စိတ်ချရတဲ့ SSD ဘယ်လိုရွေးမလဲ?

jdbkx စိတ်ချရတဲ့ SSD ဘယ်လိုရွေးမလဲ

SSD ရွေးတော့မယ်ဆို speed ကိုပဲကြည့်ကြပြီး အခြား Spec တွေသိပ်အာရုံမစိုက်ကြတာများပါတယ်။ SSD မှာ Read/write speed အပြင်ကိုမှ အခြား spec တွေရှိသေးတဲ့အပြင် SSD ကိုတည်ဆောက်ထားတဲ့
Component တွေရဲ့ Quality လဲရှိပါသေးတယ်။ အဲ့ထဲကမှ Speed တူတူပဲဆိုပြီး ဈေးထက်ဝက်လောက် သက်သာနေမဲ့ တရုတ်အပေါစား SSD တွေဝယ်လိုက်တဲ့အခါ ဘာဖြစ်နိုင်သလဲ? ကိုယ်က ကိုယ့်ပိုက်ဆံကို ထုတ်ပေးပြီး ဝယ်ထားရတဲ့အတွက် နောက်ပိုင်းမနစ်နာအောင် ဘာတွေကြည့်ရမလဲ။


အခုကျွန်တော်မျှဝေပေးသွားမဲ့ ခေါင်းစဉ်တွေက
👉 Read/write speed
👉 4K performance
👉 Preparing + Wrapping up (entire process)
👉 SSD တစ်ခု့ရဲ့သက်တမ်း။

.

Read/write Speed

File တစ်ခုကို တစ်နေရာကနေ တစ်နေရာကို ကူးပြောင်းတာပဲဖြစ်ဖြစ် ၊ အသစ်ဖန်တီးတာပဲဖြစ်ဖြစ် ၊ လက်ခံတာပဲဖြစ်ဖြစ် Read/write speed များလေ မြန်မြန်ပြီးလေဖြစ်ပါတယ်။ ဒါပေမဲ့ read/write speed တူတိုင်းလည်း လုပ်ငန်းပြီးတဲ့နေရာမှာ မြန်မြန်မပြီးပါဘူး။ ဘာလို့လဲဆိုတာ အောက်မှာဆက်ပြီးပြောပြသွားပါ့မယ်။
.

4K performance

4K performance ဆိုတာ resolution ကိုပြောတာမျိုးမဟုတ်ပဲနဲ့ kb လောက်ပဲရှိတဲ့ size အရမ်းသေးတဲ့ file လေးတွေကို စီစစ် ကူးပြောင်းတဲ့နေရာမှာ Performance ဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာပါ။
File ကူးတာပဲဖြစ်ဖြစ် ၊ ဖတ်ရတာပဲဖြစ်ဖြစ် ၊ run ရတာပဲဖြစ်ဖြစ် ၊ အသစ်ဖန်တီးတာပဲဖြစ်ဖြစ် သေးသေးလေးတွေများလာရင် 4K performance ကစကားပြောပါတယ်။
ဥပမာ web Brower သုံးတာက 4K performance ပိုကောင်းရင် ပိုမြန်ပါတယ်။ Chrome ဆို တော်တော်စားတဲ့အတွက် သိသာပါလိမ့်မယ်။
.

Preparing + Wrapping up

Folder တစ်ခုထဲမှာ file သေးသေးလေးတွေလည်းရှိမယ် ၊ အကြီးတွေလည်းရှိမယ်။ အဲ့ကောင်ကို တစ်နေရာကနေ တစ်နေရာကို Copy ကူးတယ်ထားပါတော့။ သူ့ Process က ခိုင်းတယ်>ပြင်ဆင်တယ် > လုပ်ဆောင်တယ် > အပြီးသတ်တယ်။
ကိုယ်က ခိုင်းလိုက်တာနဲ့ Paste နှိပ်လိုက်တာနဲ့ ပြင်ဆင်တဲ့လုပ်ငန်းကိုစပါပြီ။ အဲ့ဒါက သူ့ရဲ့ Speed သက်သက်ရှိပါသေးတယ်။ ဒါကြောင့် အပေါစား Speed တူ SSD တွေက တကယ့် Brand အကောင်းစားတွေနဲ့ မလိုက်နိုင်တာပါ။
ပြင်ဆင်တဲ့ speed က သက်သက်ပါ။ လုပ်ဆောင်တဲ့ speed က Read/write speed ဖြစ်ပြီးတော့
အပြီးသတ်တာက ပြင်ဆင်တဲ့ speed နဲ့တူတူပါပဲ။ အဲ့တော့အများကြီးကူးတဲ့အခါ read/write speed တူရင်တောင် နောက်ကောက်ကျကျန်ခဲ့မှာဖြစ်ပြီးတော့ file သေးသေးလေးတွေအလှည့်လာရင် 4K performance မရှိလို့ COPYING လို့ပေါ်နေတဲ့ Graph မှာ speed က တစ်ဟုန်ထိုးကျသွားမှာဖြစ်ပါတယ်။
.

SSD တစ်ခု့ရဲ့ သက်တမ်း

SSD ရဲ့ သက်တမ်း (TBW) ဆိုတာ Terabytes Written ပါ။ SSD တစ်ခုမှာဘယ်လောက် Data တွေ write လို့ရလဲဆိုတာကို ပြောပြပါတယ်။
ဥပမာ Samsung SSD ထဲက

  • 250GB ဆို – 150 TBW
  • 500GB ဆို – 300 TBW
  • 1TB ဆို – 600 TBW
  • 150 TBW ဆိုရင် 150 terrabytes(150,000 GB) Write ပြီးတာနဲ့ သက်တမ်းကုန်ပြီဆိုတဲ့သဘောပါ။
    ပြီးတော့ ဒီ specification က Estimate ပါ။ လုံးဝတိတိကျကျမဟုတ်ပါဖူး။ ဒီ Product ဒီ Brand ပဲတောင် အလုံးကွဲရင် နည်းနည်းလေးကွဲပါလိမ့်မယ်။ Full Format က ဒီသက်တမ်းကို တိုစေတာပါ။

#jdbKX #Article #နည်းပညာဆောင်းပါး #SSD #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *