လူသားတွေထက် အသိဉာဏ်ပိုမြင့်တယ်ဆိုတဲ့ Google ရဲ့ Gemini (AI) ဆိုတာ ဘာကြီးလဲ

လူသားတွေထက် အသိဉာဏ်ပိုမြင့်တယ်ဆိုတဲ့ Google ရဲ့ Gemini (AI) ဆိုတာ ဘာကြီးလဲ

Gemini ဆိုတာ Google ရဲ့ AI ရေသောက်မြစ်ကြီးပါ။ Google ကတော့ Gemini ကို သူတို့ရဲ့ အကြီးမားဆုံးနဲ့ အစွမ်းထက်ဆုံး AI မော်ဒယ်ကြီးဆိုပြီး ပြောထားပါတယ်။

Gemini ဘာတွေလုပ်နိုင်လဲ ?

Gemini က Large Language Model (LLM) ပါပဲ။ ဒါပေမယ့် တခြား LLM တွေထက် ထူးခြားတာက စာလုံးတွေကိုတင် မဟုတ်ဘဲ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အသံဖိုင်တွေကိုပါ Gemini က နားလည်နိုင်စွမ်းရှိတယ်။ ဆိုလိုတာက သူ့ကို ဓာတ်ပုံ ၁-ပုံ ပြလိုက်မယ်ဆိုရင် ဘာပုံအမျိူးအစားလဲဆိုတာ ပြောနိုင်တယ်၊ ခွဲခြားနိုင်တယ်။ ဗီဒီယိုပြလိုက်ရင် ဘာဗီဒီယိုလဲ၊ ဘာအကြောင်းအရာတွေကို ပြောထားတာလဲဆိုတာတွေကို ပြန်ပြောပေးနိုင်တယ်။ အသံဖိုင်ဆိုရင်လည်း သီချင်းအမျိုးအစားတွေကအစ သိတယ်။

Gemini ဘယ်နှစ်မျိူးရှိလဲ ?

Gemini ကို မော်ဒယ် ၃-မျိူး ခွဲထားပါတယ်။ Gemini Nano, Gemini Pro နဲ့ Gemini Ultra ဆိုပြီးတော့ပါ။

Gemini Nano

Nano မော်ဒယ်က Android ဖုန်းတွေမှာ သတ်မှတ်ထားတဲ့ AI အကူအညီတွေကို အင်တာနက်မလိုဘဲ Offline သုံးလို့ရအောင် လုပ်ပေးနိုင်တဲ့ ကောင်လေးပါ။

Gemini ကို ကျွန်တော်တို့လို End-user တွေက တိုက်ရိုက်သုံးလို့ ရမှာမဟုတ်ဘူး။ ဒါပေမယ့် သူက နောက်ကွယ်ကနေ ပါဝင်ပတ်သက်နေမှာပါ။ အခုဆိုရင် Google Pixel 8 Pro ဖုန်းတွေမှာ Gemini Nano ကျေးဇူးကြောင့် Recorder App ထဲက အသံတွေဖိုင်တွေကို Summarize (အနှစ်ချုပ်) ပြန်ထုတ်ပေးနိုင်ပြီ။ Pixel 8 Pro ဖုန်းနဲ့ WhatsApp သုံးရင် တစ်ဖက်လူပြောတဲ့စကားအပေါ် မူတည်ပြီး ကိုယ့်ဘက်က ဘာပြန်ပြောရမလဲဆိုတာကို Gboard (Keyboard) မှာ Suggestion အနေနဲ့ ဖော်ပြပေးနေပြီ။ ဒါကို Smart-reply လို့ ခေါ်ပါတယ်။ လောလောဆယ် English Language ပဲ ရပါသေးတယ်။

ဒါတွေက အစပဲရှိပါသေးတယ်။ နောက်ပိုင်းကျရင် Google ရဲ့ App တွေအပါအဝင် တခြား Android App တွေမှာပါ On-device မှာ Offline Run နိုင်တဲ့ AI လုပ်ဆောင်ချက်တွေ အများကြီးရှိလာတော့မှာပါ။

Gemini Pro

Pro က Nano ထက် အဆင့်မြင့်တဲ့ မော်ဒယ်ပါ။ အသိဉာဏ်ပိုမြင့်တယ် ဆိုပါတော့…

ဒီကောင့်ကို အခု Google Bard မှာ ထည့်သုံးထားပါတယ်။ အဲ့ဒါကြောင့် Bard က မေးခွန်းတွေကို အရင်တုန်းကထက် ပိုနားလည်လာမှာဖြစ်သလို၊ အဖြေတွေကိုလည်း ပိုမှန်အောင် ရှင်းရှင်းလင်းလင်း ထုတ်ပေးနိုင်လာပါလိမ့်မယ်။

Google က ဒီ Gemini Pro ကို Bard အပြင် သူတို့ရဲ့ AI Services တွေအကုန်လုံးနီးပါးမှာ ထည့်သုံးဖို့ ရည်ရွယ်ထားတာပါ။Developer တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက Gemini Nano နဲ့ Pro မော်ဒယ်တွေကို သုံးခွင့်ရမှာပါ။

Gemini Ultra

Ultra ကတော့ အကြမ်းဆုံး Gemini မော်ဒယ်ပါ။ Google ကတော့ သူတို့ရဲ့ တိုင်းတာစစ်ဆေးချက်တွေအရ လက်ရှိနာမည်အကြီးဆုံးလို့ ပြောလို့ရတဲ့ ChatGPT-4 ထက် အများကြီးသာတယ်လို့ ပြောပါတယ်။

Gemini Ultra ရဲ့ အသိပညာနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို လူသားပညာရှင်တွေနဲ့ နှိုင်းယှဥ်ဖို့အတွက် သင်္ချာ၊ ရူပဗေဒ၊ သမိုင်း၊ ဥပဒေ၊ ဆေးပညာနဲ့ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာတို့လိုမျိူး ဘာသာရပ်ပေါင်း ၅၇-ခုပေါင်းစပ်ထားတဲ့ Massive Multitask Language Understanding (MMLU) နဲ့ မေးခွန်းတွေမေးပြီး စမ်းသပ်တိုင်းတာခဲ့ပါတယ်။

Gemini Ultra ဟာ လူသားပညာရှင်တွေထက် အသိဉာဏ်ပိုကောင်းတဲ့ ပထမဦးဆုံး AI မော်ဒယ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

Ref: The Verge, CNBC
Credit – The Droid

#jdbkx.com #နည်းပညာဆောင်းပါး #Google #Gemini(AI) #လူသားတွေထက်အသိဉာဏ်ပိုမြင့် #Online #Games #Myanmar #OnlineGamesMyanmar

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *