
ကွန်ပျူတာစသုံးသူတွေအနေနဲ့ မြန်မာလက်ကွက်ကိုကျင့်မယ်ဆိုရင် ဟိုးအရင်တုန်းကတော့ Win စနစ်တွေနဲ့ ကျင့်ခဲ့ကြရတယ်။ အခုခေတ်မှာဆိုရင် Win စနစ်ကိုအသုံးပြုနေဆဲဆိုပေမဲ့ အဓိကအသုံးပြုနေကြတာက ယူနီကုဒ်စနစ်ဖြစ်ပါတယ်။ မသိသေးတဲ့သူတွေအတွက် ဗဟုသုတ ပြောပြရမယ်ဆိုရင် ယူနီကုဒ်ဆိုတာ ‘ဖောင့်’ မဟုတ်ပါ။ (တချို့ကလည်း ‘ဖွန့်’) လို့ရေးကြတယ်။ အင်္ဂလိပ်စာအသံထွက်နဲ့ နီးစပ်ပါတယ်။ ယူနီကုဒ်ဆိုတာ ကမ္ဘာပေါ်ရှိတဲ့ စာရေးစနစ် (writting system) အားလုံးနီးပါး ပါရှိပြီးတော့ ကွန်ပျူတာတွေနဲ့ လိုက်ရောညီထွေ ရှိစေရေးအတွက် သက်မှတ်ထားတဲ့ စက်မှုစံ (industry standard) တစ်ခုဖြစ်ပါတယ်။
ဒီတော့ မြန်မာစာအတွက် လက်ကွက်လေ့ကျင့်မယ်ဆိုရင် ယူနီကုဒ်အတွက် Myanmar Unicode Typing Tutor Software က သိပ်မရှိပါဘူး။ မိတ်ဆွေတို့က ကွန်ပျူတာထဲမှာ ဆော့ဖ်ဝဲကိုမထည့်ထားဘဲ Broswer တစ်ခုခုကနေ အသုံးပြုမယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမဲ့ အင်တာနက်တော့ လိုပါတယ်။ ဘယ်မှာသွားလေ့ကျင့်ရမလဲဆိုရင် ဒီမှာပါ (https://myantype.com/)
အင်တာနက်ကိုအသုံးပြုပြီးတော့ Broswer တစ်ခုခုကနေ လက်ကွက်လေ့ကျင့်ရမယ်ဆိုတာ တချို့မိတ်ဆွေများအတွက် အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် နယ်မှာနေတဲ့သူတွေပေါ့။ မြန်မာနိုင်ငံက လူအများစု အင်တာနက်အသုံးပြုနေကြပေမဲ့ တချို့နေရာတွေမှာ မသုံးနိုင်ကြသေးပါဘူး။ အဲဒါကြောင့် Myanmar Unicode Typing Tutor ကို ကွန်ပျူတာထဲထည့်ထားပြီး အသုံးပြုချင်တယ်ဆိုတဲ့သူများအတွက် အင်တာနက်ကရှာဖွေရင်းတွေ့လာတဲ့ ဆော့ဖ်ဝဲလေးကို တင်ပေးလိုက်ပါတယ်။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။
Name နေရာမှာ အသုံးပြုသူရဲ့ “နာမည်” ကိုရေးပါ။ Language နေရာမှာ “English / ပြည်ထောင်စု” ၂-မျိုးရှိပြီးတော့ လေ့ကျင့်ချင်တဲ့ ဘာသာစကားပုံစံကို ရွေးချယ်ပေးပြီး “login” ရုံပါပဲ။ အခုတင်ပေးလိုက်တဲ့ Myanmar Unicode Typing Tutor က အရင်တုန်းကရှိနေပြီးသားဖြစ်တဲ့ “WhizzoTyping Tutor”ထက် ပိုကောင်းပါတယ်။
အောက်ဆုံး ညာဘက်ထောင့်က “manual” ကိုနှိပ်ကြည့်လိုက်မယ်ဆိုရင် pdf file တစ်ခုပွင့်လာပြီးတော့ ဆော့ဖ်ဝဲအသုံးပြုပုံနဲ့ စာရိုက်နည်းတွေကိုလည်း လေ့လာနိုင်ပါတယ်။ ဒီဆော့ဖ်ဝဲကိုရေးသားတဲ့ programmar ကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။

Software Size : 41.9 MB