Kali Linux ကို Step By Step ဘယ်လိုလေ့လာမလဲ

Kali Linux

Hacker တွေအသဲစွဲ Kali Linux ကို Step By Step ဘယ်လိုလေ့လာမလဲ ?

Linux Group တွေနဲ့ Forum တွေမှာတွေ့နေကြမေးခွန်းလေး..

ကွန်ပျူတာမှာ Window တို့ Mac OSX တို့အတော်အတန်နားလည်တတ်ကျွမ်းသွားလို့ပဲဖြစ်ဖြစ် ၊ အသုံးပြုရတာငြီးငွေ့သွားလို့အသစ်အဆန်းအနေနဲ့လေ့လာချင်လို့ပဲဖြစ်ဖြစ် ၊ ကွန်ပျူတာမှာ Linux OS တင်ပြီး ကိုယ့်ကိုယ်ကို Hacker ကြီးလို့ထင်မှတ်ချင်လို့ပဲဖြစ်ဖြစ်ပေါ့..😛

Linux ဆိုတာဘာလဲ.?

ခေါင်းစဉ်အကြောင်းကိုမပြောခင် Operating System( OS ) တွေအကြောင်းကစပြီးရှင်းမှဖြစ်မယ်ဗျာ…

ကားတစ်စီးတည်ဆောက်မယ်ဆိုပါစို့..ဖရိန်တွေဆင်မယ်..ဘော်ဒီတွေချိုးမယ်ပေါ့…ပီးရင်အဲ့ဒီကားကိုမေါင်းနှင်ဖို့အင်ဂျင်တပ်ရမှာပေါ..အဲ့မှာနစ်ဆန်းအင်ဂျင်တပ်မလား.? ဗောက်စ်ဝက်ဂွန်းအင်ဂျင်တပ်မလား…?ဘာလား….?ညာလား…? ပေါ့….

အဲဒီလိုပဲ ကွန်ပျူတာတစ်လုံးကိုမောင်းနှင်စေခိုင်းဖို့အတွက် Operating system တပ်ဆင်ပေးရပါမယ်…

ပုံမှန်မြင်တွေ့နေကြ Desktop / Laptop တွေမှာကတော့ Microsoft ကထုတ်တဲ့ Window Operating System ပေါ့နော်..

Window OS မှာလည်း ဗားရှင်းတွေအဆင့်ဆင့် ကောင်းသထက်ကောင်းအောင်ပြုပြင်ပြောင်းလဲလာလိုက်ကြတာ အခုဆိုရင် Window 11 ရောက်ခဲ့ပြီပေါ့..

နောက်တစ်ခုက Apple ရဲ့ Mac OSX…
သူကတော့အဆင့်တန်းနည်းနည်း ခွဲခြားတယ်ဗျာ..😃 ယေဘုယျအားဖြင့်ပြောရရင်တော့ Hi grade ပေါ့..ကွာလတီကောင်းတယ်..ဈေးမြင့်တယ်..သူဌေးတွေသုံးတယ်ပေါ့ဗျာ..😛

အဲ့ကောင်တွေက ကွန်ပျူတာတွေမှာ တပ်ဆင်ထားလေ့ရှိတဲ့ Operating System တွေပေါ့..

အခြား OS တွေလဲအများကြီးရှိသေးတာပေါ့ဗျာ..ဥပမာ စမတ်ဖုန်းတွေမှာသုံးနေတဲ့ Android OS / Fedora / Ubuntu ဘာညာအစရှိသဖြင့်ပေါ…

Linux ရဲ့ထူးခြားချက်ကဘာလဲဆိုတော့သူက Open Sources ဖြစ်တာကြောင့်ပါ..

အဲဒါက ဘာပြောတာလဲဆိုတော့ကာ…. Window OS ဆိုရင်ဗျာ Microsoft ကုမ္ပဏီကပိုင်တယ်..သူ့ရဲ့ Source codes တွေကိုပြုပြင်ပြောင်းလဲရေးသားခွင့်မရှိဘူး..ရေးလို့မရဘူးတော့မဟုတ်ဘူးပေါ့..ရေးခဲ့ရင်လည်း Unofficial window ပေါ့နော်..

Apple ကပိုင်တဲ့ Mac OSX ဆိုရင်လည်း ထိုနည်းလည်းကောင်းပေါ့..

Open Source ဆိုတာကြီးကဘာထူးခြားတုန်း..?

နားလည်လွယ်အောင်ပြောရရင် Programming ဘာသာရပ်ကိုကျွမ်းကျင်တဲ့ Developer တွေကစုပေါင်းပြီး Linux ဆိုတဲ့ Operating System ကို ရေးလိုက်ကြတယ်ပေါ့..

ဒါပေမဲ့ အခြား Window တို့ Mac OSX တို့လို သူတို့ရဲ့ Source codes တွေကိုချုပ်ကိုင်မထားဘူး..တကယ်လို့သင်ဟာ Programming ကိုနားလည်ကျွမ်းကျင်ခဲ့မယ်ဆိုရင် Linux OS ရဲ့ Source codes တွေကို ပြုပြင်ပြောင်းလဲရေးသားနိင်ပါတယ်..အဲ့ဒါက Open Source ရဲ့သဘောတရားပါ..

နောက်တစ်ခုက Linux OS မှာအသုံးဝင်တဲ့ Tools အတော်များများကို Free ရယူအသုံးပြုနိုင်တာပါပဲ..

Linux စအသုံးပြုသူအတော်များများကတော့ဘယ်ကစသလဲ?

Wifi ဟက်နည်းလိုက်ရှာတယ်..လေ့လာတယ်..😛

Fb / Google စတဲ့ Social account ဟက်နည်းတွေ Phishing ဖန်တီးနည်း..

RAT ပြုလုပ်နည်း..အာ့တွေကစတာပဲအတော်များများကတော့…😛

Linux မှာအဲ့ဒါတွေအားလုံးပြုလုပ်လို့ရတယ်…အဲဒါကြောင့် လူအတော်များများက Linux အသုံးပြုသူဆိုရင် ဟက်ကာကြီးတွေ..ဘာညာပေါ့..ထင်ကြတယ်..

အဲဒါဆို Linux အသုံးပြုသူတိုင်းဟက်ကာတွေလား..အဲ့လို့လဲမဟုတ်ပါဘူး..အချို့ကမိမိလုပ်ငန်းအတွက် လိုအပ်လို့သုံးတယ်..အချို့ကလေ့လာချင်လို့..အချို့ကတော့..အချို့ကပေါ့..😃

များသောအားဖြင့်တော့ Linux OS ကို Networking သမားတွေကုမ္မဏီတွေက IT သမားတွေအသုံးပြုလေ့ရှိကြပါတယ်..ကုမ္ပဏီကြီးတွေက အရေးပါတဲ့ဆာဗာတွေ..ဘဏ်တွေကငွေထုတ်စက် ATM mach: တွေ အဲ့လိုလုပ်ငန်းမျိုးတွေမှာလည်း နည်းပညာလုံခြုံရေးအရအားသာတဲ့ Linux OS ကိုအသုံးပျြုလေ့ရှိကြပါတယ်..

ကဲ…
Linux ကိုဘယ်လိုစလေ့လာရမလဲ..?

Linux လေ့လာမယ်ဆိုရင်ကိုယ့်ရဲ့ ကွန်ပျူတာမှာ Linux တင် ( install ) လုပ်ရမှာပေါ့…

အဲ့ဒီမှာ Linux CD ခွေနဲ့ Live အနေနဲ့နမူနာအစမ်းသုံးမှာလား..?

ကွန်ပျူတာရဲ့ Hard Drive ပေါ်မှာ Linux တစ်ခုထဲ Install လုပ်မှာလား.?

Window တင်ထားတဲ့ကွန်ပျူတာပေါ်မှာ Linux အတွက် Partition တစ်ခုပိုင်းပီး Dual boot အနေနဲ့ Window နဲ့ Linux နှစ်ခုတွဲတင်ပြီးသုံးမှာလား..?

Window တင်ထားတဲ့ ကွန်ပျူတာပေါ်မှာ V.M Ware ( or ) Virtual Machine အင်စတောလုပ်ပီး VM Ware မှာ Linux ကိုတင်သုံးကြည့်မှာလား..?

ကိုယ်ဘယ်လိုသုံးချင်တယ်ဆိုတာကို ဆုံးဖြတ်ပြီးရင် Google နဲ့ Youtube မှာရိုက်ရှာလိုက်ပေါ့ဗျာ…

ဥပမာ ကိုယ့်ရဲ့ကွန်ပျူတာက Window တင်ထားတယ်..အဲ့မှာ Linux ကိုထပ်တင်ပြီး Dual boot တင်သုံးချင်တယ်ဆိုရင်..

How to install Window and Linux dual boot ဘာညာပေါ့ဗျာ..လင့်ခ်တွေတစ်သီကြီး ကျလာလိမ့်မယ်..😃

Linux OS ကိုတောင်မှ အသုံးပြုမယ်ဆိုတဲ့သူဟာ အင်တာနက်မှာမိမိလိုအပ်တာ၊ သိချင်တာရှာဖွေတတ်အောင် ၊ Googling လုပ်တတ်အောင်တော့လေ့လာထားပေါ့ဗျာ..

ကဲ..
Linux အင်စတောလုပ်နည်းစာအုပ်တွေ ၊ Youtube က tutorial movie တွေအကူညီနဲ့ ကွန်ပျူတာမှာ Linux တင်ပြီးသွားပြီဆိုပါစို့…

User Name = root
Password =

Linux OS ကြီးနဲ့နဖူးတွေ့ဒူးတွေ့တော့တွေ့ပါပြီ…

ဘာလုပ်မှာတုန်း …???….😃

Linux တင်ပြီးရင် လုပ်ဆောင်ရမဲ့ အလုပ်တွေရှိပါတယ်..

Linux OS မှာ Laptop တွေဆိုရင်ပေါ့…Touch pad နဲ့ ကီးဘုတ်တွေအလုပ်မလုပ်ဘူး..အဲ့ဒါတွေအရင်ဆုံးသုံးလို့ရအောင်လုပ်ရမယ်လေ..( Laptop တွေမှာ Linux တင်ရင် External USB keyboard နဲ့ mouse ကိုအသုံးပြုပါ..မေ့သွားလို့..)

ဘယ်လိုလုပ်ရမှာလဲမမေးနဲ့ Google ခေါက်..Youtube မှာရှာ..အဲ့လိုရှာရင်းဖွေရင်းနဲ့ ကိုယ့်ရဲ့ Skill တက်လာလိမ့်မယ်..ထစ်ကနဲရှိ ဂရုတွေမှာချေးကသေးကအစ လျှောက်မေးမနေနဲ့..လုပ်ချင်တော့ဟက်ကာ..😛

Google တောင်ကောင်းကောင်းအသုံးမချတတ်ဘူးဆိုရင် ဟာသကြီးဖြစ်နေလိမ့်မယ်..

နောက်တစ်ခုက မြန်မာစာရေးဖို့ဖတ်ဖို့…ဘယ် Device နဲ့ ဘာ OS ပဲသုံးသုံး ကျုပ်တို့က မြန်မာလူမျိုးတွေဆိုတော့ မြန်မာလိုရေးဖို့ဖတ်ဖို့ မြန်မာဖောင့်ထည့်ရမယ်..ဘယ်လိုထည့်ရလဲမမေးနဲ့..
How to install Myanmar font on Linux > click enter …အိုကေ

နောက်တစ်ခုက Linux တင်ပြီးကာစမှာ Audio အလုပ်မလုပ်တာတွေ..သီချင်းဖွင့်လို့ အသံမကြားရတာတွေရှိတယ်..အဲ့ဒါလည်း How to fix Audio ဘာညာ..ဘာညာ..အိုကေနော်..

နောက်ပြီး အရေးကြီးတာတစ်ခုက Source lists တွေကို Update လုပ်ပေးရပါမယ်..ဘယ်လိုလုပ်ရမလဲ..? Google မှာရှာပေါ့…😃

အဲလောက်ဆို Linux ကိုစပီးအသုံးပြုဖို့ ရလောက်ပြီပေါ့..

ဘာစလုပ်မလဲ..?

Browser ဖွင့်ပီး Fb သုံးမှာလား..?

Linux သုံးမှန်းသိအောင် နဂါးပုံ Desktop ကြီးကိုမြင်အောင် SS ရိုက်ပြီး စတေးတပ်တွေတင်မှာလား..?

အကြံပေးချင်တာကတော့..

Tool တွေတခုချင်းစီလေ့လာပါ..

Command တွေအသုံးပြုတတ်အောင်မှတ်သားပါ..

တစ်ခုချင်းစီ Step by step သွားပါ..

တစ်ခုနားမလည်သေးဘဲ ဟိုဟာလုပ်ချင်၊ ဒီဟာလုပ်ချင်ဗျာမများပါနဲ့…

ဥပမာ wifi ဟက်ချင်တယ်ဆိုပါစို့…

YouTube မှာ How to hack WIFI using Kali Linux လို့ရိုက်ပြီးရှာကြည့်..ဝိုင်ဖိုင်ဟက်နည်း ဗီဒီယိုတွေ တစ်ပုံကြီး တွေ့လိမ့်မယ်..

WEP ဟက်ချင်တာလား…WPA ဘာညာ..ကိုယ်လိုချင်တာကြည့်ပြီးလုပ်ကြည့်..အဆင်မပြေနားမလည်သေးဘူးလား..Google ကနေလည်း web site တွေမှာတင်ထားတဲ့ပိုစ့်တွေကိုလည်း လေ့လာပါ..

အဲ့လိုပဲ.. Phishing လား..RAT လား…Web Site attacking လုပ်မှာလား..တစ်ခုခုကိုလေ့လာရင် သေချာနားလည်အောင်လေ့လာပါ..

နောက်ပိုင်း Linux နဲ့အကျွမ်းတဝင်ရှိလာတဲ့အခါမှာ ဘယ်လိုအသုံးချရမယ်ဆိုတာ မိမိဖာသာသဘောပေါက်လာပါလိမ့်မယ်..

Linux နဲ့ပတ်သက်တဲ့ဂရုတွေ၊ ဖိုရမ်တွေမှ ာနားလည်တတ်ကျွမ်းတဲ့သူတွေ ရေးထားတဲ့ပိုစ့်တွေကို လေ့လာပါ..စာအုပ်တွေဖတ်ပါ..

Linux နဲ့ သင်အကျွမ်းတဝင် တစ်သားတည်းဖြစ်သွားပြီဆိုရင်တော့ အခြား OS တွေမှာမရနိုင်တဲ့ အားသာချက်တွေကို သင်နားလည်လာပါလိမ့်မယ်..

#jdbKX #Article #နည်းပညာဆောင်းပါး #KaliLinux #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *