ကွန်ပျူတာကို ပိုမိုသွက်လက်လာအောင်ပြုလုပ်နည်း

ကွန်ပျူတာကို ပိုမိုသွက်လက်လာအောင်ပြုလုပ်နည်း

မိမိကွန်ပျူတာကအသုံးပြုတာကြာလာလို့ Performance ကျလာပြီ ၊ တစ်ခုခုအသုံးပြုဖို့အကြာကြီးစောင့်နေရပြီဆိုရင် ဒီနည်းလမ်းလေးတွေကိုအသုံးချပြီးကွန်ပျူတာကို ပိုမိုသွက်လက်လာအောင်ပြုလုပ်လို့ရပါတယ်။

  • မလိုအပ်တဲ့ဆော့ဖ်ဝဲတွေကို ဖယ်ရှားပါ။
    မိမိကွန်ပျူတာထဲမှာ ဆိုင်ကနေ တစ်ပါတည်းထည့်ပေးလိုက်တဲ့၊ ကိုယ်လည်းသိပ်မသုံးဖြစ်တဲ့ဆော့ဖ်ဝဲတွေ အများကြီးရှိနေတတ်ပါတယ်။ ဒီဆော့ဖ်ဝဲတွေက ကိုယ့်ကွန်ပျူတာရဲ့ Resource တွေကို နောက်ကွယ်မှာဆွဲသုံးနေတတ်တာကြောင့် ကွန်ပျူတာကို ပိုနှေးစေပါတယ်။ ဒီလိုမသုံးဖြစ်တဲ့ဆော့ဖ်ဝဲတွေကို Uninstall သာ လုပ်လိုက်ပါ။

  • ကွန်ပျူတာစဖွင့်ချိန်မှာ အလိုလို run တဲ့ ဆော့ဖ်ဝဲတွေကို ကန့်သတ်ပါ။
    မိမိကွန်ပျူတာစဖွင့်ချိန်မှာ ဘယ်ဆော့ဖ်ဝဲတွေကိုပဲ အလိုအလျောက်စတင်ခွင့်ပြုမယ်ဆိုတာ ကန့်သတ်ပေးထားလို့ရပါတယ်။ Windows 10 မှာဆိုရင် Task Manager ကိုအသုံးပြုပြီးတော့ ဘယ်ဆော့ဖ်ဝဲတွေကို Background မှာ run ခွင့်ပြုမယ်။ ဘယ်ဟာတွေကိုတော့ ကိုယ့်ဘာသာပဲဖွင့်မယ်ဆိုတာ ကန့်သတ်ထားနိုင်ပါတယ်။

  • RAM ထပ်တိုးပါ။
    Windows 10 ဟာ အရင်ဗားရှင်းတွေနဲ့စာရင် RAM အသုံးနည်းပါတယ်။ ဒါပေမယ့် RAM ထပ်တိုးခြင်းက ကိုယ့်ရဲ့ကွန်ပျူတာကို သေချာပေါက် ပိုပြီးမြန်လာစေတာအမှန်ပါ။ RAM ထပ်တိုးမယ်ဆိုရင် ကိုယ့်ရဲ့ Laptop က ထပ်တိုးလို့ရသေးလား၊ မရတော့ဘူးလားဆိုတာကိုတော့ သိထားဖို့လိုပါတယ်။ မသေချာရင် ဆိုင်မှာစစ်ဆေးပြီးမှ တိုးသင့်ပါတယ်။ Desktop ကွန်ပျူတာတွေမှာတော့ RAM တိုးရလွယ်သလို ဈေးလည်းပိုသက်သာပါတယ်။

  • Spyware တွေနဲ့ Virus တွေကို စစ်ဆေးပါ။
    တခါတလေမှာ ကိုယ့်စက်လေးနေရတဲ့အကြောင်းရင်းက Virus တွေကြောင့်လည်း ဖြစ်နေတတ်ပါတယ်။ Windows Defender ကိုအသုံးပြုပြီး စစ်ဆေးနိုင်သလို အခြား Third Party Antivirus Software တွေကို သုံးပြီးတော့လည်း ဒီ Virus တွေကို ဖယ်ရှားလိုက်ခြင်းဖြင့် ကိုယ့်ကွန်ပျူတာကို ပိုမြန်လာစေမှာပါ။

  • Web Browser တွေကို စစ်ဆေးကြည့်ပါ။
    ပေါ့ပေါ့ပါးပါးရှင်းလင်းမှုလေးတွေကလည်း ကိုယ့်ကွန်ပျူတာကို အများကြီးပိုမြန်သွားစေနိုင်ပါတယ်။ တခါတလေမှာ အင်တာနက်စာမျက်နှာတွေ၊ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကြည့်ဖို့ အသုံးပြုတဲ့ ကိုယ့်ရဲ့ Browser က နှေးကွေးနေတာမျိုး ဖြစ်နိုင်ပါတယ်။ Performance ပိုကောင်းတဲ့ Browser တွေကို ပြောင်းသုံးနိုင်သလို အကယ်၍ Cookies တွေကြောင့် နှေးနေတာဆိုရင်လည်း Browser ထဲက Cookies Data တွေကို ရှင်းပေးလိုက်မယ်ဆိုရင် ပိုပြီးမြန်ဆန်လာစေမှာပါ။

Source : Internet

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *