ကမ္ဘာ့ပထမဆုံး 𝐇𝐚𝐜𝐤𝐞𝐫 က ဘယ်သူလဲ

ကမ္ဘာ့ပထမဆုံး 𝐇𝐚𝐜𝐤𝐞𝐫 က ဘယ်သူလဲ

💎ကမ္ဘာ့ပထမဆုံး 𝐇𝐚𝐜𝐤𝐞𝐫 က ဘယ်သူလဲ⁉️

ဒီမေးခွန်းကိုတော့ အခုမှ Cyber Security လောကထဲကို စတင်၀င်ရောက်ကြမဲ့ လူအများ မေးလေ့ရှိကြပါတယ်။ တချို့ဆို အခု‌ထိတောင် မသိကြသေးတာမျိုးလည်းရှိပါတယ်။

ဆိုတော့ ကမ္ဘာ့ပထမဆုံး Hacker က ဘယ်သူလဲ ၊ ဘယ်လိုလူစားမျိုးလဲ ၊ ဘယ်လိုမျိုး Hacking လုပ်ခဲ့တာလဲဆိုတာကို ဆက်ပြီးကြည့်လိုက်ရအောင် ….☘️

ကမ္ဘာ့ပထမဆုံး Hacker က ဘယ်သူလဲ❓

ပထမဆုံးအနေနဲ့ Hacker ဆိုတဲ့ အသုံးအနှုန်းကို သုံးလိုက်တာနဲ့ Computer Screen ပေါ်မှာ ရှုပ်ထွေးလှတဲ့ Coding တွေပြေးနေမယ်။ ပြီးတော့ command line လေး နှစ်ကြောင်း ၊ သုံးကြောင်းလောက် ရိုက်ထည့်လိုက်တာနဲ့ စနစ်ကြီးတစ်ခုလုံးကို Hacking လုပ်လိုက်နိုင်ပြီလို့ ထင်တတ်ကြပါတယ်။ ဒါကလည်း ဇာတ်ကားတွေအများစုထဲမှာ ဒီအတိုင်းပဲရိုက်ကူးကြတာများတဲ့အတွက် လူတိုင်းနီးပါးက Hacker ဆိုတဲ့ အသုံးအနှုန်းကို ကြားလိုက်တာနဲ့ အပေါ်က ကျွန်တော်ပြောတဲ့အတိုင်း မြင်ယောင်လိုက်တော့တာပါပဲ။

တချို့ကလည်း Hacker ဆိုတာ ကွန်ပျူတာတွေပေါ်ပြီးနောက်ပိုင်းမှပဲ ရှိမယ်လို့ထင်ကြပါလိမ့်မယ်။ တကယ်တော့ ကမ္ဘာ့ပထမဆုံး Hacker အဖြစ်နာမည်ကြီးခဲ့တဲ့သူဟာ Computer တွေ မပေါ်ခင်ကတည်းက ရှိနေခဲ့ပါတယ်။ သူ့နာမည်ကတော့ John Draper ဖြစ်ပြီး Captain Crunch လို့ လူသိများပါတယ်။

🚀𝗝𝗼𝗵𝗻 𝗗𝗿𝗮𝗽𝗲𝗿 ဆိုတာ ဘယ်လိုလူလဲ

John Draper ကို ၁၉၄၃ ခုနှစ် ၊ မတ်လ (၁၁)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ John Draper ရဲ့ ဖခင်ဟာ အမေရိကန် အမေရိကန်လေတပ်က အင်ဂျင်နီယာတစ်ဦးဖြစ်ပါတယ်။ John Draper က ငယ်စဉ်ကတည်းက ရေဒီယိုဆက်သွယ်‌ရေးနည်းပညာကို စိတ်၀င်စားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ‌ကြောင့် ကလေးဘ၀ထဲက အိမ်မှာသူ့အဖေစွန်ပစ်ထားတဲ့ စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးပစ္စည်းတွေကို အသုံးပြုပြီး အိမ်သုံးရေဒီယိုတစ်လုံးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ John Draper က ကောလိပ်ပြီးသွားတဲ့အချိန်မှာတော့ အမေရိကန်လေတပ်ကို ၀င်ရောက်ဖို့အတွက် စာရင်းပေးသွင်းခဲ့ပါတယ်။

အဲ့ဒီအချိန်က တယ်လီဖုန်းဆက်သွယ်ရေးစနစ်မှာ AT&T လို့ခေါ်တဲ့ နည်းပညာကို အသုံးပြုခဲ့ပြီး ၁၉၆၀ နှောင်းပိုင်းကာလနဲ့ ၁၉၇၀ ‌အစောပိုင်းကာလတွေမှာ တယ်လီဖုန်းဆက်သွယ်ရေးနည်းပညာကို Analog စနစ်ကို စတင်ပြောင်းလဲ အသုံးပြုလာကြပြီဖြစ်ပါတယ်။ အရင်အသုံးပြုခဲ့တဲ့ AT&T စနစ်ကတော့ “in-band signaling” လို့ခေါ်ပြီး Channel တစ်ခုတည်းကနေပဲ အသံနဲ့ လှိုင်းကို (Voice &Tone) ဆက်သွယ်ပေးတဲ့စနစ်ဖြစ်ပါတယ်။

၁၉၆၇ ခုနှစ်မှာတော့ Maine ရှိ Charleston လေတပ်စခန်းမှာ တာ၀န်ကျနေစဉ် WKOS လို့ခေါ်တဲ့ ကိုယ်ပိုင်ရေဒီယိုတစ်ခု တည်ဆောက်နိုင်ခဲ့ပေမဲ့ တရား၀င်ရေဒီယိုဌာနတစ်ခုဖြစ်တဲ့ WDME က တရားမ၀င်ထုတ်လွှင်သည်ဟုဆိုကာ ကန့်ကွက်ခဲ့တဲ့အတွက်ကြောင့် WKOS ကို ဖျက်သိမ်းခဲ့ရပါတယ်။

🎯 ပထမဆုံးအကြိမ် လုပ်ခဲ့တဲ့ Hacking

John Draper က ပထမဆုံးအကြိမ်စပြီး Hacking လုပ်ခဲ့တာက တယ်လီဖုန်းလိုင်းတွေကိုဖြစ်ပါတယ်။ John Draper က Cap’n Crunch လို့ခေါ်တဲ့ အသီးအနှံသေတ္တာတွေမှာပါတဲ့ ခရာ(Whistle)ကိုအသုံးပြုပြီး တယ်လီဖုန်းလိုင်းတွေကို Hacking ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ John Draper က ခရာ(Whistle)ကို မှုတ်လိုက်တဲ့အချိန်မှာ ထွက်လာတဲ့အသံက 2600Hz ကြိမ်နှုန်းရှိတာကို တွေ့ရှိခဲ့ပါတယ်။

အဲ့ဒီကြိမ်နှုန်းက တယ်လီဖုန်းလိုင်းတွေမှာရှိတဲ့ ကြိမ်နှုန်းနဲ့တူညီနေပါတယ်။ ဒါကြောင့် John Draper က တယ်လီဖုန်းကို ကောက်ကိုင်လိုက်ပြီး စကားပြောခွက်နားမှာ ခရာ(Whistle) ကိုမှုတ်လိုက်တဲ့အခါ တယ်လီဖုန်းလိုင်းတွေက ဖုန်းလိုင်းအသုံးမပြုဘူးဟု ထင်မှတ်သွားပါတယ်။

အဲ့ဒီအချိန်ကျမှပဲ John Draper က လိုအပ်တဲ့ဖုန်းကို ဆက်သွယ်ပြီး ဖုန်းပြောကြားခဲ့ပါတယ်။ John Draper က အဆိုပါနည်းလမ်းနဲ့ တယ်လီဖုန်းလိုင်းတွေကို စတင်ပြီး Hacking လုပ်နိုင်ခဲ့ပါတယ်။ တယ်လီဖုန်းလိုင်းများ၍ အားနည်းချက်ကို အသုံးပြုပြီး Hacking ပြုလုပ်နိုင်ခြင်းကြောင့် “Phone Phreaking”လို့ ခေါ်ဆိုခဲ့ကြပြီး John Draper က နာမည်ကျော်ကြားလာခဲ့ပါတယ်။

ဒီနည်းလမ်းကိုတော့ ကမ္ဘာ့ပထမဆုံး Hacking နည်းပညာအဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒီ Hacking နည်းလမ်းဟာဆိုရင် တယ်လီဖုန်းကုမ္ပဏီများရဲ့ အမြတ်ထုတ်မှုများအတွက် တိုက်ခိုက်မှုတစ်ရပ်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အဆိုပါတိုက်ခိုက်မှုများတွင် လူအများအပြားပါ၀င်လာခဲ့ကြပါတယ်။ Steve Wozniak နဲ့ Steve Jobs တို့လို ပုဂ္ဂိုလ်‌တွေလည်း ပါ၀င်ခဲ့ပါတယ်။

နောက်ပိုင်းမှာ John Draper က ပိုမိုအဆင့်မြင့်တဲ့ Blue Box ဆိုတဲ့ကိရိယာကို တီထွင်နိုင်ခဲ့ပါတယ်။ ဒီ Blue Box က ခရာ(Whistle)ထက် ပိုမိုတိကျတဲ့ လုပ်ဆောင်ချက်ကို လုပ်‌ဆောင်နိုင်ပြီး ဒီ Blue Box က နိုင်ငံတကာဖုန်းခေါ်ဆိုမှုများကို အခမဲ့ဖြစ်စေခဲ့ပါတယ်။

Blue Box သည် တယ်လီဖုန်းကုမ္ပဏီများအတွက် နနစ်နာမှုများစွာကို ဖြစ်ပေါ်စေခဲ့တဲ့အတွက် ၁၉၇၀ ပြည်နှစ်နောက်ပိုင်းမှာ John Draper ကို ကြေနန်းလိမ်လည်မှုဥပဒေဖြင့် အကြိမ်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပါတယ်။

🖥️ 𝗝𝗼𝗵𝗻 𝗗𝗿𝗮𝗽𝗲𝗿 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 လောကသို့ကူးပြောင်းလာခြင်း

John Draper က တယ်လီဖုန်းလောကမှာ Hacker အဖြစ်အချိန်ကြာမြင့်စွာ ကျင်လည်ခဲ့ပြီးနောက် Computer Programmer အဖြစ် Computer လောကထဲကို ၀င်ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် Apple ကုမ္ပဏီအတွက် Software များစွာကို တီထွင်ပေးခဲ့ပြီး Computer လောကမှာလည်း Hacker အဖြစ်လူသိများလာပါတယ်။ John Draper က Apple II အတွက် ပထမဆုံးသော Word Processing Program တစ်ခုဖြစ်သည့် Easy Writer ကို ဖန်တီးခဲ့သူလည်းဖြစ်ပါတယ်။

⛓ 𝗝𝗼𝗵𝗻 𝗗𝗿𝗮𝗽𝗲𝗿 ရဲ့ 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝗛𝗮𝗰𝗸𝗲𝗿 လောကအပေါ်လွှမ်းမိုးမှု

John Draper က ၁၉၈၀ နဲ့ ၁၉၉၀ ကြားမှာ Computer Hacker လောကအတွက် အခြေခံအုတ်မြစ်ကောင်းများကို ချပေးခဲ့သူလည်းဖြစ်ပါတယ်။ သူရဲ့စဉ်းစားတွေးတောပုံနဲ့ အကြံဉာဏ်များက စနစ်တစ်ခုရဲ့အမှားနဲ့အားနည်းချက်များကို ရှာဖွေဖော်ထုတ်မဲ့ Hackers မျိုးဆက်သစ်များအပေါ်မှာ များစွာလွှမ်းမိုးနိုင်ခဲ့ပါတယ်။

ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ၂၀ ရာစုနှစ်နောက်ပိုင်းမှာ နာမည်ကြီးခဲ့တဲ့ Kevin Mitnick လို နာမည်ကြီး Hacker မျိုးကတောင် John Draper ရဲ့ စဉ်းစားတွေးခေါ်ပုံနဲ့ အကြံဉာဏ်များက သူ့အတွက်များစွာ အဆထာက်အကူပြုခဲ့တယ်လို့ဆိုပါတယ်။

🤷‍♂️မျိုးဆက်သစ် 𝗛𝗮𝗰𝗸𝗲𝗿 များ အများအပြား ပေါ်ထွက်လာခြင်း

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မျိုးဆက်သစ် Hacker များလည်း ပိုမိုများပြားလာခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်နောက်ပိုင်းမှာ Computer အသုံးပြုသူဦးရေ ပိုမိုများပြားလာတာနဲ့အမျှ Hacker များက Hardware နဲ့ Software များကို အသုံးပြုပြီး Computer စနစ်အတွင်းကို ထိုးဖောက်၀င်ရောက်နိုင်ဖို့အတွက် ကြိုးစားလာကြပါတယ်။ အဲ့ဒီကနေမှတစ်ဆင့် အင်တာနက်စနစ် ထွန်းကားလာတဲ့အချိန်မှာတော့ Hacker များရဲ့ ထိုး‌ဖောက် ၀င်ရောက်စွမ်းက အတိုင်းအဆမသိရအောင်ကို ကြီးမားလာခဲ့ပါတယ်။
၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ Hacker အဖွဲ့အစည်းတွေ များစွာပေါ်ပေါက်လာခဲ့ပြီး အစိုးရယန္တယားတွေကို တိုက်ခိုက်လာတဲ့အထိပါဖြစ်လာခဲ့ပါတယ်။


NASA နဲ့ US စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ Gary McKinnon တို့လို hacker တွေလည်းပေါ်ပေါက်ခဲ့ပြီး Anonymous hacker အဖွဲ့အစည်းတွေလည်း မျာစွာပေါ်ပေါက်လာတဲ့အတွက် အစိုးရအဖွဲ့အစည်းတွေအတွက်လည်း စိုးရိမ်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။

ယနေ့ခေတ်ကိုရောက်တဲ့အချိန်မှာတော့ အစိုးရအဖွဲ့အစည်းတွေမှာ Hacker တွေကို အလုပ်ခန့်အပ်ရတဲ့အထိကိုဖြစ်လာခဲ့ပါတယ်။

“Techno Learn “ကနေ ဒီနေ့ပြောပြပေးသွားတာကတော့ ကမ္ဘာ့ပထမဆုံး Hacker အဖြစ်သတ်မှတ်ခံခဲ့ရတဲ့ John Draper အကြောင်းနဲ့ Hacking လောကရဲ့ ဆင့်ကဲပြောင်းလဲတိုးတက်လာပုံပဲဖြစ်ပါတယ်။ အားလုံးလည်း မှတ်သားစရာ တစ်ခုခုရရှိသွားမယ်လို့မျှော်လင့်မိပါတယ်။

Source : privacy-pc.com

#hacker #ကမ္ဘာ့ပထမဆုံးhacker #နည်းပညာဆောင်းပါး

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *