RAM ဆိုတာ ကွန်ပျူတာရဲ့ motherboard မှာ တွယ်ကပ်နေပြီး ဒေတာအချက်အလက်တွေကို ခဏတာ သိမ်းဆည်းပေးထားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာရဲ့ မရှိမဖြစ်လိုအပ်တဲ့အစိတ်အပိုင်းတွေထဲက တစ်ခုလို့လည်း ပြောလို့ရပါတယ်။
လုပ်စရာတွေများပြားလာတဲ့ ဒီခေတ်မှာ ကွန်ပျူတာတွေရဲ့ စွမ်းဆောင်ရည်ဟာ သူ့မှာပါတဲ့ နဂိုမူလ RAM ပမာဏ နဲ့ လုံလောက်မှုမရှိတာတွေဖြစ်လာပြီး သုံးရတာအဆင်မပြေတာတွေဖြစ်လာပါတယ်။
ဒီပို့စ်မှာတော့ ကွန်ပျူတာမှာ RAM ထပ်စိုက်ဖို့ လိုနေပြီဆိုတာ ပြနေတဲ့ အချက်(၃) ချက်ကို ဖော်ပြပေးသွားမှာပါ။
1. File/Software တွေဖွင့်တဲ့အခါကြာနေခြင်း
ကွန်ပျူတာမှာပါတဲ့ RAM ပမာဏက လုံလောက်မှုရှိတယ်ဆိုရင် File/Software တွေဖွင့်တဲ့အခါ၊ Program တွေ run တဲ့အခါ ချက်ချင်းပွင့်လာမှာဖြစ်ပါတယ်။ အဲ့လိုမဟုတ်ဘဲ အနည်းဆုံး ၃-စက္ကန့်ကနေ ၅-စက္ကန့်လောက်အထိကြာနေပြီဆိုရင်တော့ ကွန်ပျူတာရဲ့ Operating System အတွက် RAM ပမာဏက လုံလောက်မှုမရှိတော့ဘဲ ထပ်တိုးဖို့ လိုပြီဖြစ်ကြောင်း ပြတာပါ။
2. RAM အသုံးပမာဏများနေခြင်း
Windows ကွန်ပျူတာမှာဆိုရင် Task Manager ၊ Mac မှာဆိုရင် Activity Monitor နဲ့ Linux မှာဆိုရင် terminal ထဲကို vmstat လို့ရိုက်ပြီး Operating System ကသုံးနေတဲ့ RAM ပမာဏကို စစ်နိုင်ပါတယ်။ ကွန်ပျူတာက သုံးတဲ့ ပမာဏက RAM ရဲ့ 80% လောက်အထိ ရှိနေပြီဆိုရင် RAM ထပ်စိုက်ဖို့လိုနေပါပြီ။ ဒီလိုစစ်တဲ့အခါ Software တွေအများကြီးဖွင့်ထားပြီး မစစ်ရပါဘူး။
3. Software တွေတပြိုင်နက်ထဲ အသုံးမပြုနိုင်ခြင်း
Workload အရမ်းများတဲ့ Software အကြီးစားတွေကလွဲလို့ ကျန်တဲ့ Microsoft Word , Web Browser , Media player လို software အသေးတွေကို တပြိုင်နက်ထဲဖွင့်ပြီး သုံးတဲ့အခါ လေးလံနေပြီဆိုရင် RAM ထပ်စိုက်ဖို့ လိုကြောင်းအချက်ပြတာဖြစ်ပါတယ်။
RAM ထပ်စိုက်တဲ့အခါမှာလည်း ဘာအတွက်သုံးမယ်ဆိုတာ စဉ်းစားရွေးချယ်ပြီး မှန်ကန်တဲ့ပမာဏကို စိုက်ဖို့လိုပါတယ်။ မဟုတ်ရင် ငွေကုန်ကြေးကျ ပိုများပါလိမ့်မယ်။
Multitasking, Microsoft Office, Entertainment တွေအတွက်သုံးမယ်ဆို Total RAM 4GB (or) 8GB လောက်ရှိတာနဲ့ ကောင်းကောင်းလုံလောက်ပါတယ်။
Photoshop အမြင့်ပိုင်း/ Video editing, Professional Graphic Design, Gaming တွေအတွက်ဆိုရင် RAM 16GB လောက်ရှိရင် ပိုကောင်းမွန်ပါမယ်။
3D Modeling, Rendering, Software Engineering တွေသုံးမယ်ဆိုရင်တော့ RAM ပိုများတာအကောင်းဆုံးပါ။
အရေးကြီးတာတစ်ခုက ကိုယ်သုံးတဲ့ Operating System က ဘယ်လောက်လဲဆိုတာ သိထားဖို့ပါ။
32-bit မှာဆိုရင် အများဆုံး စိုက်နိုင်တဲ့ RAM ပမာဏက 4GB အထိပဲဖြစ်ပြီး ဘယ်လောက်ပမာဏ ထပ်စိုက်စိုက် အကျိုးသက်ရောက်မှုရှိမှာမဟုတ်ပါဘူး။
64-bit system မှာတော့ အများဆုံး 512GB ပမာဏအထိ RAM ထပ်စိုက်နိုင်ပါတယ်။
#jdbkx.com #နည်းပညာဆောင်းပါး #RAMထပ်စိုက်ဖို့လိုနေပြီဖြစ်ကြောင်း #သိနိုင်မယ့်အချက်၃ချက် #Online #Games #Myanmar #OnlineGamesMyanmar