဝဲ မကိုက်ညီခြင်း (Software Incompatible)
ကျွန်တော်တို့ နောက်ဆုံးသွင်းခဲ့တဲ့ ဆော့ဖ်ဝဲက support လုပ်မပေးနိုင်လို့ auto restart ပြဿနာကို ဖြစ်ပေါ်စေတာပါပဲ။ ကျွန်တော်တို့ နောက်ဆုံးသွင်းခဲ့တဲ့ ဆော့ဖ်ဝဲကို uninstallation ပြုလုပ်ပေးရုံဖြင့် စိတ်ပူပန်နေရခြင်းမှ ကင်းဝေးသွားစေမှာ ဖြစ်ပါတယ်။
3. Registry မှားယွင်းခြင်း (Corrupted registry)
Registry မှားယွင်းခြင်းကိုတော့ ကျွန်တော်တို့ကိုယ်တိုင် registry ပြုပြင်တာထက် registry cleaner ကိုသုံးတာ ပိုသင့်တော်ပါတယ်။ Registry ဆိုတာက အမှားခံလို့မရတာကြောင့် registry cleaner ကို အသုံးပြုဖို့ တိုက်တွန်းပါရစေ။
4, 5, 6, 7, 8, 9 အချက်တွေကတော့ သာမန် User တစ်ယောက်အတွက် ပြုပြင်ရ ခက်ခဲနေမှာဖြစ်တာကြောင့် မဖော်ပြတော့ပါဘူး။ Hardware ပစ္စည်းတွေကို ကိုင်တွယ်ရာမှာ မလိုအားအပ်တဲ့ ပြဿနာ မဖြစ်စေရန် ငွေကုန်ကြေးကျများတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။
#autorestart #error #computer
Ads
အသေးစိတ်ကို 👉 ဒီမှာ ဖတ်ကြည့်လို့ရပါတယ်။