Portfolio Project လုပ်တဲ့အခါမှာ အများစုက Online Course တက်တုန်းက သင်ခဲ့ရတဲ့ Tutorial Project တွေကို ပြလေ့ရှိပါတယ်။ ကျွန်တော့်အမြင်အရဆိုရင်တော့ မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ Online Course တက်တာက ကိုယ်တစ်ယောက်ထဲမဟုတ်တော့ ကိုယ့်လိုပဲ ဒီ Project ကို Portfolio အဖြစ် ပြမဲ့သူတွေက အများကြီးပါ။ ဒါကြောင့် Tutorial Data မဟုတ်ဘဲ တကယ့် Real World Data နဲ့ လုပ်ထားတဲ့ Project ကိုပဲ ပြသင့်ပါတယ်။
နောက်တစ်ချက်က Tutorial Data တွေဟာ အရမ်းကိုလွယ်ကူပါတယ်။ Data Cleaning လည်း သိပ်မလုပ်ရသလို Data ကလည်း ရိုးရှင်းလွယ်ကူပါတယ်။ ဒါကြောင့် Tutorial Data ကိုသုံးပြီး Project လုပ်တာက ကိုယ့်ကို Stand Out ဖြစ်စေမှာ မဟုတ်ပါဘူး။
နောက်ထပ်သတိထားရမယ့်အချက်က ကိုယ်လျှောက်တဲ့အလုပ်ရဲ့ Industry ကို သိသင့်ပါတယ်။ ဥပမာ – Marketing Data Analyst အဖြစ် ကိုယ်ကလျှောက်ထားတာဆို Marketing Data Analysis Project ကို အသုံးပြုသင့်ပြီးတော့ ပုံမှန် Sales ကုမ္ပဏီဆို Sales Analysis Project ၊ ဘဏ်နဲ့ အခြား Financial Sector ကုမ္ပဏီတွေလျှောက်တာဆိုရင်တော့ Financial Data တွေကို Analysis လုပ်ပြတာမျိုးက ပိုပြီး သင့်တော်ပါတယ်။
ကိုယ့်ရဲ့ Portfolio Project ကို pdf အဖြစ် ထည့်ပေးနိုင်သလို Project Folder တစ်ခုလုံးကို zip file အဖြစ်နဲ့ ထည့်ပေးတာလည်း အဆင်ပြေပါတယ်။ အကောင်းဆုံးကတော့ Portfolio Website တစ်ခုနဲ့ ပြပေးတာပါပဲ။
Project လုပ်တဲ့အခါမှာ မိမိလုပ်တဲ့အကြောင်းအရာအလိုက် Insights တွေကိုလည်း ပြောပြနိုင်အောင် လုပ်ထားသင့်ပါတယ်။ ဒေတာကနေ မြင်နေရတာကို အပြင်မှာဖြစ်နေတဲ့ Business အနေအထားနဲ့ ဆက်စပ်စဉ်းစားတတ်ဖို့လိုပါတယ်။ ဘယ် Business မှာမဆို စောင့်ကြည့်ရတဲ့ KPI တွေ ရှိပါတယ်။
ဥပမာ – ဘဏ်တစ်ခုရဲ့ Performance ကို အကြမ်းဖြင်းအားဖြင့် Loan to Debt Ratio နဲ့ တိုင်းတာလေ့ရှိပါတယ်။ ဆိုတော့ ကိုယ်က Analysis လုပ်လိုက်လို့ Loan to Debt Raio တစ်ခု ရလာတယ်။ ဒီ Ratio က ကောင်းတာလား ဆိုးတာလား စသဖြင့် ကိုယ်က သိထားဖို့လိုပါတယ်။
အခုမှ အလုပ်စဝင်မဲ့သူတွေအနေနဲ့တော့ သိထားဖို့က မလွယ်ပါဘူး။ ဒါပေမဲ့ AI ခေတ်မှာ Chat GPT ကို မေးလို့ရသလို Google မှာလည်း အလွယ်တကူ ရှာကြည့်နိုင်ပါတယ်။
Chart တွေဆွဲတဲ့အခါမှာလည်း Dimension အစုံအလင်နဲ့ ဆွဲပြနိုင်လေ ကောင်းလေပါပဲ။ အဓိကကတော့
Who, What, Where, When, How ပါ။
ဘယ်သူတွေကို အများဆုံးရောင်းရတာလဲ?
ဘယ်ပစ္စည်းတွေကို အများဆုံးရောင်းရတာလဲ?
ဘယ်မြို့က လူတွေကို အများဆုံးရောင်းရတာလဲ?
ဘယ်လတွေမှာ အတက်/အကျ များတာလဲ? နှစ်တိုင်း ဒီလိုဖြစ်လေ့ရှိသလား?
ဘယ် Channel တွေကနေ ဘယ်လိုရောင်းရသလဲ?
ဒါက Sales အပေါ်မှာ နမူနာ ပြောပြတာဖြစ်ပါတယ်။ ကျန်တဲ့ Project တွေမှာလည်း အလားတူပဲ ဖြစ်ပါတယ်။
#jdbKX #Article #နည်းပညာဆောင်းပါး #PortfolioProject #Online #Games #Myanmar #OnlineGamesMyanmar #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames