Meta က Connect 2024 အခမ်းအနားမှာ AI, AR နဲ့ VR နည်းပညာတွေကို အသားပေးထားတဲ့ တိုးတက်ပြောင်းလဲမှုတွေကို ကြေညာခဲ့ပြီး Meta AI ဟာ တခြား AI တွေထက် သာလွန်တဲ့ အတွေ့အကြုံသစ်တွေကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ကြေငြာသွားခဲ့ပါတယ်။
အဓိကအချက်တွေအနေနဲ့ ..
1. Meta AI အဆင့်မြှင့်တင်မှုများ: Meta AI ကို Messenger, WhatsApp နဲ့ Instagram တို့လို App တွေထဲမှာတင် အသုံးပြုနိုင်လာပြီး အခုဆိုရင် အသံနဲ့ပါ AI ကို ပြောဆိုဆက်သွယ်နိုင်ပြီဖြစ်ပါတယ်။ အသုံးပြုသူတွေဟာ John Cena နဲ့ Kristen Bell တို့လို နာမည်ကြီး Celebrities တွေရဲ့ အသံတွေကို AI ရဲ့ အသံအဖြစ်ရွေးချယ်ပြီး လူသားတစ်ယောက်နဲ့ ဆက်သွယ်ပြောဆိုနေရသလို စကားပြောနိုင်ပါတယ်။ ဒါ့အပြင် Meta AI က ဓာတ်ပုံတွေကိုလည်း ပိုနားလည်လာပြီး ပုံပြင်တာတွေ၊ နောက်ခံထည့်တာတွေနဲ့ ပုံအကြောင်း မေးမြန်းခြင်းလိုမျိုး လုပ်ဆောင်ချက်တွေကိုလည်း လုပ်ဆောင်နိုင်လာပါတယ်။
2. Meta Quest 3S: Meta Quest 3S က $299 ပဲရှိပြီး စျေးအရမ်းသက်သာတဲ့ mixed-reality headset အဖြစ် စတင်မိတ်ဆက်ခဲ့သလို AR နဲ့ VR အတွေ့အကြုံတွေကို အရင်ထက်ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းစဉ်အမျိုးမျိုးကို အရင်တုန်းကထက် လွယ်လွယ်ကူကူ လုပ်လာနိုင်မှာဖြစ်ပါတယ်။
3. Ray-Ban Meta Smart Glasses: Ray-Ban Meta Smart Glasses ကိုလည်း Hand free သီချင်းနားဆင်ထောင်နိုင်ဖို့နဲ့ တခြားလုပ်ဆောင်ချက်တွေကို လွယ်ကူစွာ ဆောင်ရွက်နိုင်အောင် အဆင့်မြှင့်တင်ထားပြီး 2024 နှစ်ကုန်မတိုင်မှီမှာ ဘာသာပြန်စနစ်ပါ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီနည်းပညာကနေတဆင့် ဂျပန်စာ၊ ပြင်သစ်စာများကို မြင်ရုံဖြင့် ဘာသာပြန်နိုင်မှာ ဖြစ်ပါတယ်။
4. Orion AR Glasses: Connect 2024 မှာ အထူးခြားဆုံးအနေနဲ့ Meta က Orion AR glasses ကို မိတ်ဆက်ပြသခဲ့ပါတယ်။ ဒီ AR မျက်မှန်တွေဟာ စိတ်ကြိုက် ထိန်းချုပ်နိုင်တဲ့ neural-network ကို အသုံးပြုပြီး လက်ဟန်ပြသမှုများဖြင့် မျက်မှန်ကို ထိန်းချုပ်နိုင်ပါတယ်။ အသုံးပြုသူများအတွက် နည်းပညာဆန်းသစ်မှု အနာဂတ်ကို ကြိုတင်မြင်နေရခြင်းဖြစ်ပြီး လာမည့်နှစ်များအတွင်း developer kits များကို စတင်ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။
5. Meta AI ဖြင့် Instagram နဲ့ Facebook Reels များကို ဘာသာပြန်ခြင်း: Meta က Instagram နဲ့ Facebook Reels များအတွက် AI ဘာသာပြန်စနစ်ကို မိတ်ဆက်လိုက်ပါပြီ။ ဒီနည်းပညာက အသုံးပြုသူများကို လူမျိုးစုံ၊ ဘာသာစုံ နားလည်နိုင်စေဖို့အတွက် auto-dubbing နဲ့ lip-syncing စနစ်တွေကို အသုံးပြုထားပါတယ်။ ယခုအချိန်မှာတော့ အမေရိကန်နှင့် လက်တင်အမေရိကနိုင်ငံများမှာ စမ်းသပ်မှုများ ပြုလုပ်နေပြီး၊ မကြာမှီအချိန်အတွင်း တိုးချဲ့အသုံးပြုနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
6. Facebook နဲ့ Instagram တွင် Meta AI ဖြင့် ပုံဖန်တီးခြင်း: Meta က AI Image Generation နည်းပညာကို Facebook နဲ့ Instagram တို့မှာ စတင်သုံးစွဲနိုင်အောင်ပြင်ဆင်ထားပါတယ်။ ဒီနည်းပညာက Instagram လို ဓာတ်ပုံမျှဝေရာမှာအသုံးပြုတဲ့ App အတွက် အကောင်းဆုံး ပုံပြင်ဆင်ပေးနိုင်မယ့် နည်းပညာဖြစ်ပြီး၊ AI အကူအညီနဲ့ ပိုမိုပျော်ရွှင်စရာ ပုံတွေကို ဖန်တီးနိုင်စေမှာဖြစ်ပါတယ်။
အဆင့်မြှင့်တင်ထားတဲ့ ဒီနည်းပညာတွေကို 2024 နှစ်ကုန်ပိုင်း နဲ့ 2025 အစပိုင်းတွေမှာ ရရှိလာမယ်လို ခန့်မှန်းရပြီး Meta ရဲ့ နည်းပညာတိုးတက်မှုတွေက AI နဲ့ mixed reality ကို လူတွေ့အတွေ့အကြုံထဲ ပိုမိုထည့်သွင်းပေးပြီး၊ လူသုံးနည်းပညာကို ပိုမိုရိုးရှင်းစွာ အသုံးပြုနိုင်အောင် စီမံထားကြောင်း ပြသလိုက်ပါသည်။
Source : socialsamosa.com