Email နှင့် Gmail အတူတူပဲလား?

Email လား Gmail လား

ဒီဆောင်းပါးကိုရေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်အမြဲကြုံတွေ့နေရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတော်တော်များများ နည်းပညာနဲ့ အရမ်းစိမ်းနေကြပါတယ်။ အထူးသဖြင့် နယ်တွေမှာပေါ့။ အခုနောက်ပိုင်း Mobile တွေ ခေတ်စားလာပြီး၊ Mobile phoneတွေနဲ့ အင်တာနက်ကြည့်နိုင်လာတာကနေပြီးတော့မှ အင်တာနက်ဆိုတာကို စိတ်ဝင်စားလာကြပါတယ်။

အဲဒီကနေ Google အကောင့်တွေ ဖွင့်ပါတယ်။ ပြီးတော့ Gmail, Gtalk တွေ သုံးပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ Email ဆိုတာ ဘာမှန်းမသိကြပါဘူး။ Email လို့ ပြောလိုက်ရင် အချို့ဆို Email တော့ မရှိဘူး၊ Gmail ပဲ ရှိတယ်ဆိုပြီး ပြောတာတွေ ကြားသိနေရပါတယ်။ အဲဒီအတွက် ကျွန်တော် ဒီဆောင်းပါးကို ရေးခြင်းဖြစ်ပါတယ်။ ရေးခြင်းဆိုပေမဲ့ ရေးထားတော့ကြာပါပြီ။ ဒီမှာ ပြန်တင်ပေးတာပဲ ဖြစ်ပါတယ်။ ဒီလို ဆောင်းပါးမျိုးကို အသိမိတ်ဆွေများထံ မျှဝေပေးခြင်းဖြင့် မြန်မာနိုင်ငံကို ကူညီပေးကြပါ။

Email ဆိုတာ
°°°°°°°°°°°°°
Email ဆိုတာက electric mail ကိုခေါ်ဆိုခြင်းဖြစ်သည်။ အင်တာနက်မှာ အသုံးပြုသော mail အားလုံးကို Email ဟုခေါ်ဆိုပါသည်။ Email ဆိုသည်မှာ [email protected] ဟူ၍အပြည့်အစုံ ကိုပြောတာပါ။

Gmail ဆိုတာ
°°°°°°°°°°°°°°
Gmail ဆိုတာ Google ကဝန်ဆောင်မှုပေးထားတဲ့ Email ၊ တစ်နည်းအားဖြင့် Google webmail လို့ခေါ်ဆိုနိုင်ပါသည်။ Gmail ဟာ Google account တစ်ခုပဲဖြစ်ပါသည်။

Google Account
°°°°°°°°°°°°°°°°°°°°
သင့်အနေနဲ့ Google က ဝန်ဆောင်မှုအကုန်လုံးကို သင့် Google account ဖြင့်အကုန်ဝင်ရောက်နိုင်ပါသည်။ ဥပမာအားဖြင့် Gmail, Gtalk, Blogspot, Picasa, YouTube စသဖြင့် အများကြီးရှိပါသည်။ အဲလို Google က ဝန်ဆောင်မှုပေးထားသော မည်သည့် ဝန်ဆောင်မှုများမဆို သင့်သိထားတဲ့ Gmail address ၊ တစ်နည်းအားဖြင့် Google အကောင့်ဖြင့် access လုပ်ပြီး ဝင်ရောက်နိုင်ပါသည်။ အသစ် create လုပ်စရာမလိုပါ။ Google မှာများသောအားဖြင့် username ဆိုပြီးအသုံးများပါသည်။ Email လို့ဆိုခဲ့ရင် သင့်မှာ Google အကောင့်ရှိတဲ့အတွက် [email protected] ဆိုပြီးတော့လဲ Google mail တနည်းအားဖြင့် Gmail သင့်မှာရှိပါတယ်။

Email လိပ်စာဆိုတာ
°°°°°°°°°°°°°°°°°°°

Email သင်္ကေတကတော့ “@” sign ပဲဖြစ်ပါသည်။ “@” sign ကို At sign လို့ခေါ်ပါသည်။ အဲဒီအတွက် သင့်မှာ email ရှိလားလို့ မေးခဲ့ရင် ငါ့မှာ email မရှိဘူး Gmail ပဲရှိတယ်လို့မလုပ်ပါနဲ့။ သင့်မှာ Google အကောင့် ရှိရင် [email protected] ဆိုပြီး သင့်မှာ email account ရှိပါတယ်။ Google ဝန်ဆောင်မှုတွေကို သိချင်တယ်ဆိုရင် ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Email ဆိုသည် 📧
“သင့်မှာ Email ရှိပါသလား?”
“မရှိဘူး”
“ဒါဆို GMail ရောရှိလား.. “
“အင်း GMail တော့ ရှိတယ်”
ဒီလို ခဏခဏ ကြားရဖူးကြပါလိမ့်မယ်။ တကယ်တော့ email ဆိုတာ electronic mail ( လျှပ်စစ်နည်းပညာသုံး စာပို့စနစ် ) တစ်ခုပါ။
email ဆိုအဲ့အုပ်စုထဲမှာ gmail လည်းအပါအဝင်ဖြစ်ပါတယ်။

email လိပ်စာတစ်ခုမှာ name@domain ဆိုပြီး အပိုင်း (၃)ပိုင်းပါဝင်ပါတယ်။
name က အကောင့်နာမည်ဖြစ်ပါတယ်။ @ ဆိုတာက ၌ရှိသော လို့အဓိပ္ပါယ်ရပြီး domain ဆိုတာက Email တည်ရှိရာ နေရာ (Or) Email ကို အထောက်အပံ့ပေးထားတဲ့ နေရာလို့ သတ်မှတ်ပါတယ်။
gmail ဆိုတာ Google အထောက်အပံ့ပေးတဲ့ Google Mail ရဲ့ အတိုကောက် နာမည်ဖြစ်ပြီး .com, .net, .org စတဲ့ (.Dot)နောက်က ဟာတွေကတော့ Domain Extension လို့ခေါ်ပါတယ်။
ဥပမာအားဖြင့် [email protected] ဆိုရင် Google က အထောက်အပံ့ပေးထားတဲ့နေရာမှာ ဖွင့်ထားတဲ့ mr.waithu ရဲ့ အကောင့်လို့ အကြမ်းအားဖြင့် ဆိုနိုင်ပါတယ်။


gmail.com နေရာမှာ အခြား Domain တွေလည်းဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် [email protected] ဆိုရင် gmail မဟုတ်ဘူး။ ဒါပေမဲ့ ဒါဟာ email တစ်ခုပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ အများအားဖြင့် မြင်တွေ့နိုင်တဲ့ အီးမေးလ်တွေကတော့ [email protected], [email protected], [email protected], [email protected], [email protected], [email protected], [email protected] စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ နာမည်တူပေမဲ့ အီးမေးလ်ကို ထောက်ပံ့တဲ့နေရာကွာသွားတဲ့အတွက် @ နောက်က domain လည်းကွာခြားသွားပါတယ်။


ဘယ်လို email ပဲဖြစ်ဖြစ် အဓိက သိထားသင့်တဲ့ Label (၆) ခု ရှိပါတယ်။
၁။ Inbox = ဒါကတော့ ကိုယ့်အီးမေးလ်ကို ဝင်လာသမျစာတွေရှိတဲ့နေရာဖြစ်ပါတယ်။ ကိုယ့် email ကိုပို့လိုက်တဲ့ Mail တစ်စောင်ကို ရှာချင်ရင် ပထမဆုံး Inbox မှာ ရှာရမှာဖြစ်ပါတယ်။

၂။ Sent or Outbox = ဒါကတော့ ကိုယ့်ဆီကနေ သူများကိုပို့လိုက်တဲ့ mail တွေကို သိမ်းထားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ကိုယ်က သူများဆီကိုပို့ထားတဲ့ mail တွေကို ရှာချင်ရင် Sent or Outbox မှာရှာရပါမယ်။

၃။ Spam = ဒါကတော့ email Provider က Spam (မလိုအပ်သော/အန္တရာယ်ရှိကြောင်း မသင်္ကာဖွယ်ရာဖြစ်သော mail ) လို့သတ်မှတ်လိုက်တဲ့ mail တွေရှိတဲ့နေရာဖြစ်ပါတယ်။ ကိုယ့်ဆီကို ဝင်လာသမျ mail တွေထဲက အန္တရာရှိတယ်၊ ဒါမှမဟုတ် စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ထင်ရင် အဲဒီ mail ကို Spam ထဲကို သတ်မှတ်ပို့ထားနိုင်ပါတယ်။ အဲဒီ mail လိပ်စာက နောက်တစ်ခါဝင်လာရင် email provider က အလိုအလျောက် Spam ထဲကို ပို့ထားပေးပါတယ်။ တစ်ခါတလေ ကိုယ့်ဆီကို ပို့လိုက်တဲ့ mail တစ်စောင်ဟာ လိပ်စာလည်းမှန်ကန်ပါလျက် ကိုယ့် Inbox ထဲမှာ ရှိမနေရင် Spam ထဲမှာ ရှာနိုင်ပါတယ်။

၄။ Drafts = ဒါကတော့ ကိုယ်က သူများဆီကို ပို့မဲ့ mail တစ်စောင်ပြင်ဆင်ပြီးခါမှ မပို့ဖြစ်သေးတဲ့ mail ကို သိမ်းထားတဲ့နေရာဖြစ်ပါတယ်။ ပို့ရမဲ့နေရာကို မပို့ဖြစ်သေးတဲ့အတွက် စာကြမ်းအဖြစ် သတ်မှတ်ပြီး Draft ထဲကို အလိုအလျောက် ရောက်သွားတာဖြစ်ပါတယ်။

၅။ Compose = ဒါကတော့ mail ရေးသားရတဲ့နေရာဖြစ်ပါတယ်။ သူမှာ Address, Bcc, CC, Title, Body, Attach, Web Link ဆိုပြီး အစိတ်အပိုင်းတွေပါဝင်ပါတယ်။ Address မှာ ကိုယ်ပို့ချင်တဲ့ email လိပ်စာကို အပြည့်အစုံ ရေးသားပေးရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော့်ဆီကို ပို့ချင်ရင် MR.WaiThu ဆိုပြီး ပို့လို့မရပါဘူး။ [email protected] လို့ လိပ်စာအပြည့်အစုံ ရေးရပါမယ်။ လိပ်စာကိုရေးတဲ့အခါမှာလည်း email လိပ်စာကိုပြည့်စုံအောင် ထည့်ပေးရပါမယ်။ Title နဲ့ Body ကတော့ ခေါင်းစဉ် နဲ့ ရေးလိုတဲ့အကြောင်းအရာပေါ့ ၊ Attach ကတော့ သီးခြားဖိုင်တစ်ခု ထည့်ပို့လိုတဲ့အခါသုံးပါတယ်။

၆။ Trash = ဒါကတော့ Inbox, Sent, Spam တွေထဲက mail တစ်ခုခုကို ဖျက်လိုက်တဲ့အခါ သိမ်းထားပေးတဲ့ နေရာပါ။ ကွန်ပျူတာမှာဆို Recycle Bin လိုပေါ့။ ကိုယ်က ဖျက်လိုက်ပေမဲ့ မှားဖျက်မိလို့ပဲဖြစ်ဖြစ်၊ နောက်ပြန်လိုချင်လို့ပဲဖြစ်ဖြစ် Trash ထဲမှာ ပြန်ရှာနိုင်ပါတယ်။ Trash ထဲကဖျက်လိုက်ပြီဆိုရင်တော့ ဘယ်မှာမှ ရှာလို့ရမှာမဟုတ်တော့ပါဘူး။

email Provider က ပေးတဲ့ Feature အလိုက် အခြား Label တွေပါလာတာရှိနိုင်သလို ကိုယ်တိုင်လည်း Label သစ်လုပ်နိုင်ပါတယ်။ နောက်တစ်ချက် သိထားရမှာက mail တစ်စောင်မှာ စာလုံးရေဘယ်လောက်ပို့နိုင်တယ်၊ Attach File ကို ဘယ်လောက်ပမာဏ တွဲပို့နိုင်ဆိုတာက email provider နဲ့သာ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ အသုံးများနေတဲ့ gmail မှာကတော့ စာလုံးရေဘယ်လောက်ဆိုတာ သတ်မှတ်ထားတာမျိုး မတွေ့မိပါဘူး။ email တစ်စောင်မှာ တွဲပို့နိုင်တဲ့ File Size ကတော့ 25 Mb ဖြစ်ပါတယ်။

Email – Gmail နဲ့ပတ်သက်ပြီး ဟာသလေးတစ်ခုကို ပြောပြပါ့မယ်။

မီးစက် (Generator) နဲ့အသုံးပြုရတာကို “Gmail” လို့ခေါ်ပြီးတော့ လျှပ်စစ် (Electricity) နဲ့အသုံးပြုရတာကို “Email” လို့ခေါ်တယ်လို့ ကျွန်တော့်ရဲ့ဆရာက ပြောပြပါတယ်” တဲ့။

👁️ ဖတ်ရှုပြီးမှုကြိမ်ရေ: ၁၀၄

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *