Laptop တစ်လုံးဝယ်တော့မယ်ဆိုရင် အဓိကချင့်ချိန်ရမှာက
(၁) မိမိလုပ်မယ့်အလုပ်နဲ့ကိုက်ညီတာ
(၂) မိမိသုံးမယ့်ငွေကြေးအတိုင်းအတာ
(၃) အဟောင်းဝယ်ရန်ဆန္ဒရှိမရှိ
(၄) ဘက်ထရီ/အိမ်မီး အပေါ် သုံးစွဲမှု
(၅) သယ်ယူ/အကြမ်းခံမခံ
အစရှိတာတွေကို အရင်ဆုံးချင့်ချိန်ပြီး ကိုက်ညီတာကို ဝယ်ယူသင့်ပါတယ်။
ဘယ်အမျိုးအစားဝယ်ရမယ် ဆိုတဲ့ Recommend တောင်းသူတွေကိုတော့ —
Service အမြင်နဲ့ပြောရရင် ဘယ်အမျိုးအစားက ကောင်းတယ် ညံ့တယ်ဆိုတာမရှိပါဘူး။ ကမ္ဘာမှာ Review ကောင်းတိုင်းလည်း ဒီနိုင်ငံနဲ့ ကိုက်ညီတယ်လို့ တရားသေသတ်မှတ်လို့မရပါဘူး။ ကျတော်တို့သုံးနေတဲ့ ကွန်ပျူတာ Hardware တွေအားလုံးဟာ လမ်းကြောင်းအမျိုးမျိုး ၊ နိုင်ငံအမျိုးမျိုးကနေ နည်းလမ်းပေါင်းစုံနဲ့ရောက်လာတဲ့ အသစ်/အဟောင်းတွေဖြစ်ပြီး Software တွေဟာလည်း Cracked/Hacked နည်းလမ်းပေါင်းစုံနဲ့ သုံးလို့ရအောင်လုပ်ထားတာဖြစ်လို့ အမြဲအသုံးခံမယ်လို့ အာမမခံနိုင်ပါဘူး။
Build Quality တွေ Price to performance Review တွေဟာ တော်ရုံ User တွေအတွက် အသုံးမဝင်ပါဘူး။
လူတွေကြားထဲရေပန်းစားနေတဲ့ အမျိုးအစားလည်း အပျက်အများဆုံးဖြစ်နိုင်တာပါပဲ။ နည်းပညာမြင့်လေ BIOS Setting ထဲက Hardware/Device Assistant တွေ လုံခြုံမှုမြင့်လာလေ Update ဖြစ်လာလေ Boot Error ပေးလေပါပဲ။ အထူးသဖြင့် Device တွေများများသိတဲ့ UEFI Firmware စနစ်တွေ တွင်ကျယ်လာလေ OS Update တွေမှာ Error များဖို့ အနေအထားရှိလာလေပါပဲ။ အသုံးအများဆုံး Brand အလုံးသစ်တစ်ချို့မှာ Windows Update ပြီးရင် Windows မတက်ပဲ BSOD အပြာရောင် Error ကြီးပေါ်လာတတ်တာကို ခဏခဏ ကြုံဖူးကြမှာပါ။
Battery အနေနဲ့ပြောပြန်ရင်လည်း လက်ရှိမြန်မာနိုင်ငံရဲ့ မီးအား အတက်အကျ Frequency ကြိမ်နှုန်းနဲ့ Auto မီးအားမြှင့်စက်ကြီးတွေက ရိုက်ချလိုက်တဲ့ Ampere မြင့် Relay တွေကြောင့် သက်ရောက်လာတဲ့ ကြိမ်နှုန်း Feedback တန်ပြန်မှုကို မော်ဒယ်မြင့် Laptop တွေရဲ့ အားသွင်း Adapter နဲ့ Power Supply တွေ/LCD Screen တွေက ရေရှည် ခံနိုင်မခံနိုင် ဆိုတာက ရှိပါသေးတယ်။ နောက်ပိုင်းနည်းပညာမှာ (ULV) Ultra Low Voltage ဗို့အားနည်း Hardware တွေသုံးထားတာကြောင့်ပါ။
နောက်ဆုံးတစ်ချက်က
User အသုံးပြုသူရဲ့ ထိန်းသိမ်းနိုင်စွမ်းဘယ်လောက်အထိ နားလည်နိုင်သလဲကလည်း အရေးကြီးပါတယ်။ Laptop ကို အိပ်ရာထဲမှာသုံးမယ်/Keyboard ကာဗာ အုပ်သုံးမယ်/အဖုံးအပိတ်အဖွင့် ခဏခဏလုပ်ပြီး ကြုံသလိုသယ်မယ်၊ USB/HDMI အစရှိတဲ့ IO ပေါက်တွေကို Static ဖြစ်စေတဲ့ ချိတ်ဆက်မှုတွေ ခဏခဏလုပ်မယ်၊ Software တွေ မကြာခဏထည့်မယ်၊ ခိုးသုံးထားတဲ့ Windows နဲ့ MS Office အပါအဝင် Software တွေကို Online Update တွေ ခဏခဏလုပ်မယ် အစရှိသဖြင့် ဆောင်ရန်ရှောင်ရန်နည်းလမ်းတွေကို သေချာမသိပဲ စိတ်ကြိုက်သုံးနေကြရင် အသစ်ဝယ်လည်း မကြာခင် Error ဖြစ်မှာပါပဲ။
ဒါ့ကြောင့် ယေဘုယျအနေနဲ့ အပေါ်ကအချက်တွေကို အဓိကထားပြီးမှ မိမိနဲ့ကိုက်ညီတာကို ဝယ်ကြဖို့ပါ။ ကျွန်တော်တို့ ကွန်ပျူတာ User လောကဟာ ဆော့ဝဲတွေအလကားနီးပါးသုံးတဲ့ Clone ပလက်ဖောင်းမှာလျှောက်လာတာ နှစ် ၃၀ ရှိပါပြီ။ အခုထက်ထိလည်း လျှောက်နေရတုန်းပါပဲ။ အဲဒါကြောင့် နိုင်ငံတကာ Review တွေထဲက Windows နဲ့ Software တွေကို တရားဝင်အသုံးပြုတာတွေနဲ့ ယှဉ်ပြီး စက်ပစ္စည်းတွေရဲ့ Reliable ဖြစ်မှု ယုံကြည်စိတ်ချမှုချင်း မယှဉ်နိုင်တဲ့အတွက် အဆင်ပြေတာသာ ဝယ်ကြဖို့ လက်တွေ့ဆန်ဆန် အကြံပေးပါတယ်။
Source: Yan Naing Compu Tech
#jdbkx.com #နည်းပညာဆောင်းပါး #Laptopဝယ်မယ်ဆိုရင် #Online #Games #Myanmar #OnlineGamesMyanmar