Photoshop ဖိုင်တွေကို Photoshop မဖွင့်ဘဲ ကွန်ပျူတာထဲမှာတင် ပုံကြိုကြည့်နည်း (PSD Codec) PSD Thumbnail Viewer
Photoshop နဲ့ အလုပ်လုပ်တဲ့ ဒီဇိုင်နာတွေ၊ ဓာတ်ပုံပြင်တဲ့သူတွေ ကြုံဖူးကြမှာပါ။ ကွန်ပျူတာထဲမှာ PSD ဖိုင်တွေ အများကြီးသိမ်းထားပေမဲ့ ဘယ်ဖိုင်က ဘာပုံလဲဆိုတာ icon အပြာလေးပဲ မြင်နေရတာမျိုးလေ။ ပုံလေးကို ကြိုကြည့်ချင်ရင်တောင် ဖိုင်ကို တစ်ခုချင်းစီ Photoshop ထဲ ဖွင့်ကြည့်နေရတော့ အချိန်တွေ အရမ်းကုန်တာပေါ့။
ဖိုင်နာမည် သေချာမမှတ်မိရင် ပိုဆိုးပါတယ်။ ဘယ်ပုံလဲ ရှာရင်းနဲ့ Photoshop ဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေရတာ တကယ်ကို စိတ်ညစ်စရာပါ။
ဒီပြဿနာကို ရှင်းဖို့ နည်းလမ်းလေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ Ardfry PSD Codec ဆိုတဲ့ ဆော့ဖ်ဝဲသေးသေးလေးကို ကွန်ပျူတာမှာ ထည့်ထားလိုက်ရုံပါပဲ။
ပုံမှန် Windows Explorer မှာ မမြင်ရတဲ့ PSD ဖိုင်တွေကို တခြား JPG, PNG ဓာတ်ပုံတွေလိုပဲ Thumbnail (ပုံအသေးလေးတွေ) အဖြစ် အလွယ်တကူ မြင်တွေ့ရစေပါတယ်။ ဖိုင်တစ်ခုချင်းစီ ဖွင့်စရာမလိုတော့ဘဲ ကွန်ပျူတာ Folder ထဲ ဝင်ကြည့်လိုက်တာနဲ့ ဘာဒီဇိုင်းလဲဆိုတာ ချက်ချင်းသိနိုင်တာမို့ အလုပ်အရမ်းမြန်သွားစေပါတယ်။
၁။ အရင်ဆုံး Ardfry PSD Codec installer ဖိုင်လေးကို ဒေါင်းလုဒ်လုပ်ပြီး ဇစ်ဖြည်လိုက်ပါ။
၂။ ပြီးရင် Setup ဖိုင်ကို Right Click ထောက်ပြီး “Run as administrator” နဲ့ Run ပေးပါ။
၃။ ပေါ်လာတဲ့ Setup Box မှာ Next, Next နှိပ်ပြီး ခဏလေး စောင့်လိုက်ရုံနဲ့ အင်စတောလုပ်တာ ပြီးသွားပါလိမ့်မယ်။
၄။ အင်စတောလုပ်ပြီးတာနဲ့ ကွန်ပျူတာ restart တောင် ချစရာမလိုဘဲ Folder ထဲက PSD ဖိုင်လေးတွေမှာ ပုံစံလေးတွေ တန်းပေါ်လာတာ တွေ့ရမှာပါ။
Photoshop သမားတွေ မဖြစ်မနေ ဆောင်ထားသင့်တဲ့ Tool လေးတစ်ခုဖြစ်တာကြောင့် ကိုယ့်ကွန်ပျူတာမှာ အခုပဲ စမ်းသုံးကြည့်လိုက်ကြပါဦး။
Zip File ထဲမှာ email နဲ့ serial key ၂ ခုပါဝင်ပါတယ်။ ကြိုက်ရာနဲ့ full version ဖြစ်အောင် အသုံးပြုနိုင်ပါတယ်။

