Digital ခေတ်မှာ အခြေချလာကြရတဲ့လူတွေအားလုံး Digital tools တွေနဲ့ နည်းပညာပေါင်းများစွာကို ကျောင်းအတွက်၊ အလုပ်အတွက်၊ စိတ်အပန်းပြေဖို့အတွက် အစရှိတဲ့ အကြောင်းအမျိုးမျိုးအတွက် အသုံးပြုနေကြရပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်အသုံးပြုတဲ့ tools တွေ နည်းပညာတွေကို အပြည့်အဝနဲ့ သုံးစွဲနိုင်ဖို့နဲ့ ကိုယ့်အချက်အလက်တွေကို လုံလုံခြုံခြုံ သိမ်းဆည်းထားဖို့အတွက် ကိုယ်ပိုင် Account တွေကို လျှို့ဝှက်နံပါတ်(password) တွေနဲ့ ကာကွယ်ပြီး ဖွင့်ကြရပါတယ်။
ဒါပေမဲ့ များသောအားဖြင့် account တွေထဲကို Log in ဝင်တဲ့အခါမှာ ကိုယ့်အတွက် ခပ်မြန်မြန်ဝင်နိုင်ဖို့နဲ့ လျှို့ဝှက်နံပါတ်ကို မှတ်မိနိုင်ဖို့အတွက် လွယ်ကူရိုးရှင်းတဲ့ ဂဏန်းတွေ ဥပမာ ၁၊ ၂၊ ၃၊ ၄ လိုမျိုးတွေထားလေ့ရှိကြပါတယ်။ တကယ်တော့ ဒါဟာကိုယ့် Account ထဲကို ခိုးဝင်ချင်တဲ့သူတွေအတွက် အရမ်းကိုလွယ်ကူစေတဲ့ လျှို့ဝှက်နံပါတ်တွေဖြစ်နေနိုင်တာကိုတော့ မေ့နေလေ့ရှိကြပါတယ်။
ဒီကနေ့မှာတော့ ကိုယ့်ရဲ့အချက်အလက်တွေ လုံခြုံအောင် ဘယ်လိုလျှို့ဝှက်နံပါတ်မျိုးထားသင့်သလဲဆိုတာကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
၁။ ထူးခြားပြီး ခန့်မှန်းရမလွယ်ကူတဲ့ လျှို့ဝှက်နံပါတ်ကို ထားပါ။
ဒီနေရာမှာ ကိုယ့်ရဲ့မွေးနေ့၊ ကိုယ့်ရဲ့နာမည်လိုမျိုး ခန့်မှန်းရလွယ်တဲ့ လျှို့ဝှက်နံပါတ်တွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ 0-9 အတွင်းက ဂဏန်းတွေအပြင် စာလုံးတွေနဲ့ @,*,$,!,# အစရှိတဲ့ special character တွေကို တွဲစပ်အသုံးပြုသင့်ပါတယ်။ စာလုံးတွေထည့်တဲ့နေရာမှာလည်း Uppercase Letter, Lowercase Letter မျိုးတွေထားသင့်ပါတယ်။ နောက်ပြီး 1,2,3,4,5 လို၊ Aaaaaa လို ဂဏန်းအစဉ်လိုက်မျိုးတွေ၊ ထပ်တလဲလဲပါတဲ့စကားလုံးတွေ မထည့်တာ အကောင်းဆုံးပါပဲ။
၂။ လျှို့ဝှက်နံပါတ်ကို ခပ်ရှည်ရှည်ထားပါ။
ကိုယ်မှတ်မိရလွယ်တဲ့ စာသားပါတဲ့ လျှို့ဝှက်နံပါတ်မျိုးကို ဂဏန်းနဲ့ special character နဲ့တွဲပြီး ခပ်ရှည်ရှည်ထားပါ။ ၁၂ -လုံးက အသင့်တော်ဆုံး လျှို့ဝှက်နံပါတ်အရေအတွက်ဖြစ်တယ်ဆိုပေမဲ့ အနည်းဆုံးတော့ ၈ -လုံးလောက်တော့ ထားသင့်ပါတယ်။ ဥပမာ !Education4Every1@
ကိုယ့်အတွက်မှတ်မိလွယ်စေမဲ့ စာစုကိုရွေးရာမှာလည်း ကိုယ်အကြိုက်ဆုံး စာစုတွေ၊ ကိုယ်အပြောများတာတွေကို မသုံးမိဖို့လိုပါတယ်။ ကိုယ်က အမှတ်တမဲ့ ဒီ information ကို ပြောထားမိတဲ့အခါမှာ တစ်စုံတစ်ယောက်က ဒါကို လျှို့ဝှက်နံပါတ် ခန့်မှန်းရာမှာ အသုံးချနိုင်လို့ပါပဲ။ Dictionary ထဲက ရတဲ့ စာလုံး၊ စာစုတွေကိုရှောင်တာလည်း ကောင်းပါတယ်။ Hacker တွေက Dictionary ထဲမှာပါတဲ့ စာလုံးတွေ၊ စာစုတွေကို အစုလိုက်တိုက်စစ်ပြီး password ဖြည်တဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့ Dictionary attack အသုံးပြုနိုင်လို့ပါပဲ။
၃။ မတူညီတဲ့ Account တွေအတွက် မတူညီတဲ့ လျှို့ဝှက်နံပါတ်တွေကို ထားပါ။
ကိုယ့်ရဲ့ Account တစ်ခုရဲ့ လျှို့ဝှက်နံပါတ်က ပေါက်ကြားသွားတာ ခံရတဲ့အခါ တခြား Account တွေပါ မပါသွားစေဖို့အတွက် မတူတဲ့ လျှို့ဝှက်နံပါတ်တွေကို သုံးသင့်ပါတယ်။
၄။ မကြာခဏ လျှို့ဝှက်နံပါတ်ကို ပြောင်းလဲပေးပါ။
လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ကိုယ့်ရဲ့လျှို့ဝှက်နံပါတ်ကို မကြာခဏပြောင်းလဲပေးပါ။ ကိုယ့် Account ကို ခိုးယူလိုသူတွေရှိတယ်လို့ သံသယရှိခဲ့ရင် လျှို့ဝှက်နံပါတ်တွေကို မကြာခဏပြောင်းလဲပေးသင့်ပါတယ်။
ဒီလောက်ဆိုရင်တော့ ကိုယ့်ရဲ့ Account တွေအတွက် ဘယ်လိုလုံခြုံတဲ့ လျှို့ဝှက်နံပါတ်တွေကို ထားရမလဲဆိုတာ တွေးမိကြလောက်ပြီလို့ ယုံကြည်ပါတယ်။
#jdbkx.com #Article #ဆောင်းပါး #လျှို့ဝှက်နံပါတ် #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames