Elon Musk ဟာ အကြံကြီးတဲ့ နည်းပညာဂုရုကြီး ဖြစ်ပါတယ်၊ သူဟာ အာကာသကို နယ်ချဲ့ဖို့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်၊ သူ့ရဲ့ ကြီးမားတဲ့ နောက်ထပ် အကြံတစ်ခုက ကွန်ပျူတာနဲ့ စက်ပစ္စည်းတွေကို ထိန်းချုပ်နိုင်တဲ့ Chip ကို လူတွေရဲ့ ဦးနှောက်ထဲမှာ ထည့်သွင်းဖို့ ဖြစ်ပါတယ်၊ လွယ်လွယ်ပြောရရင် လူတစ်ယောက်ဟာ ဦးနှောက်ကနေ စဉ်းစား သို့မဟုတ် အမိန့်ပေးလိုက်တာနဲ့ ကွန်ပျူတာနဲ့ စက်ပစ္စည်းတွေကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။
သူဟာ အဲဒီ နည်းပညာကို တီထွင်ဖို့ Neuralink ကုမ္ပဏီကို တည်ထောင်ထားပါတယ်၊ ဒီနည်းပညာကို တိရိစ္ဆာန်တွေနဲ့ စမ်းသပ်ထားပေမဲ့ လူသားတွေမှာ မစမ်းသပ်ခဲ့ရသေးပါဘူး၊ Neuralink ဟာ အမေရိကန် FDA ထံကနေ လူ့ ဦးနှောက်မှာ Chip ထည့်သွင်းခွင့်ကို ပြီးခဲ့တဲ့နှစ်မှာရရှိခဲ့ပါတယ်။
အခုတော့ Elon Musk က အဲဒီ Wireless Brain Chip ကို လူ့ ဦးနှောက်မှာ ပထမဆုံးအကြိမ် ထည့်သွင်းနိုင်ပြီလို့ ကြေညာလိုက်ပါတယ်၊ သူက အဲဒီလူဟာ ကျန်းမာရေးကောင်းမွန်နေပြီး အစောပိုင်းရလဒ်တွေက ကောင်းနေတယ်လို့ X (Twitter) မှာ ရေးသားထားပါတယ်။
Musk က “ဦးနှောက်ကနေ စဉ်းစား သို့မဟုတ် အမိန့်ပေးလိုက်တာနဲ့ ဖုန်း၊ ကွန်ပြူတာနဲ့ Device အားလုံးနီးပါးကို ထိန်းချုပ်နိုင်ပါတယ်၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးထားသူတွေအတွက် ဒီနည်းပညာကို အစောဆုံး အသုံးပြုခွင့်ပေးမှာပါ၊ “ လို့ ပြောပါတယ်၊ အာရုံကြော သေနေသူတွေအတွက်လည်း ဒီနည်းပညာက အသုံးဝင်လာမှာပါ။
Source : Aljazeera.com
#jdbkx.com #Article #ဆောင်းပါး #ElonMusk #Neuralink #brainchip #Online #Games #Myanmar #OnlineGamesMyanmar