အသုံးဝင်တဲ့ Website (၁၀) ခု

အသုံးဝင်တဲ့ Website ၁၀ ခု

ဒီ Website ၁၀ -ခုသာ ကြိုသိခဲ့ရင် တော်တော်ကောင်းမယ်

  1. Snapdrop.net
    ဒီ Website ကတော့ ဘယ် Phone ဖြစ်ဖြစ် ဘယ် Deviceဘဲ ဖြစ်နေ File ကို ကြားခံမလိုဘဲ Share နိုင်ပါတယ်။
    ကြိုးလည်းမလိုဘူး ၊ Zapya လည်းမလိုဘူး ၊ Same Wifi ဖြစ်နေရင် ကြိုက်ရာ File – Data – Picture – Video ကို လှမ်းပို့ပေးနိုင်ပါတယ်။
    သုံးပုံ သုံးနည်းလည်း အရမ်းရိုးရှင်းပြီး အလွယ်ကူဆုံး File Share လုပ်နိုင်တဲ့ Website လည်းဖြစ်ပါတယ်။
  2. Kamua.com
    ခုလို Tiktok တွေ Instagram Reels တွေ Youtube Shorts တွေ ခေတ်စားနေချိန်မှာ အများဆုံး 16:9 Aspect Ratioနဲ့ ရိုက်ကြပြီး Reels တို့ ဘာတို့မှာ တင်မယ်ဆို 9:16 Aspect Ratio နဲ့ ရိုက်ရကြပါတယ်။
    ဒါကြောင့် ဒါလေးကတော့ ပြန်ပြီး ရိုက်နေစရာ မလိုဘဲ ရှိတဲ့ 16:9 Ratio Video ကို 9:16 ပြန်ပြောင်းပေးမဲ့ Website လည်းဖြစ်ပါတယ်။
    Server Speed လည်း တော်တော်ကောင်းတော့ အချိန်တိုမှာဘဲ Video Upload & Download လုပ်နိုင်ပါတယ်။
    ကိုယ်ရဲ့ Internet Speed တော့ မြန်ဖို့ လိုမယ်နော်။
  1. remove.bg
    ဒါလေးကတော့ Passport ဓာတ်ပုံဖြစ်ဖြစ် Driver License – National Identity Card မျိုးစုံကို ဆိုင်တွေ သွားရောက် ရိုက်နေစရာ မလိုဘဲ ကိုယ်ရိုက်ထားတဲ့ ပုံကို Background Remove လုပ်ပေးတဲ့ Website လေးဖြစ်ပါတယ်။
  1. earth.google.com
    နိုင်ငံတကာ ပတ်နေစရာမလိုဘဲ Realityကို Virtual World လို ကြည့်ချင်နေရင် အကောင်းဆုံး ကြည့်ရှုလေ့လာနိုင်တဲ့ Google Earth Website ဖြစ်ပါတယ်။
    ကိုယ်ရောက်သွားသလို 2D 3Dနဲ့ ကြည့်ရှုနိုင်ပြီး ကိုယ်ရဲ့ Dream Country လေးကို ခဏသာ ကြည့်ပြီး သွားရောက်ဖို့ အတူကြိုးစားလိုက်ရ‌အောင်…
  1. pdfescape.com
    တစ်ခါတစ်လေ pdfမှာ edit ဖို့ လိုနေပေမဲ့လည်း Adobe Acrobat ကြီး မရှိတဲ့ အချိန် အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလေးကို pdfescape ဖြစ်ပါတယ်။
    pdfescape က တစ်ဆင့် ကိုယ်လိုချင်တာတွေ ထည့်မယ်၊ Signature တွေထိုးမယ် စသည် အများကြီး ထပ်မံလုပ်လို့ရပါတယ်။
  1. unsplash.com
    High Resolution ဓာတ်ပုံများ Short Video များအစားထိုးသုံးဖို့အတွက် သိန်းချီထဲက ကြိုက်နှစ်သက်ရာ ရွေးယူပြီး အသုံးပြုနိုင်ပါတယ်။
    အားလုံးနီးပါး Freeဆိုတော့ ဒို့မြန်မာတွေအတွက် အကြိုက်ပေါ့…!
  1. app.grammarly.com
    Email ပို့တာဖြစ်ဖြစ် နိုင်ငံခြား Supplier သို့မဟုတ် ဧည့်သည်တွေနဲ့ ပြောတာဖြစ်ဖြစ် ကိုယ်သုံးနေတဲ့ English စကားလုံးနဲ့ Grammar မှန်မမှန် စစ်ဆေးပေးတဲ့ Website ဖြစ်ပါတယ်။
    တော်တော်များများလည်း အသုံးပြုကြပြီး ခုဆို “အများပြား Extension”တွေ တွဲသုံးနေကြပါတယ်။
  1. invideo.io
    ကိုယ်ရဲ့ စီးပွားရေး ကိုယ်ရဲ့ Productတွေကို Professional ကျကျ ဆွဲဆောင်စရာ Video ပြုလုပ်လို့ရတဲ့ Website ဖြစ်ပါတယ်။
    သိန်းဂဏန်းပေးစရာမလိုဘဲ ကိုယ်ပိုင် Brand Stories Video ကို အခမဲ့ ဖန်တီးနိုင်ပါတယ်။
  1. semrush.com
    ဒီခေတ်မှာ အရမ်းလေ့လာရတဲ့ Competitor တွေရဲ့ Strategy ကို လေ့လာနိုင်တဲ့ Websiteလေးဖြစ်ပါတယ်။
    မြန်မာနိုင်ငံမှာတော့ SEO Run တာ အရမ်းနည်းပြီး Web Page တွေပဲ လေ့လာနိုင်မှာဆိုတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ရသူတွေအတွက် ဒီ Website ကတော့ ရွှေလို တန်ဖိုးရှိပါတယ်။
  1. urbandictionary.com
    နေ့တိုင်းလိုလို Slang & Informal Words တွေ ထွက်နေတဲ့ “English Language”မှာ အသေးစိတ် အဓိပ္ပာယ်ကို ရှင်းပြပေးတဲ့ Educational Websiteကောင်းလေးဖြစ်ပါတယ်

#jdbKX #Article #နည်းပညာဆောင်းပါး #Website #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

👁️ ဖတ်ရှုပြီးမှုကြိမ်ရေ: ၂၁

Author: admin

1 thought on “အသုံးဝင်တဲ့ Website (၁၀) ခု

  1. Whɑt’s up, this weekend is nice in favor of me,
    since this occasion i am rеading this fantastic educational
    paragraph here at my home.

Leave a Reply

Your email address will not be published. Required fields are marked *