အရေးကြီးတဲ့ Data တွေမပျက်သွားစေဖို့ ဘယ်လို Backup လုပ်ကြမလဲ?

ဖိုင်တွေကိုဘယ်မှာ Backup လုပ်ကြမလဲ2

လက်ရှိ Computers တွေထဲက Data တွေဟာဆိုရင် ကျွန်တော်တို့ရဲ့ဘဝအတွက် တော်တော်လေး အရေးပါတယ်လို့ပြောရပါတယ်။ ဒါပေမဲ့လည်း ဒီလိုအရေးကြီးတဲ့ Data တွေဟာ အခြေအနေအမျိုးမျိုးကြောင့် ပျက်သွားတာမျိုးတွေရှိတတ်ပါတယ်။

ဥပမာအနေနဲ့ ပြောရရင် Computer Hard Disk မကောင်းတာ ၊ ဒါမှမဟုတ် Software ချို့ယွင်းမှုတွေကြောင့်ပါပဲ။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့ဘက်ကနေ Computer ကို Backup မလုပ်ထားဘူးဆိုရင်တော့ အရေးကြီးတဲ့ Files တွေ ပြန်ယူလို့မရတော့တဲ့အထိဖြစ်သွားမှာပါပဲ။
ဒါကြောင့်မို့လို့ ဒီနေ့ Article မှာ Computer ထဲက Data တွေကို ဘယ်လို Back up လုပ်ရမလဲဆိုတာကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
.

၁။ ဘယ် Files တွေကို Back up လုပ်ရမလဲ?

ပထမဆုံးအနေနဲ့ကတော့ စာဖတ်သူအနေနဲ့ Computer ထဲမှာ အရေးပါတဲ့ Data တွေ ၊ Files တွေကို သိထားဖို့ပါပဲ။ ဥပမာအနေနဲ့ပြောရရင် Documents , photos , videos တွေနဲ့ တခြားသော Data တွေပါပဲ။ တခြား Operation System နဲ့ Programs တွေက Drive fails သွားခဲ့ရင် ပြန် Download လုပ်လို့ရသေးတာမို့လို့ Back up လုပ်ဖို့သိပ်မလိုအပ်ပါဘူး။ Personal Data တွေကိုသာ အဓိကထားပြီး Back up လုပ်စေချင်ပါတယ်။ တကယ်လို့ Operation System ၊ Programs တွေနဲ့ Settings တွေကို Back up လုပ်ချင်ရင်လည်း လုပ်လို့ရပါတယ်။
.

၂။ Backup လုပ်ဖို့နည်းလမ်းများ

Computer မှာ Back up လုပ်ဖို့က နည်းလမ်းအများကြီးရှိပါတယ်။ ဒီထဲကနေ လွယ်ကူပြီးရိုးရှင်းတဲ့နည်းလမ်းတွေကိုအောက်မှာဖော်ပြပေးထားပါတယ်။
.

  • External Drive တစ်ခုနဲ့ Back up လုပ်ပါ
    စာဖတ်သူမှာ External USB Hard Drive တစ်ခုရှိတယ်ဆိုရင် Computer မှာ Built in ပါတဲ့ Backup Features နဲ့ Data တွေကို Backup လုပ်လို့ရပါတယ်။ Windows 10 ၊ 8 မှာ File History ကိုသုံးပြီး Back up လုပ်လို့ရပြီး Windows 7 မှာတော့ Windows Backup ကိုသုံးပြီး Back up လုပ်လို့ရပါတယ်။ Apple ရဲ့ Macs တွေမှာတော့ Time Machine ကိုသုံးပြီး Back up လုပ်နိုင်ပါတယ်။

    Back up လုပ်နည်းကတော့ Drive နဲ့ Computer ကိုချိတ်ဆက်ပြီး Backup tool အသုံးပြုကာလုပ်ရုံပါပဲ။ ဒီ External Drive နဲ့ Backup လုပ်တာရဲ့ အားသာချက်ကတော့ လွယ်ကူမြန်ဆန်တာပါပဲ။
    .

၃။ Internet ပေါ်မှာ Back up လုပ်ထားခြင်း

ဒါကတော့ ကျွန်တော်တို့ရဲ့ Files တွေကို Internet Service တွေမှာ Back up လုပ်ထားတာပါပဲ။ ဒီလို Internet Service ကနေ Backup လုပ်တာက တစ်လကို 5$ လောက်ပေးရပေမဲ့ Data တွေကို လုံလုံခြုံခြုံ Back up လုပ်ထားချင်ရင် Internet Service ကနေ Back up လုပ်ဖို့အကြံပေးချင်ပါတယ်။
.

၄။ Cloud Storage Service ကိုသုံးပါ

စာဖတ်သူအနေနဲ့ Hard Drive မှာ Back up မလုပ်ချင်ဘူးဆိုရင် ဒီနည်းကတော့ Back up လုပ်ဖို့ အဆင်ပြေပါတယ်။ Cloud Storage Service ဆိုတာကတော့ Dropbox, Google Drive, Microsoft OneDrive လိုမျိုး Service တွေကိုပြောတာပါ။ ဒီ Service တွေကို Computer နဲ့ချိတ်ထားပြီး Files တွေကို Upload ထားမယ်ဆိုရင် Hard Drive ပျက်သွားတဲ့အခါ Files တွေပြန်မရတော့မှာကို စိတ်ပူစရာမလိုတော့ပါဘူး။ နောက်ပြီး ဒီ Cloud Storage Service ဟာ သတ်မှတ်ထားတဲ့ Storage နဲ့ Free အသုံးပြုလို့ရပါတယ်။ Storage ထပ်တိုးမယ်ဆိုရင်တော့ ငွေနည်းနည်းထပ်စိုက်ရပါတယ်။
ဆိုတော့ ဒီလို Back up နည်းလမ်းတွေကြားမှာ ဘယ် Back up နည်းလမ်းကို အသုံးပြုရမလဲ??
ကျွန်တော်အကြံပေးချင်တာကတော့ နည်းတစ်ခုတည်းနဲ့ Back up မလုပ်ဘဲ နည်းနှစ်မျိုးနဲ့ Back up လုပ်ထားစေချင်ပါတယ်။ ဥပမာအနေနဲ့ External USB Hard Drive နဲ့ Back up လုပ်ထားတဲ့အပြင် Cloud Storage Service ကနေပါ Back up လုပ်ထားတာမျိုးပါပဲ။
အခုလောက်ဆိုရင်တော့ Computer ထဲက Data တွေကို ဘယ်လို Back up လုပ်ရမလဲဆိုတာကိုစာဖတ်သူအားလုံးနားလည်လောက်ပြီလို့မျှော်လင့်ပါတယ်။

Cloud Storage တွေကို နှစ်စဉ် Plan နဲ့ဝယ်သုံးမယ်ဆိုရင် ဘယ် service က ပိုပြီးအဆင်ပြေမလဲဆိုတာ နောက်ထပ် ဆောင်းပါးတစ်ပုဒ် ရေးပါဦးမယ်။
အချိန်ပေးပြီး အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

#jdbkx.com #Article #ဆောင်းပါး #Backup #CloudStorage #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *