USB Cable အမျိုးအစားများ

USB Cable အမျိုးအစားများ jxbkx

လူတိုင်း USB, USB ဆိုပြီး အမြဲတမ်းသုံးနေပေမဲ့ USB အမျိုးအစား ကွဲပြားတာတွေကြောင့် Cable ကြိုး သွားဝယ်တဲ့အခါ အမျိုးအစားမှားမှာစိုးလို့ ကြိုးနမူနာယူသွားပြီး ဝယ်တာမျိုးမဖြစ်ရလေအောင် USB Cable အမျိုးအစားတွေနဲ့ပတ်သက်ပြီး ပြောပြပေးချင်ပါတယ် ခင်ဗျာ။

USB (Universal Serial Bus) cables အမျိုးအစားတွေက သတ်မှတ်ထားတဲ့ စံတွေပေါ်မူတည်ပြီး ကွဲပြားလေ့ရှိကြပါတယ်။ USB Cable တွေကို များသောအားဖြင့် Data Transfer အတွက် အသုံးပြုကြတာများပြီး Power Support အတွက်လည်း သုံးကြပါတယ်ခင်ဗျာ။

🔹USB Type A

Cable တော်တော်များများရဲ့ တစ်ဖက်ထိပ်က USB Type A အမျိုးအစားဖြစ်တာများပါတယ်။ Type A Connector ကို Laptop, Computer, Printer နဲ့ Charger တွေမှာ တွေ့ရလေ့ ရှိပါတယ်။ ခေါင်းက ထောင့်မှန်စတုဂံပုံနဲ့ IT ဆက်စပ်ပစ္စည်းတွေကို Computer နဲ့ချိတ်ဆက်ရာမှာ အသုံးများကြပါတယ်။ ဥပမာ – Mouse ကြိုးရဲ့ထိပ်က USB Type A အမျိုးအစားပါခင်ဗျာ။ Type A မှာဆိုရင် USB 2.0, USB 3.0, USB 3.2 စတဲ့ Standard အမျိုးမျိုးပေါ်မူတည် Data Transfer Rate ကွဲပါသေးတယ်ခင်ဗျာ။

🔹USB Type B

USB Type B ကတော့ လေးထောင့်စပ်စပ်ပုံစံနဲ့ ထိပ်စွန်းနှစ်ခုက မသိမသာ ကွေးနေတဲ့ ပုံစံလေးနဲ့ဖြစ်ပါတယ်။ များသောအားဖြင့် Printer လိုမျိုး Devices တွေမှာ တွေ့ရလေ့ရှိပြီး Printer စက်ရဲ့ကျော်ဘက်မှာ ထိုးရတဲ့ Port ဘက်ခြမ်းဖြစ်ပါတယ်။ ဥပမာ – Printer Cable ကြိုးဆိုရင် USB AB Cable လို့ခေါ်ပါတယ်။ ကွန်ပျူတာဘက်ကို ထိုးရမဲ့ တစ်ဖက်ထိပ်က USB Type A နဲ့ Printer ဘက်က USB Type B ဖြစ်ပါတယ်ခင်ဗျာ။

🔹USB Micro

USB Micro အမျိုးအစားကို Budget Smartphone တွေနဲ့ Power Bank တွေမှာ တွေ့ရလေ့ရှိပြီး လက်ရှိအထိလည်း သုံးနေကြဆဲပါ။ ဖုန်းအားသွင်းကြိုးမှာ ဖုန်းဘက်ထိုးရတဲ့ဘက်မှာ USB Micro အမျိုးအစားကို တွေ့ရပါတယ်။ Data Transfer လုပ်ဖို့အတွက်ဆိုရင် ကြိုးတစ်ဖက်က USB Type A နဲ့ တစ်ဖက်က Micro အမျိုးအစားဖြစ်ပါမယ်။

🔹USB Type C

ယနေ့ခေတ်အခါမှာ အသုံးအများဆုံး USB အမျိုးအစားဖြစ်ပါတယ်ခင်ဗျာ။ USB Type C Charging က USB Standard Technology ဖြစ်ပြီး Smartphone, Modern Laptops, Tablets, Powerbank တွေမှာ အများဆုံးတွေ့ရပြီး 24 Pin reversible plug ဖြစ်တာမို့ အတည့်၊ ပြောင်းပြန်မရှိဘဲ ဘယ်လိုထိုးထိုးရပါတယ်။ ဒါ့အပြင် Data Transfer Speed ကလည်း 20Gbps ထိ မြန်ဆန်နိုင်မှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ Lightening Type ပဲ အမြဲထုတ်လုပ်လာတဲ့ Apple Product တွေမှာတောင် USB Type C ကို အခုနောက်ပိုင်းမှာ ထည့်သွင်းလာပြီပဲ ဖြစ်ပါတယ်ခင်ဗျာ။

🔹USB Mini

USB Mini ကိုတော့ ဒစ်ဂျစ်တယ်ကင်မရာ၊ MP3 Players တွေနဲ့ cell phones တွေမှာ တွေ့ရလေ့ရှိပါတယ်။

🔹USB Micro B

USB Micro B က သေးငယ်တဲ့ 5-Pin Connector ဖြစ်ပြီးတော့ မော်ဒယ်နိမ့် ဖုန်းတွေ၊ Power Bank တွေနဲ့ Game Controller တွေနဲ့ External Hard Drive တွေမှာ တွေ့ရလေ့ရှိပြီး Computer နဲ့ချိတ်ဆက်ရာမှာ သုံးကြပါတယ်ခင်ဗျာ။

Source : anker.com

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *