RAM (Random Access Memory)
ဒီတစ်ခါတော့ Computer တွေမှာမရှိမဖြစ်အရေးပါတဲ့ RAM အကြောင်းကိုလေ့လာကြရအောင်ပါ။
Random Access Memory (RAM) ဆိုတာကတော့ Computer တွေ Running ဖြစ်နေချိန်မှာ CPU က tasks တွေကို မြန်မြန်ဆန်ဆန် Run နိုင်ဖို့အတွက် လိုအပ်တဲ့ Data Information တွေ Instructions တွေကို ယာယီသိမ်းဆည်းထားတဲ့ Computer မှတ်ဉာဏ်အမျိုးအစား တစ်ခုဖြစ်ပါတယ်။ Computer ကို ပိတ်လိုက်သောအခါမှာတော့ RAM အတွင်းရှိ သိမ်းဆည်းထားသည့် Data များ ပျောက်ဆုံးသွားမှာဖြစ်ပါတယ်။
လူတွေဟာ တစ်စုံတစ်ရာကိုမှတ်မိဖို့ မှတ်ဉာဏ်လိုသလို Computer တွေဟာလည်း Data Information / Instructions တွေကိုမှတ်မိဖို့ သိမ်းဆည်းထားဖို့ တစ်စုံတစ်ရာလိုအပ်ပါတယ်။ ဒါကို Memory (RAM) လို့ခေါ်တယ်။ RAM တွေဟာ Applications တွေကိုမြန်မြန်ဆန်ဆန် Run နိုင်အောင် ကူညီပေးမှာဖြစ်တယ်။
RAM များလေလေ Applications များများကို မြန်မြန်ဆန်ဆန် Run နိုင်တယ်လို့ ယူဆနိုင်သလို Multitasking ပိုင်းကို အထောက်အကူပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့ အချို့သော Environment တွေမှာတော့ RAM များတိုင်း Computer Performance ကိုမမြန်ဆန်နိုင်သလို Applications တွေနဲ့ ကိုယ်သုံးမဲ့ use case တွေမှာမူတည်တယ်။ ဥပမာ Game Environment မှာဆိုရင်တော့ RAM ထက် CPU and GPU speed ကလည်းအရေးကြီးပါတယ်။
Structure of RAM (RAM တည်ဆောက်ထားပုံ)
Memory Cells: RAM ဟာ သေးငယ်ပြီး မြောက်များစွာသော capacitor များနဲ့ transistor များဖြင့် ဖွဲ့စည်းထားတယ်။ memory cell တစ်ခုချင်းစီဟာ ဒေတာ (0 သို့မဟုတ် 1) တစ်ခုကို သိမ်းဆည်းထားတယ်။ Capacitor က Data ကို သိမ်းဆည်းပြီး၊ transistor ကတော့ capacitor ရဲ့ Data Information တွေကို read & write လုပ်ရန်အတွက် switch အဖြစ် လုပ်ဆောင်ပါတယ်။
Types of RAMS (RAM အမျိုးအစားများ)
1. Dynamic RAM (DRAM): အများဆုံး အသုံးပြုသော RAM အမျိုးအစားမှာ DRAM ဖြစ်တယ်။ DRAM တွင် capacitors and transistors များကိုအသုံးပြုပြီး Data ကို ထိန်းသိမ်းတယ်။ Data တွေကို Read & Write လုပ်ရန်အတွက် Capacitor တွေကို အမြဲပြန် Charge လုပ်ရန်လိုအပ်တယ်။
2. DDR (Double Data Rate) SDRAM
- DDR1: ယခုခေတ် systems တွေအတွက်တော့ အရမ်းနှေးကွေးတယ်။
- DDR2: DDR1ထက်တော့ အနည်းငယ်မြန်ဆန်တယ်။
- DDR3: DDR2 ထက်မြန်တယ်၊ ကုန်ခဲ့တဲ့ systems တွေမှာတော့ အသုံးများခဲ့တယ်။
- DDR4: ယခုခေတ် systems တွေအတွက်မှာသုံးတယ်။ performance မြန်တယ်။
- DDR5: နောက်ဆုံး Generation ဖြစ်တယ် မြန်မြန်ဆန်ဆန်နဲ့လုပ်နိုင်တယ်၊ power စား
သက်သာစေတယ်။
3. Static RAM (SRAM): DRAM မတူဘဲ၊ SRAM က အမြဲပြန်လည် Charge ရန် မလိုအပ်ပါ။ ၎င်းက ပိုမိုမြန်ဆန်သော်လည်း ပိုမိုစျေးကြီးတယ်၊ CPU caches (L1, L2, L3) များတွင် cache memory အဖြစ် အသုံးပြုတယ်။ system တွေမှာ main memory အဖြစ်နဲ့တော့တွေ့ရမှာ မဟုတ်ပါဘူး။
How Data is Stored (ဒေတာတွေကို ဘယ်လိုသိမ်းသလဲ)
Memory Cells တစ်ခုစီတွင် Data တွေကို သိမ်းဆည်းဖို့အတွက် unique address ( room အခန်း) တွေကိုသုံးတယ်။ အဲ့ဒီအခန်းတွေ (unique address) မှာ Data တွေကို Binary Format (0s နှင့် 1s) အနေနဲ့ သိမ်းဆည်းတယ်။
How Data is Accessed (ဒေတာတွေ ဘယ်လိုဖြတ်သန်းသလဲ)
CPU Request: CPU ဟာ RAM ထဲမှာရှိတဲ့ အခန်း (unique address) တွေထဲကမှ အခန်းနံပါတ်ဘယ်လောက်မှာရှိတဲ့ Data တွေကိုတော့ Read or Write လုပ်ပါဆိုပီး request ပေးပို့တယ်။
RAM and the CPU
RAM က CPU နဲ့ Permanent Storage (HDDs, SSDs) အကြားမှာရှိပြီး tasks တွေကိုပို မြန်ဆန်အောင်ကြားခံလုပ်ပေးတဲ့ Temporary Storage ဖြစ်တယ်။ ဘာလို့လဲဆိုတော့ Permanent Storage (HDDs, SSDs) တွေဟာ RAM ရဲ့ Speed ထက် ပိုနှေးကွေးလို့ဖြစ်တယ်။ CPU က Request လုပ်တိုင်းမှာ Permanent Storage (HDDs, SSDs) တွေကို သွားသွားမေးနေရရင် ပြန်ပြီး Response လုပ်တာကြာရင် Computer Performance ကိုနှေးကွေးစေမှာဖြစ်တယ်။
- Temporary Storage: RAM ဆိုတာ active ဖြစ်နေတဲ့ tasks တွေအတွက် လိုအပ်တဲ့ data
and instructions တွေကို CPU ကနေ မြန်မြန်ဆန်ဆန် access လုပ်နိုင်ဖို့အတွက် ခဏတာ
သိမ်းဆည်းတဲ့ temporarily storage တစ်ခုဖြစ်တယ်။ - Cache Coordination: RAM ဟာ CPU Cache (L1, L2, L3) နှင့် ပေါင်းစပ်ပြီး performance
ကို မြှင့်စေနိုင်တယ်။ - Virtual Memory: တကယ်လို့ RAM ဟာ full ဖြစ်ပါက Storage Drive ၏ တစ်စိတ်
တစ်ပိုင်းကို RAM အဖြစ်သုံးနိုင်တယ် (swap memory လို့ ခေါ်တယ် ဒါပေမယ့် ပိုနှေးသည်) ။
Characteristics of RAM
- Volatile: Computer or Electric ပိတ်လျှင် Data တွေပျောက်သွားမှာဖြစ်တယ်။
- Speed: Permanent Storage (HDD, SSD) ထက် မြန်ပေမဲ့ CPU Cache ထက် နှေး
တယ်။ - Capacity: GB သို့မဟုတ် TB ဖြင့်တိုင်းတာပြီး ပိုမြင့်လျှင် Multi tasks တွေကိုပိုမိုလုပ် နိုင်
တယ်။ - Latency: memory cell တွေဆီသို့ ကြာချိန်ကို nanoseconds ဖြင့်တိုင်းတာတယ်။
Computer အတွက် Memory (RAM) ရွေးချယ်ခြင်း
Desktop PC တွေအတွက် RAM ကိုရွေးချယ်တော့မယ်ဆိုရင်တော့ ကိုယ်ဝယ်ထားတဲ့ Motherboard က support ပေးသလောက် (RAM Type, Max RAM Capacity, Speed Support, Slots) ပေါ်မူတည်တယ်။ တစ်ချို့ CPUs မှာလည်း RAM speed or capacity တွေကို limit ရှိပါတယ်။
Operating System တွေမှာတော့ 32-bit OS နဲ့ 64-bit OS ရှိပါတယ်။
- 32-bit OS: RAM ကို အများဆုံး 4 GB အထိပဲသုံးလို့ရတယ်။
- 64-bit OS: RAM ကို 4 GB ထက်ပိုပီး သုံးလို့ရပါတယ်။ (OS version ပေါ်လည်း မူတည်
တယ်။)
ကိုယ်က ဘာအတွက်အသုံးပြုမှာလဲ
Light Use ဖြစ်တဲ့ အင်တာနက်သုံးတာ၊ Video ကြည့်တာ၊ Office Work ဖြစ်တဲ့ စာစီစာရိုက်လုပ်တာ၊ Microsoft Word, Microsoft Excel, Microsoft PowerPoint, Email အတွက်ဆိုရင်တော့ RAM Capacity 4 GB–8 GB ဆိုရင်လုံလောက်တယ်။
Game ဆော့မယ်ဆိုရင်တော့ အနည်းဆုံး RAM: 16 GB လောက်တော့လိုအပ်တယ်။ ယခုခေတ် games အချို့ကတော့ 8 GB လောက်နဲ့ကောင်းကောင်း မ Run နိုင်တော့ပါဘူး။
Content Creation ဖြစ်တဲ့ Video Editing, 3D Modeling အတွက်ဆိုရင်တော့ အနည်းဆုံး RAM: 32 GB လိုအပ်ပါတယ်။
Professional / Server Use တွေအတွက်ဆိုရင်တော့ အနည်းဆုံး RAM: 64 GB လိုအပ်ပါတယ်။
Source : computer.howstuffworks.com
#ram #desktop #laptop #howramworks