ခေတ်ဟောင်းပေမဲ့ ခေတ်မကုန်သေးတဲ့ Photoshop CS6
နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်လာပါစေ… အချို့သော ဆော့ဖ်ဝဲတွေဟာ “Classic” အဖြစ် ကျန်ရစ်ခဲ့တတ်ပါတယ်။ အဲဒီထဲမှာ Adobe Photoshop CS6 နဲ့ Photoshop CS3 တို့ဟာ ထိပ်ဆုံးကပါပဲ…
ဘာကြောင့် အခုထိ အသုံးဝင်နေသေးတာလဲ?
Lightweight ဖြစ်ခြင်း (ပေါ့ပါးခြင်း)
အခုနောက်ပိုင်းထွက်တဲ့ Photoshop CC Version တွေဟာ RAM နဲ့ Graphic Card အမြင့်တွေကို တောင်းဆိုလာပါတယ်။ ဒါပေမဲ့ CS6 နဲ့ CS3 တို့ဟာ RAM 2GB, 4GB ရှိရုံနဲ့တင် ကောင်းကောင်း အလုပ်လုပ်နိုင်တာကြောင့် ကွန်ပျူတာ အနိမ့် (Low-spec PC) သမားတွေအတွက်တော့ အသက်ကယ်ဆေးပါပဲ…
အခြေခံလိုအပ်ချက်တွေကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ခြင်း
ဓာတ်ပုံသမားတစ်ယောက်အတွက် လိုအပ်တဲ့ Color Grading, Retouching နဲ့ စာစီစာရိုက်ဆိုင်တွေအတွက် လိုအပ်တဲ့ Layout ဖန်တီးမှုတွေမှာ CS6 ဟာ လုံလောက်တဲ့ Tools တွေ အပြည့်အစုံ ပါဝင်နေဆဲဖြစ်ပါတယ်။ အိန္ဒိယက နာမည်ကျော် Creator တွေတောင်မှ Photoshop CS3, 7.0 ကို သုံးနေကြတာဟာ “Tool ထက် Skill က ပိုအရေးကြီးတယ်” ဆိုတာကို သက်သေပြနေတာပါပဲ…
မြန်ဆန်သွက်လက်ခြင်း
AI Features တွေ၊ Cloud Sync တွေ မပါတဲ့အတွက် ဆော့ဖ်ဝဲ ဖွင့်ရတာရော၊ အလုပ်လုပ်ရတာရောက အခုခေတ် Version တွေထက် ပိုပြီး မြန်ဆန်နေတတ်ပါတယ်။ “Quick Edit” လုပ်ချင်တဲ့သူတွေအတွက်တော့ ဒါဟာ အားသာချက်တစ်ခုပါပဲ…
ဆော့ဖ်ဝဲတစ်ခုဟာ Date အောက်သွားနိုင်ပေမဲ့ အဲဒီဆော့ဖ်ဝဲကို အသုံးချပြီးထွက်လာတဲ့ Creativity (ဖန်တီးနိုင်စွမ်း) ကတော့ ဘယ်တော့မှ Date မအောက်သွားပါဘူး။ သင်ဟာ Professional တစ်ယောက်ဖြစ်ဖို့အတွက် နောက်ဆုံးပေါ် Version တွေ ရှိနေဖို့ထက်… သင့်လက်ထဲမှာရှိတဲ့ Tool ကို ဘယ်လောက် ကျွမ်းကျင်အောင် သုံးနိုင်မလဲဆိုတာကသာ အဓိကပဲဖြစ်ပါတယ်…

