2025 မှာ Windows 10 ကို Support ရပ်ဆိုင်းတော့မဲ့ Microsoft

2025 မှာ Windows 10 ကို Support ရပ်ဆိုင်းတော့မဲ့ Microsoft

Microsoft က‌သူတို့ရဲ့ Windows OS (Operating System) ထဲမှာမှ ကမ္ဘာပေါ်မှာလူသုံးအများဆုံးဖြစ်တဲ့ Windows 10 OS ကို 2025 ခုနှစ် အောက်တိုဘာလ 14 ရက်နေ့မှာ EOS (End of Support) လုပ်သွားမည်ဖြစ်ကြောင်း Microsoft မှကြေငြာခဲ့ပါတယ်။ အဲနေ့ကစပြီးတော့ Microsoft အနေနဲ့ OS အတွက် ပုံမှန်လုံခြုံရေးအပ်ဒိတ်(regular security updates)ကိုထုတ်ပေးမှာ မဟုတ်တော့ပါဘူး။

အဲဒီကြေငြာချက်ဟာ Windows 10 Client Edition တွေအတွက်ဖြစ်ပါတယ်။ Windows 10 Enterprise LTSC (The Long-Term Servicing Channel) ရေရှည်ဝန်ဆောင်မှုပေးထားတဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရအေဂျင်စီများအတွက် Windows 10‌ တွေကတော့ မပါသေးပါဘူး။

သို့ပေမဲ့ ထိုအဖွဲ့အစည်းတွေအနေနဲ့လည်း Windows 10 Pro လိုမျိုး Client Edition တွေအတွက်ကတော့ အရေးကြီးတဲ့ ESU (extended security update) တွေရရှိဦးမှာဆိုပေမဲ့ ကြီးမားတဲ့ Update ဖြစ်တဲ့ OS (or) Software Feature Update တွေတော့ပါတော့မပါ ပါဘူး။ အဲ့ကြောင့်မို့ Microsoft ကုမ္ပဏီဟာ Free ပေးထားတဲ့၎င်းတို့ရဲ့ နောက်ဆုံးထွက်ထားတဲ့ Windows 11 OS ကို Update လုပ်ကြဖို့ User‌ တွေကိုတိုက်တွန်းထားပါတယ်။

နောက်ထပ် Microsoft ကုမ္ပဏီဟာသူတို့ရဲ့ Next-Generation OS ဖြစ်တဲ့ Windows 12 ကို 2024 ခုနှစ်အတွင်းမှာ ဖြန့်ချိဖို့စီစဉ်ထားတယ်လို့ကြေငြာထားပါတယ်။ Microsoft ဟာ October 22, 2009 ကတည်းက (10) နှစ်ကြာထုတ်ပေးခဲ့တဲ့ Windows 7 ကိုလည်း January 14, 2020 တုန်းကလည်း EOS ကြေငြာခဲ့ဖူးပါတယ်။

အခုလိုကြေငြာတာက ဆက်ပြီးသုံးလို့မရတော့ဘူးလို့ မဆိုလိုပါဘူး။ ဆက်သုံးလို့ရသေးတယ်ဆိုပေမဲ့ Microsoft ကိုယ်တိုင်က Support မပေးတော့တဲ့ အတွက်ကြောင့် ကိုယ်သုံးတဲ့ OS နဲ့အဆင်ပြေတဲ့ Software တွေ Driver တွေအတော်ရှာထည့်မှအဆင်ပြေနိုင်မှာပါ။ Crack ရှာထည့်နိုင်တဲ့သူတွေအတွက်တော့ အဆင်ပြေနိုင်ပေမဲ့ မလုပ်တတ်တဲ့သူတွေဆိုရင်အတော်လေးတိုင်ပတ်နိုင်ပါတယ်။

တစ်ကယ်လို့ ကိုယ်ရဲ့ Computer ကနိုင်တယ်ဆိုရင် Windows 11 ကိုအခုကတည်းက Update တင်သုံးသင့်ပါတယ်။

#jdbkx.com #နည်းပညာဆောင်းပါး #Microsoft #Windows10 #Windows11 #Windows12 #Supportရပ်ဆိုင်း #OperatingSystem #Online #Games #Myanmar #OnlineGamesMyanmar

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *