Google Search နန်းကျတော့မှာလား

Google Search နန်းကျတော့မှာလား

Search Engine လောကကြီးကို တစ်ချိန်လုံးစိုးမိုးနိုင်ခဲ့တဲ့ “Google တို့ နန်းကျတော့မှာလား?” ဒါက အခုတလော လူပြောများလာတဲ့ မေးခွန်းပါ။

အရင်တုန်းကဆိုရင် ကျွန်တော်တို့ဟာ သိချင်တာတစ်ခုခုပေါ်လာတိုင်း Google ပြေးခေါက်ရပါတယ်။ အခုနောက်ပိုင်းမှာတော့ AI တွေကို မေးလို့ရလာပါပြီ။ ChatGPT နဲ့ Microsoft Copilot အပါအဝင် Perplexity AI လိုမျိူး Search Engine နဲ့ Chrome အစားထိုး Arc Browser တွေဟာ Google ရဲ့ ရွှေခေတ်ကို ကောင်းကောင်းကြီး ခြိမ်းခြောက်နေတာပါ။

ဒါကို Google ကလည်း နားလည်သဘောပေါက်ထားပြီး Search Engine က အခရာမကျတော့တဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားပုံရပါတယ်။

Google Search မှာ အကြောင်းအရာတွေကို လို-တို-ရှင်း Summarize လုပ်ပေးနိုင်တဲ့ Generative AI Feature ကို စမ်းသပ်နေပေမဲ့ ပြီးခဲ့တဲ့ရက်က Bard ကို နာမည်ပြောင်းပြီးပွဲထုတ်လိုက်တဲ့ Gemini ကသာ Google Search ရဲ့ အနာဂတ်ပါပဲ။ Google CEO ဖြစ်သူ Sundar Pichai ကိုယ်တိုင်က Gemini ဟာ Search Engine မလိုဘဲ User တွေ ဖြစ်ချင်တာတွေကို ပြီးမြောက်အောင်စွမ်းဆောင်ပေးဖို့အတွက် စမ်းသပ်မှုတစ်ခုဖြစ်တယ်ဆိုပြီး ပြောထားပါတယ်။

မကြာတော့တဲ့ အနာဂတ်မှာတော့ ကျွန်တော်တို့တွေဟာ Google Search အစား AI Chatbot တွေနဲ့ပဲ နှစ်ပါးသွားကြမဲ့ အနေအထားပါ။ ဒါကြောင့် “Google ခေါက်လိုက်” ဆိုတဲ့ စကားလုံးကလည်း ပျက်သုဥ်းသွားနိုင်ပါတယ်။

#jdbkx.com #Article #ဆောင်းပါး #GoogleSearch #AI #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *