Power supply ဘယ်နှစ်မျိုးရှိလဲ ဘာတွေ သိထားဖို့လိုအပ်ပါသလဲ

ကွန်ပျူတာတွေမှာသုံးတဲ့ power supply (psu လို့ဆက်သုံးပါမည်) မှာ အဓိကအားဖြင့် အမျိုးအစား သုံးမျိုးခွဲထားပါတယ်။
Psu သုံးမျိုး

  • pre installed psu ( ရိုးရိုးသာမန် psu)
  • semi-modular (half modular psu)
  • full modular (fully-modular psu)

Pre installed psu တွေကတော့ သာမန် supply တွေဖြစ်ပြီး ATX 20/24 pin ပါဝါခေါင်း၊ 4 pin 6pin 8pin ATX connector တွေ အပြင် Molex, Power Sata တွေကို တစ်ခါတည်း တပ်ဆင်ထားပြီးဖြစ်တဲ့ power supply မျိုးဖြစ်ပါတယ်။
ကြိုးပေါက်တိုင်းမှာ လျှပ်စစ်ရှိနေမှာ ဖြစ်တဲ့အတွက် Casing နဲ့ထိပြီး အပ်ဝင်တာ ဓာတ်လိုက်တာမျိုးလေးတွေဖြစ်တတ်ပါတယ်။
ကြိုးအရေအတွက်ကန့်သတ်ထားခြင်း များနေခြင်းက cable management လုပ်တဲ့ ကြိုးရှင်းတဲ့အခါမှာ လွယ်ကူမှု ရှိစေမှာ မဟုတ်ပါဘူး။ နောက်ပြီး ကြိုးတွေက များတဲ့အတွက် နေရာယူများတာ ဖုန်တက်များတာတွေကြောင့် ကွန်ပျူတာအတွင်း အပူချိန်တက်လာတဲ့ ပြဿနာရှိနေနိုင်ပါတယ်။
Semi modular psu တွေကတော့ 20/24pin ATX ရယ် 4/8pin ATX ရယ် တစ်ခါတည်း တပ်ဆင်ထားပြီးဖြစ်ပြီး Molex နဲ့ power sata ကြိုးအရေအတွက်ကိုတော့ လုံလောက်တဲ့ အရေအတွက်ထိစိတ်ကြိုက် အပေါက်ပါဝင်မှုပေါ်မူတည်ပြီး တပ်ဆင်နိုင်ပါတယ်။ 6pin ကြိုးကို မလိုအပ်ရင်လည်း တပ်ဆင်စရာမလိုပါဘူး။
နေရာစားသက်သာသွားမှာ ဖြစ်ပြီး အပူချိန်တက်မှုနဲ့ ကြိုးရှင်းခြင်းလုပ်ငန်းကို အသင့်အတင့် အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။ ဒါတွေဘဲလားဆိုတော့ ပုံမှန် pre installed psu တွေထက် ကြိုးပိုရှည်တာ ကြိုးရဲ့ ပါဝါလုံလောက်မှုနဲ့ အကြမ်းခံနိုင်မှုတွေပါ ထပ်ပြီးရရှိမှာ ဖြစ်ပါတယ်။
Full modular psu တွေမှာတော့ ဘာကြိုးမှ ကြိုတင်တပ်ဆင်ထားတာ မဟုတ်ဘဲ ကိုယ်တိုင် တပ်ဆင်အသုံးပြုရမှာ ဖြစ်ပါတယ်။ မိမိလုံလောက်တဲ့ ကြိုးအရေအတွက်နဲ့ ပမာဏရှိပြီဆိုရင် ကျန်တဲ့ကြိုးတွေ တပ်ဆင်စရာမလိုပါဘူး။
Casing အတွင်းမှာ နေရာစားအလွန်သက်သာသွားတဲ့အတွက် air flow ပိုမိုကောင်းမွန်ပြီး အပူရှိန်တက်မှု၊ ဖုန်တက်မှု ပြဿနာတွေကို အနည်းဆုံးဖြစ်အောင် ဖြေရှင်းပေးမှာဖြစ်ပါတယ်။
Modular psu တွေမှာ ကြိုးတွေက ပြဿနာတက်လာပြီဆို ကြိုးအပိုမှာယူဝယ်နိုင်မှာဖြစ်ပါတယ်။ သို့သော် တံဆိပ်မတူတဲ့ ကြိုးတွေတော့ တပ်ဆင်လို့ရမှာမဟုတ်ပါဘူး။ တပ်ဆင်လို့ရခဲ့ရင်လည်း အာမခံပြီး ရပါတယ်လို့ပြောထားမှာ မဟုတ်ပါဘူး။
မိမိဝယ်ယူတဲ့ကြိုးက အပူချိန်မခံနိုင်မှုကြောင့် ခေါင်းတွေပျော်ကျတာ မီးလောင်တာတွေ ဖြစ်စေတတ်ပါတယ်။ custom sleeve cable တွေ ထွက်ရှိလာတဲ့အခါမှာလည်း ခေါင်းပျော်ကျတဲ့ပြဿနာ မကြုံတွေ့ရသေးပေမဲ့ တံဆိပ်မကောင်း ကွာလတီ မကောင်းတဲ့ custom sleeve cable တွေကို မသုံးစွဲသင့်ပါဘူး။
Full modular, semi modular psu တွေက စျေးနှုန်းမြင့်မားပြီးတော့ ဘတ်ဂျတ်လုံလောက်တဲ့အခါမှာ မဖြစ်မနေ သုံးသင့်ပါတယ်။ ကွန်ပျူတာတစ်လုံးဆင်တဲ့အခါမှာ ဘယ်သောအခါမှ psu တွေမှာ ဘတ်ဂျတ်ချုံ့ပြီး လုပ်ဆောင်ဖို့ အကြံမပေးပါဘူး။ psu တွေက ကွန်ပျူတာတစ်လုံးရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတွေလို့ ပြောရင် ပိုပြီးမှန်ကန်ပါတယ်။
Second hand psu တွေဝယ်တဲ့အခါမှာလဲ လုံးဝ တံဆိပ်ရှိတဲ့ psu တွေ ဝယ်သုံးဖို့ အကြံပေးပါတယ်။ psu များကွာ မလိုအပ်ပါဘူး အဲလောက်ကြီးဆိုရင်တော့ အဲဒီလူရဲ့ ခေါင်းထဲမှာ ခဲပွိုင့်တစ်ခု လွတ်နေဖို့များပါတယ်။
နောက်ဆုံးမှတ်ထားသင့်တာကတော့ psu အရည်အသွေးကောင်းမွန်ဖို့နဲ့ psu အကြောင်းတွေ ကောင်းကောင်းသိထားဖို့တော့လိုအပ်ပါတယ်။

#jdbkx.com #PowerSupply #နည်းပညာဆောင်းပါး #Online #Games #Myanmar #OnlineGamesMyanmar

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *