UEFI mode နဲ့ Legacy BIOS ဘာကွာခြားလဲ?
UEFI ဆိုတာ Unified Extensible Firmware Interface ဆိုတာရဲ့ အတိုကောက်ဖြစ်ပါတယ်။
Booting Process တွေကိုလေ့လာတဲ့နေရာမှာ UEFI ဆိုတာကို ကျော်သွားလို့မရတာကိုတွေ့ရမှာပါ။ UEFI ကိုနားလည် အောင်ပြောပြရမယ်ဆိုရင်တော့ Computer ထုတ်လုပ်တဲ့ Company တွေက သူတို့ရဲ့ Computer မှာတပ်ဆင်ထားတဲ့ Device တွေရဲ့ Booting Process တွေ၊ Operation System နဲ့ Platform Firmware တွေကို အဆင့် မီစီမံ ခန့်ခွဲနိုင်ရန် ထုတ်လုပ်ထားတဲ့ Firmware ရဲ့ Software Interface တစ်ခု လို့ပြောလို့ရပါတယ်။ UEFI ဟာ IBM ကထုတ်တဲ့ Basic Input / Output System (BIOS) Firmware ကိုအစားထိုးဖို့ထုတ်ထားဆိုလဲ မမှားပါဘူး။
UEFI က BIOS အတွက် Legacy ကိုပါ Support လုပ်ပေးနိုင်ပါတယ်။ နောက်ပြီး UEFI က Operation System မရှိသေးတဲ့ Computer မှာပါ Remote Diagnostics နဲ့ Repair ပါလုပ်ပေးနိုင်ပါသေးတယ်။ Intel က Microsoft Windows မှ Data Format တွေနဲ့ Practices တွေကိုသုံးပြီး EFI (Extensible Firmware Interface) Specification ကို ထုတ်ခဲ့ပါတယ်။ အဲဒီ UEFI ကို 140 ကျော်သော နည်းပညာ Company ကြီးတွေ (Microsoft Company အပါအ၀င်) တို့က BIOS က Software interoperability နဲ့ Address Limitations တွေကို ပိုမိုကောင်းမွန်းအောင် design ဆွဲပြီးထုတ်ထားတာဖြစ်ပါတယ်။
UEFI က BIOS ထက်ပိုကောင်းတဲ့ အချက်တွေကတော့
၁။ UEFI က BIOS ထက် ပိုပြီး လုံခြုံရေးကောင်းမွန်ပါတယ်။ Pre Startup နဲ့ Pre boot စနစ်တွေသုံးထားလို့ Bootkit attacks တွေရန်က ကာကွယ်နိုင်ပါတယ်။
၂။ UEFI မှာ Hibernation လုပ်ထားပြီး Resuming လုပ်တဲ့အခါ ပိုမိုမြန်လာပါတယ်။
၃။ UEFI မှာ BIOS ထက် ပိုပြီး ပမာဏများတဲ့ Drive တွေကို တပ်ဆင်နိုင်မှာဖြစ်ပါတယ်။ UEFI မှာ 2.2 TB ( 2200 GB ) အထက်ရှိတဲ့ Hard Disk တွေကိုတပ်ဆင်နိုင်ရန် ထောက်ပံ့ထားပါတယ်။
၄။ System က 17.2 Billion Gigabytes အသုံးပြုနိုင်တဲ့ address ကိုထောက်ပံ့ပေးနိုင်တဲ့ 46-bit Firmware Device Drives ကို UEFI မှာအသုံးပြုနိုင်ပါတယ်။
၅။ UEFI Hardware မှာတောင် BIOS ကို အဆင်ပြေစွာအသုံးပြုနိုင်ပါတယ်။
၆။ UEFI မှာ MBR (Mastar Boot Record) ကိုမသုံးတော့ပဲ နောင်အနာဂတ်မှာ ခေါတ်စားလာမည့် GUID Partition Table (GPT) ကိုပဲ အသုံးပြုအောင်လုပ်ထားပါတယ်။ ဘာလို့လဲဆိုတော့ GTP Partition ဟာ Firmware Layer ကို ပမာဏဏ အရမ်းများတဲ့ Disk တွေကို Support လုပ်ပေးပါတယ်။
၇။ UEFI ဟာ မည်သည့် boot loading task ကိုမဆို Operation System ထဲမှာပဲ တစ်ခါတည်းပြီးသွားမည့် ရှေးရိုး Boot Loader တွေကို သုံးနိုင်ပါတယ် (Safe Mode မှာ မေးထားသလိုမျိုး)။ အကျိုးကျေးဇူးကတော့ Safe Mode မှာတွေ့ရသလို Options အများကြီးမတွေ့ရတော့ဘဲ၊ သူ့တစ်ခုတည်းမှာပဲ အစုံပါလာမှာဖြစ်ပါတယ်။
၈။ UEFI ဟာ BIOS နဲ့ Operation System ကြားက Interface တစ်ခုအနေနဲ့ BIOS ပေါ်မှာတပ်ဆင် အသုံးပြုနိုင်မှာဖြစ်လို့ BIOS ကို ပြောင်းလဲစရာမလိုပါဘူး။ သူ့မှာ Hardware တွေအတွက် Standardized View တွေပါ၀င်ပါတယ်။ ဒါကြောင့် Operation System ပြုလုပ်ရေးဆွဲ သူတွေကို သူတို့ရေးဆွဲလိုက်တဲ့ OS တွေကို အမျိုးမျိုးသော Motherboard တွေမှာ အသုံးပြုနိုင်စေရန် ရေးဆွဲနိုင်မှာဖြစ်ပါတယ်။
၉။ UEFI ဟာ တော်တော်များများက စက်ရုံထုတ်ပစ္စည်းတွေကို ထောက်ပံ့ပေးထားပြီဖြစ်ပါတယ်။ UEFI Standards အဖွဲ့အစည်းမှာ Intel, AMD, Apple, Microsoft နဲ့ အခြား BIOS နဲ့ Motherboard ထုတ်လုပ် တဲ့ Companey တွေပါ၀င်ပါတယ်။ ဒါကြောင့် နောက်ထပ် ထွက်မည့် ခေတ်မီ Operation System တွေမှာ UEFI ဟာ အားလုံးကိုက်ညီမှာဖြစ်ပါတယ်။
၁၀။ UEFI မှာ အဓိက ပစ်မှတ်ထားတာကတော့ Driver တွေပဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ Device Driver တွေကိုရေးဆွဲတဲ့ သူတွေအတွက် အမျိုးမျိုးသော Platforms အတွက် အများကြီး ထပ်ရေးစရာမလိုတော့ပါဘူး။
ဥပမာ Motherboard တစ်ခုရဲ့ North Bridge နဲ့ Sourth Bridge တွေအတွက် Driver ဟာ Linux Platform မှာ Run သလို Windows Platform မှာလဲ အဆင်ပြေပြေ Run နိုင်အောင် UEFI က ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အကယ်လို့ သင်ဟာ Windows သုံးတဲ့သူဆိုရင် အဲဒါဟာ အဓိက ပြဿနာဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ Windows 8 ကနေစပြီးတော့ Driver တွေဟာ x64 နဲ့ ARM architecture အနေနဲ့ Run နိုင်နေပြီပဲဖြစ်ပါတယ်။
#uefi #legacy #windows