VPN နှင့် Firewall ဟာ ကွန်ပျူတာကွန်ရက်အတွက် အရေးကြီးတဲ့ လုံခြုံရေးဆော့ဖ်ဝဲများဖြစ်ကြပါတယ်။ ဒါတွေက မတူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။
VPN (Virtual Private Network)
VPN ကတော့ လုံခြုံမှုနည်းတဲ့ ကွန်ရက်ပေါ်မှာ လုံခြုံတဲ့ အချက်အလက်တွေကို သယ်ဆောင်ဖို့ အထူးသဖြင့် ဖန်တီးထားတဲ့ တစ်ခုပေါ့။ ဒါက သင့်စက်နဲ့ VPN server အကြား Data ပို့လွှတ်မူကို လျှို့ဝှက်စေပြီး အချက်အလက်တွေကို လုံခြုံစေပါတယ်။
ဘယ်လို လုပ်ဆောင်သလဲ ?
- VPN Server နဲ့ ချိတ်ဆက်ခြင်း : သင့်စက်က VPN server နဲ့ ချိတ်ဆက်ပါမယ်။
- Encryption : သင့်စက်နဲ့ VPN server အကြားက Data ပိုလွတ်မူကို ကုဒ်ယူထားတာပါ။
- IP Address သက်ရောက်မူ : သင့် IP address ကို VPN server ရဲ့ IP address နဲ့ အစားထိုးပေးပြီး သင့်အွန်လိုင်းလုပ်ဆောင်ချက်တွေကို အလွယ်တကူ မစုံစမ်းနိုင်အောင် လုပ်ပေးပါတယ်။ ( IP Address ဆိုတာ ကျွန်တော်တို့သုံးနေတဲ့ Website , Phone , Computer ( or ) Electronic Device တစ်ခုစီရဲ့ လိပ်စာ Number ဖြစ်ပါတယ် )
- အကန့်အသတ်များကို ကျော်ဖြတ်ခြင်း : VPN သုံးပြီး ဒေသကန့်သတ်မှုနဲ့ censorship ကို ကျော်ဖြတ်နိုင်ပါတယ်။
Firewall
Firewall က ကွန်ရက်လုံခြုံရေးစနစ်တစ်ခုဖြစ်ပြီး ကွန်ရက်ထဲဝင်နေတာ၊ ကွန်ရက်ထဲက ထွက်နေတာတွေကို ကြည့်ပြီး လုံခြုံရေး စည်းမျဉ်းစည်းကမ်းများအတိုင်း ထိန်းချုပ်ပေးပါတယ်။
ဘယ်လို လုပ်ဆောင်သလဲ?
- Packet Filtering : ကွန်ရက်ထဲဝင် ၊ ထွက်နေတဲ့ အချက်အလက်တွေကို စိစစ်ပြီး traffic ကို ခွင့်ပြုမလား၊ ပိတ်မလား ဆုံးဖြတ်ပေးပါတယ်။
- Stateful Inspection : ပိုပြီးအဆင့်မြင့်တဲ့ နည်းလမ်းဖြစ်ပြီး ဆက်သွယ်မှုအခြေအနေကို လိုက်နာပြီး traffic ကို စိစစ်ပါတယ်။
- Proxy Service : Firewall က proxy အနေနဲ့ လုပ်ဆောင်ပြီး ကွန်ရက်ထဲဝင် ၊ ထွက်နေတဲ့ အချက်အလက်တွေကို စိစစ်ပြီးမှ ပို့ဆောင်ပေးပါတယ်။
- Network Address Translation (NAT) : Firewall က NAT ကိုသုံးပြီး ကွန်ရက်ထဲက IP addresses တွေကို ဖုံးကွယ်ထားပြီး လုံခြုံစေပါတယ်။
အနည်းငယ်ကွာခြားချက်
VPN : အွန်လိုင်းလုံခြုံရေး၊ လုံခြုံမှုနဲ့ privacy ကို ပေးစွမ်းပါတယ်။
Firewall: ကွန်ရက်ကို လက်မခံတဲ့ traffic တွေ၊ ပိတ်ဆို့တဲ့ traffic တွေကို ထိန်းချုပ်ပါတယ်။
အသုံးပြုမှု
VPN : လုံခြုံပြီး ကွန်ရက်ကို ဝင်ရောက်ဖို့၊ privacy ပေးစွမ်းဖို့နဲ့ ဒေသကန့်သတ်မှုကို ကျော်ဖြတ်ဖို့ အသုံးပြုပါတယ်။
Firewall : ကွန်ရက်ကို မခွင့်ပြုတဲ့ access နဲ့ cyber အန္တရာယ်တွေကနေ ကာကွယ်ဖို့ အသုံးပြုပါတယ်။
#jdbKX #Article #နည်းပညာဆောင်းပါး #VPN #Firewall #Online #Games #Myanmar #OnlineGamesMyanmar #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames