Computer ကို အခုမှ စထိတွေ့ ဖူးတဲ့ သူတစ်ယောက်အနေနဲ့ Computer တစ်လုံးရဲ့ အလုပ်လုပ်ပုံကို သိထားသင့်ပါတယ်။ဖော်ပြထားတဲ့ ပုံကို တစ်ချက်ကြည့်ကြည့်ပါ။ Input, Central Processing Unit ( CPU), Output, Memoryဆိုတဲ့ အဓိက အချက် ၄ ချက်နဲ့ computer စက်တစ်လုံးကိုလည်ပတ်စေပါတယ်။
1. Input ကို user က ရိုက်ထည့်ပေးရပါတယ်။
2. Processing( CPU ) က user ရိုက်ထည့်လိုက်တဲ့ input တွေကို တွက်ချက်တာ အလုပ်လုပ် တာတွေ လုပ်ပါတယ်။
3. CPU က တွက်ချက်လိုက်လို့ ရလာတဲ့ ရလဒ်/အဖြေ ကို output အနေနဲ့ ပြန်ထုတ်ပြပါတယ်။
4. Memory ကတော့ data တွေ သိမ်းဆည်းတဲ့ နေရာပါ။
ဥပမာအနေနဲ့ ကျွန်တော်တို့ 10 နဲ့ 13 ကို ပေါင်းမယ်ဆိုပါစို့။ 10 နဲ့ 13 က ဦးနှောက်ထဲကို input အနေနဲ့ ဝင်လာတယ်။ ဦးနှောက်ထဲမှာ ပေါင်းတဲ့ ကိစ္စကို လုပ်တာက processing ပါ။ Processing လုပ်ပြီးနောက် 23 ဆိုတဲ့ အဖြေက output အနေနဲ့ ထွက်လာတယ်။ လူ့တွေမှာ ဦးနှောက်က စဥ်းစားတာတွက်ချက်တာ အလုပ်လုပ်သလို computer တွေမှာလည်း CPU က စဥ်းစားတာတွက်ချက်တာတွေကို တာဝန်ယူ လုပ်ဆောင်ပါတယ်။ ဒါကြောင့် CPU ကို Brain of Computer လို့ ခေါ်ပါတယ်။ Computer ရဲ့ အရေးအကြီး ဆုံး အစိတ်အပိုင်းလို့လည်း ပြောနိုင်ပါတယ်။
Input တွေက Input device တွေ ကနေ တဆင့် computer ထဲ ဝင်လာပါတယ်။ Keyboard, mouse, scanner, microphone, barcode reader စတာတွေက input device တွေပါ။
speaker, projector, monitor ( computer screen ) , printer စတဲ့ output devices တွေကနေ တစ်ဆင့် Output တွေကို ထုတ်ပါတယ်
Memory ရဲ့ အဓိက ၃ – မျိုးဖြစ်တဲ့ ROM(read only memory) , secondary memory, primary memory အကြောင်းကိုလည်း ပြောပြပါဦးမယ်။
ROM(read only memory)
Read only ဆိုသလိုပဲ ROM ထဲမှာ ရှိတဲ့ data တွေကို ဖတ်လို့ပဲ ရပါတယ်။ data တွေကို ပြန်ပြင်တာတွေ အပိုထည့်ရေးတာတွေ လုပ်လို့မရပါဘူး။ ROM ထဲမှာ စက်တစ်လုံး အလုပ်လုပ်ဖို့ လိုအပ်တဲ့ အရာတွေကို ထုတ်လုပ်တဲ့ဆီက တစ်ခါတည်းထည့်ထားပေးပါတယ်။ ROM ထဲမှာ ရှိတဲ့ data တွေကို ဖတ်လို့ ရမယ်။ ယူသုံးလို့ရမယ်။ ဒါပေမဲ့ ပြန်ပြင်လို့ရမှာ မဟုတ်ပါဘူး။
Secondary Memory
Secondary memory ထဲမှာ ရှိတဲ့ data တွေကို ပြန်ဖျက်တာ ၊ ပြန်ပြင်တာ၊ ထပ်ထည့်တာ တွေ လုပ်လို့ရပါတယ်။ စက်ကို power ပိတ် လိုက်ရင် လည်း secondary memory ထဲမှာ ရှိနေတဲ့ data တွေက ပျက်မသွားပါဘူး။ ဒါကြောင့် ဒီ memory ထဲမှာ photos , videos, Mp3, documents, files စတာတွေ ကို သိမ်းရပါတယ်။
Primary Memory
Primary memory ကို RAM ( Random Access Menory ) ဒါမှမဟုတ် main memory လို့လည်း ခေါ်ပါတယ်။ ဒီ memory မှာ ရှိတဲ့ data တွေကတော့ power ပိတ်လိုက်တာနဲ့ အကုန်ပျောက်ကုန်ပါတယ်။
အငွေ့ပျံသလို ပျောက်သွားတယ် ဆိုတဲ့ အဓိပ္ပါယ် နဲ့ volatile memory လို့လည်း ခေါ်ပါသေးတယ်။
ဒီ memory ထဲ မှာ သိမ်းထားတဲ့ data တွေက temporarily(ယာယီ) အနေနဲ့ သာ သိမ်းထားတာ ဖြစ်လို့ Power ပိတ်လိုက်တဲ့အခါ data အားလုံး ပျက်သွားပါလိမ့်မယ်။
ဥပမာ အနေနဲ့ ကျွန်တော်က power point သုံးမယ် ဆိုပါစို့။ Power point software ကို ဖွင့်လိုက်ပြီဆိုတာနဲ့ primary memory ပေါ်ကို ရောက်သွားပါတယ်။ ယခုလက်ရှိ power point မှာ ရိုက်ထားတဲ့ စာတွေ ထည့်ထားတဲ့ ပုံတွေ video တွေ စတဲ့ data တွေဟာ မ save မချင်း primary memory ထဲမှာပဲ ရှိနေမှာပါ။ save လိုက်ပြီ ဆိုတာနဲ့ secondary memory ထဲကို data တွေအကုန် ရောက်သွားပါလိမ့်မယ်။ အကယ်၍ သာ ကျွန်တော်က မေ့ပြီး မ save ခဲ့ရင်သော်လည်းကောင်း၊ မ save လိုက်ရသေးခင်မှာ မီးပျက်သွားရင်သော်လည်းကောင်း၊ power ရုတ်တရက် သူ့အလိုလို ပိတ်သွားရင်သော်လည်းကောင်း data တွေအကုန် ပျက်သွားမှာပဲ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ မ save လိုက်ရတဲ့အတွက် primary memory ထဲမှာပဲ data တွေက ရှိပါတယ်။ primary memory ဖြစ်တဲ့အတွက် power ပိတ်တာနဲ့ data တွေအကုန် ပျက်ပါတယ်။
ဒါကြောင့် power ပိတ်လိုက်ရင်တောင် data တွေ ရှိနေစေချင်ရင် secondary memory မှာ သွားသိမ်းဖို့ save ခဲ့ရပါမယ်။
လူတစ်ယောက်နဲ့ တစ်ယောက် ဦးနှောက် မှတ်နိုင်စွမ်းတွေ၊ သိမ်းဆည်းနိုင်စွမ်းတွေ၊ လုပ်ဆောင်နိုင်စွမ်းတွေ မတူညီကြသလို computer တစ်လုံးနဲ့ တစ်လုံးမှာလဲ memory တွေရဲ့ သိမ်းဆည်းနိုင်တဲ့ ပမာဏ ၊ အလုပ်လုပ်နိုင်စွမ်းတွေ မတူညီကြပါဘူး။
Computer တစ်လုံးရဲ့ အလုပ်လုပ်ပုံ (computer system) အကြောင်းကို အခုဆို နားလည်သွားကြလိမ့်မယ် လို့ ထင်ပါတယ်။
Source : homepage.cs.uri.edu
#jdbkx.com #Article #ဆောင်းပါး #Computerတစ်လုံး၏အလုပ်လုပ်ပုံ #Online #Games #Myanmar #OnlineGamesMyanmar