
Apple ဟာ 2019 ခုနှစ် CES (Consumer Electronics Show) မှာ Microsoft ရဲ့ Blue Screen of Death (BSOD) ကို troll လုပ်ခဲ့တဲ့အဖြစ်အပျက်တစ်ခု ရှိခဲ့ဖူးပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့
Apple ဟာ Las Vegas မှာကျင်းပခဲ့တဲ့ CES 2019 မှာ Mac နဲ့ iOS အတွက် ကြော်ငြာဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲခဲ့ပါတယ်။ အဲဒီဆိုင်းဘုတ်မှာ Blue Screen of Death (BSOD) ပုံစံကိုဖော်ပြထားပြီး၊ အောက်မှာ စာသားအနေနဲ့
“Oops! Forgot we’re not on Windows. 😆” (ဪ မေ့သွားလို့… ကျွန်တော်တို့က Windows မှ မဟုတ်တာ… ဟီးဟီး)
ဆိုတဲ့စာသားပါဝင်ပါတယ်။
ကမ္ဘာအနှံ့က BSOD
BSOD ဟာ ဝင်းဒိုး Platform သုံးထားတဲ့ ဘယ်စက်မှာမဆို ဖြစ်လေ့ရှိပါတယ်။ Cause အကြောင်းရင်း အမျိုးမျိုးနဲ့ပါ။ ဒီတော့ Personal Computer တွေက စလို့ လေဆိပ်က ခရီးစဉ်ကြေငြာတဲ့ Display Board တွေ၊ ကမ္ဘာကျော် Las Vegas က 6D Sphere ၊
နေရာစုံ ကမ္ဘာအနှံ့မှာ ဖြစ်ခဲ့ပါတယ်။ ဒီတော့လည်း ဝင်းဒိုး ပလက်ဖောင်းကို လူတွေဟာ Troll နည်းပေါင်းစုံနဲ့ Troll ခဲ့ကြတာပေါ့။
ဆယ်စုနှစ် ၃-ခုစာလောက် တစ်ကမ္ဘာလုံးက ဝိုင်းလှောင်တာ မသိချင်ယောင်ဆောင်ခဲ့တဲ့ MS ဟာ သူ့ရဲ့ အဓိကပြိုင်ဖက်ကြီး Apple ကပါ တနိုင်တပိုင် ဝင်လှောင်တာကိုတော့ ခံနိုင်စွမ်းမရှိတဲ့ပုံပါပဲ။
Blue Screen မှ Black Screen သို့
ဘာလုပ်လိုက်လဲဆိုတော့ သူ့ရဲ့ Window 11 မှာတော့ issue ရှိလာရင် အရင်လို့ Blue Screen of Death ကို မပြတော့ဘဲ Black Screen of Death ကိုပဲ ပြတော့မှာဖြစ်ပါတယ်။
Black Screen of Death (BlSoD)
BlSOD မှာတော့ အရင် Blue Screen လို issue ကို အဖြေရှာနိုင်မဲ့ QR code တွေ၊ BSOD code တွေ၊ မဲ့နေတဲ့၊ ပြုံးနေတဲ့ emoji ပုံလေးတွေ ပြနေတော့မှာမဟုတ်ဘဲ “မင်းစက်တော့ ကွိုင်တက်နေပြီ၊ စက်ကိုပြန်ပိတ်/ဖွင့်ပေးဖို့ လိုနေပြီ ငါ့ကောင်” ဆိုတဲ့ Your Device ran into a problem and need to restart ဆိုပြီးပဲပြောတော့မှာပါ။
Technician တွေအတွက်တော့ ခေါင်းချွေးပြန်မယ့်အကွက်
ဒီအပြောင်းအလဲဟာ ဘာဖြစ်စေလဲဆိုတော့ အရင် BSOD လို ပြဿနာရဲ့ Root Cause အကြောင်းရင်းကို Technician တွေ က code ဖတ်တာနဲ့တန်းသိပြီး Solution ရှာနိုင်မှာ မဟုတ်တော့ပါဘူး။
အရင် BSOD မှာတော့ issue အများစုကို Code ကို ဖတ်လိုက်တာနဲ့ အဖြေထုတ်နိုင်ခဲ့တာပါ။ အခုတော့ ဒါတွေမရှိတာကြောင့် ဘာကြောင့်ဖြစ်လဲ ဆိုတာတွေ၊ ဘယ်လို ဖြေရှင်းရမလဲ ဆိုတာတွေဟာ အဖြေရှာရခက်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နည်းပညာဆိုတာ အမြဲတမ်း တိုးတက်ပြောင်းလဲနေတဲ့အတွက် ပိုမိုလွယ်ကူတဲ့အပြောင်းအလဲတစ်ခုကို ကြုံရမယ်လို့မျှော်လင့်ပါတယ်။
ကြိုက်သူနဲ့ မကြိုက်သူ
လူတို့ထုံးစံအတိုင်း MS ရဲ့ ဒီ အပြောင်းအလဲကိုလည်း ထောက်ခံသဘောတူသူနဲ့ လက်မခံနိုင်ဘဲ အဟောင်းလေးပဲ ကောင်းတာပေါ့ ဆိုတဲ့ Controversial တွေကတော့ ရှိနေတုန်းပါပဲ။
Technician တွေကတော့ ဒီ Black Screen အပြောင်းအလဲဟာ မလိုကြောင်း ၊ Window ရဲ့ မလိုအပ်ဘဲ BIOS မှတဆင့်၊ Kernel ၊ Kernel ကနေ Window OS ကို အဆင့်ဆင့်သွားပြီး မလိုအပ်တဲ့ software တွေနဲ့ ပြင်ဆင်ထားမှုကြောင့်သာဖြစ်ပြီး BSOD ဟာ တကယ်တမ်းတော့ Troubleshooting (ပြဿနာအဖြေရှာ) မှာ အကူအညီဖြစ်ကြောင်း၊ အခု BlSOD ကတော့ Troubleshooting ကိစ္စတွေမှာ အနှောင့်အယှက်ဖြစ်မှာဖြစ်ကြောင်း ထောက်ပြပြောဆိုကြပြီး Window Help Desk မှာ BSOD ရဲ့ မဲ့နေတဲ့ emoji ဟာ လွမ်းစရာလေးတွေ ဖြစ်နေတော့မှာဖြစ်ကြောင်း ညည်းတွားနေကြတာကို တွေ့ရှိရပါတယ်။