2024 Future of Memory နဲ့ Storage Conference မှာ Western Digital က ကမ္ဘာ့ပထမဆုံး 8TB SD Card နဲ့ 16TB External SSD ကို ကြေညာလိုက်ပါတယ်။ Expandable Storage ဈေးကွက်မှာ ဦးဆောင်နေတဲ့ Western Digital ဟာ SanDisk 8TB SDUC UHS-I SD Card နဲ့ 16TB SanDisk Desk Drive External SSD ကို ကြေညာလိုက်တာပါ။
SanDisk 8TB SD Card ဟာ Consumer Device တွေအတွက် သင့်တော်ပါတယ်။ 100MBps Speed ကို ထောက်ပံ့ပေးနိုင်တဲ့ Secure Ultra Capacity (SDUC) စံနှုန်း ပါလာပါတယ်။ ကုမ္ပဏီက Speed အပိုင်းမှာ အရင်မျိုးဆက်ထက် ၈ ဆ ပိုမြန်ပြီး Storage များတဲ့အတွက် ပရော်ဖက်ရှင်နယ် ဓါတ်ပုံနဲ့ ဗီဒီယိုသမားတွေအတွက် အလွန်အသုံးဝင်မယ်လို့ ပြောပါတယ်။
ကုမ္ပဏီဟာ လက်ရှိမှာ အမေဇုန်မှာ ၁၃၉ ဒေါ်လာနဲ့ SanDisk 1TB Extreme PRO SDXC UHS-I ကို ရောင်းချထားပါတယ်။ 8TB SD Card ရဲ့ ဈေးနှုန်းကိုတော့ ကုမ္ပဏီက မပြောသေးပေမဲ့ 1TB SD Card ထက် ဈေးနှုန်း ပိုများမှာ သေချာပါတယ်။
Source : www.dpreview.com
#jdbKX #Article #နည်းပညာဆောင်းပါး #8TBSDCard #Online #Games #Myanmar #OnlineGamesMyanmar #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames