
ဒီနေ့မှာတော့ ကျွန်တော့်ရဲ့ မိတ်ဆွေများအတွက် Second Laptop တစ်လုံးမဝယ်ခင်မှာ သိထားသင့်တဲ့ အချက် (၁၀) ချက်ကို ပြန်လည်ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
- Know Your Needs
Second Laptop တစ်လုံးမဝယ်ခင်မှာ အရင်ဆုံးသိထားရမှာက ကွန်ပျူတာကို ဘာအသုံးပြုဖို့အတွက်ဝယ်လဲဆိုတာကို သိရန်လိုအပ်ပါတယ်။ ဒါမှသာ မိမိလိုအပ်တာနဲ့ သင့်တော်တာကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဥပမာဆိုရင် မိမိသုံးချင်တဲ့ Application တွေ၊ Ram နှင့် Hard Disk ပမာဏတွေကို ကြိုတင်စဉ်းစားထားဖို့ လိုပါလိမ့်မယ်။ - Inspect the laptop Body
Laptop Body နှင့်ပတ်သတ်ပြီး သေချာ ကြည့်ရှု့ဖို့လိုပါမယ်။ ဥပမာအားဖြင့် Laptop Frame တွေ ပျက်စီးနေတာလား၊ ဖိထားလို့ပိန်နေလား၊ screws တွေ အစုံပါရဲ့လား စတာတွေ ကို သေချာကြည့်ဖို့လိုပါမယ်။ - Check the screen condition
နောက်ထပ် အရေးကြီးတာတစ်ခုကတော့ screen ဖြစ်ပါတယ်။ ဥပမာအားဖြင့် screen တွေသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေလား၊ အရောင်တွေမှန်ရဲ့လား၊ အလင်းအမှောင် စတာတွေကို စစ်ဆေးရပါမယ်။ နောက်တစ်ခုက Video တစ်ခုလောက်ကို ဖွင့်ကြည့်လိုက်ပြီး Screen အပြည့်ပေါ်ရဲ့လား၊ Screen ထောင့်နားတွေ အထိရော မြင်ရရဲ့လား ဆိုတာကို ကြည့်ရှုရပါမယ်။
. - Test the Keyboard and Track pad
Keyboard နဲ့ track-pad ဆိုတာသည် Laptop တစ်လုံးမှာဆိုရင် အများဆုံးအသုံးပြုသော အစိတ်အပိုင်းဖြစ်ပါတယ်။ Desktop တွေမှာဆိုရင် ပြသာနာမရှိပေမဲ့ Laptop မှာဆိုရင် Keyboard လဲဖို့ စျေးနှုန်းအားဖြင့် အကုန်အကျများပါတယ်။ တော်ကြာ ဆင်ဖိုးထက် ချွန်းဖို့ကများနေပါဦးမယ်။ ဥပမာအားဖြင့် – Keyboard မှာပါတဲ့ Key တွေသည် ပျက်စီးနေတာလား၊ စာရိုက်ကြည့်သည့်အခါတွင် သက်တောင့်သက်သာရှိရဲ့လား၊ Key တွေမှန်ရဲ့လား ကြည့်ရပါမယ်။ Track Pad ဆိုရင်လည်း ဘာ gestures တွေလုပ်လဲမေးပါ။ ပြီးရင် စမ်းကြည့်ပါ။ Track Pad မှာပါတဲ့ Key တွေကိုလည်း စစ်ဆေးဖို့မမေ့နဲ့ဦးနော်။ - Test the Port and CD/DVD Drive
Laptop မှာပါတဲ့ Ports တွေကို စမ်းကြည့်ပါ။ ဒါတွေကို ဘာလို့ စစ်ဆေးဖို့ လိုအပ်သလဲဆိုရင် ဒီ Port တွေသည် Motherboard နဲ့ တစ်ခါထဲချိတ်ဆက်ထားတဲ့အတွက် ပျက်နေတယ်ဆိုရင် လဲဖို့အခက်အခဲရှိနိုင်ပါတယ်။ လဲလို့မရဘူးပြောတာ မဟုတ်ဘူးနော်။ USB Ports အကုန်လုံး ကောင်းလား မကောင်းလားကြည့်ပါ။ Headphone Jack တွေ၊ Ethernet Port တွေ၊ HDMI တွေ၊ SD Card Slot တွေ စတဲ့ ရှိရှိသမျှ Port တွေအကုန် စစ်ဆေးပါ။ ဒါ့အပြင် CD/DVD Drive အလုပ်လုပ် မလုပ်လား ခွေထည့်ပြီး စမ်းကြည့်ပါ။ အခုခေတ်ပေါ် Laptop တွေမှာတော့ DVD Drive တွေ မပါဝင်တော့ပါ။ - Check Wireless Connectivity
Wireless ပါတယ်ဆိုရင် အလုပ်လုပ်လား ၊ မလုပ်လား သိအောင်လို့ Wifi စမ်းချိတ်ကြည့်ပါ။ ဒါ့အပြင် Bluetooth လည်း စစ်ဆေးလိုက်ဦးနော်။ - Test the Webcam and Speaker
Second Laptop တွေမှာပါတဲ့ Webcam တော်တော်များများကတော့ ပုံမှန်လောက်ပါပဲ ရှိပါတယ်။ အရမ်းကြီး ကောင်းမနေဘူးလို့ပြောတာပါ။ ဒါပေမဲ့ မရှိတာထက်စာရင်တော့ ပုံမှန်လောက်လေးကတော့ ပိုကောင်းပါတယ်။ Webcam ဖွင့်ကြည့်လိုက်ရင် ဝါးနေလား၊ အဆင်းရာတွေရှိနေလား စစ်ဆေးနိုင်ပါတယ်။ Speaker ကောင်း မကောင်းစမ်းဖို့အတွက် သီချင်းဖွင့်ပြီး နားထောင်ကြည့်ပြီး စစ်ဆေးနိုင်ပါတယ်။ - Check the Battery Health
Battery ဟာ စစ်ဆေးဖို့ မမေ့သင့်တဲ့ အထဲမှာပါ ပါတယ်။ Second Laptop ဖြစ်တဲ့အတွက် Battery သည် အသစ်နီးလောက်တော့ မကောင်းနိုင်တာ လက်ခံထားရပါမယ်။ Battery ဘယ်လောက်ထိ ကြာကြာခံလဲ မေးကြည့်ပါ။ စမ်းကြည့်ပါ။ Battery ပတ်သက်လို့တော့ ပြဿနာတော့ နည်းနည်းရှိတယ်ဗျ။ ဘယ်မှာလဲဆိုတော့ တချို့လက်တော့တွေမှာဆိုရင် Battery ကအသေကြီးဖြစ်နေတယ်။ ဒါဆိုရင် Battery ပြန်လဲမယ်ဆိုရင် အဆင်ပြေနိုင်လားမေးပါ။ - Check Warranty
Second Laptop ဆိုပေမယ့်လည်း အထင်မသေးနဲ့ဗျ။ Second Laptop ဆိုင်တွေမှာ ဝယ်တယ်ဆိုရင် Warranty ဘယ်လောက်ပေးလဲမေးပါ။ User အချင်းချင်းရောင်းဝယ်လုပ်တယ်ဆိုရင် Warranty စာရွက်ရှိသေးလား မေးပါ။ Warranty ရှိရင် စျေးတမျိုး၊ Warranty မရှိရင် စျေးတမျိုးဖြစ်သွားနိုင်ပါတယ်။ - Compare Prices
ကဲ နောက်ဆုံးတစ်ခုရောက်လာပါပြီ။ ဒါကတော့ အရေးကြီးဆုံးပေါ့ဗျာ။ အပေါ်မှာပြောထားတဲ့ အချက် ၉-ချက်တော့ အဆင်ပြေတယ်၊ ဒါပေမဲ့ စျေးကပုံမှန်ထက် များနေတယ်ဆိုရင်လည်း မဖြစ်ပြန်ဘူး။ ဒါကြောင့် တစ်ခုထဲနဲ့ မဆုံးဖြတ်ပါနဲ့။ အနည်းဆုံး ၃-ခုလောက်ကို Compare လုပ်ပြီးမှဘဲ ဝယ်ယူဖို့ အကြံပေးချင်ပါတယ်။