မေ့ပျောက်သွားသော Windows password ကို Reset/Change နည်း

မေ့ပျောက်သွားသော Windows password ကို Reset/Change နည်း

မေ့ပျောက်သွားသော Windows password ကို Reset/Change နည်း
+++++++++++++++++++++++++
ကွန်ပျူတာထဲမှာရှိတဲ့ မိမိတို့ရဲ့အရေးကြီးတဲ့ဒေတာတွေလုံခြုံမှုရှိဖို့အတွက် ကွန်ပျူတာအသုံးပြုသူအားလုံး Windows password တော့ထားရှိထားရပါမည်။ သို့သော် မိမိတို့ရဲ့ Windows password ကို မိမိတို့ကိုယ်တိုင်မမှတ်မိတာမျိုးကဖြစ်တတ်ပေမဲ့ သိပ်ကြွားလို့ကောင်းတဲ့အရာတော့မဟုတ်ပေ။ Windows password မမှတ်မိတော့လို့ Windows အသစ်ပြန်တင်ပြီးမှ ကွန်ပျူတာအသုံးပြုလို့ရမယ်ဆိုတာမျိုးကလည်း လက်ခံနိုင်စရာမရှိပါ။
Windows password ကို reset ချလို့ရတဲ့ Third-party tools များစွာရှိပါသည်။ ယခုပြောပြမဲ့နည်းလမ်းကတော့ Windows အခွေ (သို့) Windows Bootable Stick ကိုအသုံးပြုပြီး Windows password ကို reset ချတာဖြစ်ပါသည်။ ဒီနည်းလမ်းက Command prompt ကိုအသုံးပြုရမှာဖြစ်တဲ့အတွက် Command prompt နဲ့ပတ်သက်ပြီး ဗဟုသုတအနည်းငယ်ရှိထားရင်တော့ ပိုပြီးအဆင်ပြေနိုင်ပါသည်။ ဤစာထဲတွင် စာဖတ်သူများအတွက်နားလည်လွယ်ပြီးအရှင်းလင်းဆုံးဖြစ်အောင် ကြိုးစားရေးသားထားပါသည်။


ကြိုတင်လိုအပ်ချက်များ နှင့် သိထားရမည့်အရာများ
Windows အခွေ (သို့) Windows Bootable Stick တစ်ခုတော့လိုအပ်ပါသည်။ Windows တင်ရင်လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်များလည်း သိထားဖို့လိုအပ်ပါသည်။ (ဥပမာ – Windows Bootable Stick ပြုလုပ်ပုံ၊ Bios ထဲဝင်ပြီး First Boot ရွေးချယ်ပုံ (သို့) ကွန်ပျူတာရဲ့ Boot Menu ခေါ်ပုံ စသဖြင့်) ဤစာတွင် Windows Bootable Stick ပြုလုပ်ပုံကိုတော့ ရှင်းပြမထားပါဘူးနော်။


ကွန်ပျူတာအသုံးသူအများစုသည် Windows နဲ့သက်ဆိုင်တဲ့ System files တွေတည်ရှိတဲ့ Partition (C:) ကို သွားရောက်ဖွင့်ကြည့်ကြတာ နည်းပါသည်။ သို့သော် Partition (C:) အောက်တွင် မည်သို့သော Folders များတည်ရှိနေသည်ကို အနည်းငယ်သိထားဖို့လိုအပ်ပါသည်။ Partition (C:) အောက်တွင် Windows, Users, Program Files, Program Files (x86) စသော Folders များတည်ရှိနေသည်ကိုတော့သိထားရပါမည်။
Windows password ကို reset ပြုလုပ်ခြင်းသည် Partition (C:) အောက်မှာရှိတဲ့ System နဲ့သက်ဆိုင်တဲ့ Files တွေကိုဝင်ရောက်ပြင်ဆင်တာဖြစ်တဲ့အတွက် Partition (C:) ကို BitLocker ခံထားရင်တော့ BitLocker recovery key အရင်ထည့်ပေးပြီးမှ (C:) ထဲကိုဝင်ရောက်ပြင်ဆင်နိုင်ပါလိမ့်မည်။
Shift key ကို တစ်ချက်ချင်းစီ ၅ ကြိမ်နှိပ်ရင် Sticky Keys ပေါ်လာပါမည်။ ထို Sticky Keys သည် C:\Windows\System32\ အောက်တွင်ရှိပြီး ဖိုင်လ်နာမည်က sethc.exe ဖြစ်ပါသည်။ ထို Sticky Keys ကိုအသုံးပြုပြီး Windows password ကို reset ချမှာဖြစ်တဲ့အတွက်ကြိုတင်သတိထားမိအောင် ပြောပြထားခြင်းဖြစ်ပါသည်။
Command prompt တွင်အသုံးပြုမည့် command တချို့ရဲ့အလုပ်လုပ်ပုံကိုလည်း အနည်းငယ်နားလည်ထားရပါမည်။


Active ဖြစ်နေတဲ့အကောင့်များကြည့်ရှုပုံ
Windows key + R နဲ့ Run box ဖွင့်ပါ။ cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt ပွင့်လာပါလိမ့်မည်။


net user လို့ရိုက်ပြီး Enter ခေါက်ပါ။
ကွန်ပျူတာထဲတွင်ရှိသော အကောင့်နာမည်များ ဖေါ်ပြပေးပါလိမ့်မည်။
cls လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt screen ကိုရှင်းလင်းလိုက်တာဖြစ်ပါသည်။
Exit လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt ကနေထွက်လိုက်တာဖြစ်ပါသည်။


သိထားရမည့် အခြေခံ Command တချို့
Windows key + R နဲ့ Run box ဖွင့်ပါ။ cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt ပွင့်လာပါလိမ့်မည်။ C:\Users\%UserProfile%> ဆိုတဲ့စာတန်းနဲ့ ညာဘက်မှာ မိတ်တုတ်မိတ်တုတ် အစက်ကလေးတစ်ခုကို မြင်တွေ့ရပါမည်။
cd.. လို့ရိုက်ပြီး Enter ခေါက်ပါ။
cd.. ဆိုတာ မိမိလက်ရှိတည်ရှိနေတဲ့နေရာကနေ အနောက်ကိုတစ်ချက်ဆုတ်တာဖြစ်ပါသည်။ C:\Users\%UserProfile%> ကနေ C:\Users> ဖြစ်သွားတာတွေ့ပါလိမ့်မည်။

မှတ်ချက်- cd နေရာတွင် pushd ကို ပြောင်းလဲအသုံးပြုရင်လည်းရပါသည်။

cd.. လို့ထပ်ရိုက်ပြီး Enter ခေါက်ပါ။
C:\Users> ကနေ C:> ဆိုပြီး Partition (C:) အောက်တည့်တည့်ရောက်သွားတာတွေ့ရပါမည်။
dir လို့ရိုက်ပြီး Enter ခေါက်ပါ။
Partition (C:) အောက်ကတည်ရှိနေတဲ့အရာတွေကို ပြပေးပါလိမ့်မည်။ အပေါ်ကပြောထားသလို (C:) အောက်တွင် Windows, Users, Program Files, Program Files (x86) စသော Folders များကိုတွေ့ရပါမည်။
cd Windows\System32 လို့ရိုက်ပြီး Enter ခေါက်ပါ။
ဒါက အရှေ့ကိုသွားတဲ့ command ဖြစ်ပါသည်။ ယခု C:\Windows\System32> ဆိုတဲ့နေရာရောက်သွားတာတွေ့ပါလိမ့်မည်။ ယခုနည်းလမ်းနဲ့ မိမိတို့သွားချင်တဲ့နေရာကို သွားလို့ရပါသည်။ သို့သော် မိမိသွားချင်တဲ့နေရာမှာရှိတဲ့ Folder နာမည်တွေ အတိအကျသိထားဖို့တော့လိုအပ်ပါသည်။


Drive Letter ကြည့်ရှုနည်း
Windows key + R နဲ့ Run box ဖွင့်ပါ။ cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt ပွင့်လာပါလိမ့်မည်။
diskpart လို့ရိုက်ပြီး Enter ခေါက်ပါ။
UAC ပေါ်လာရင် Yes နှိပ်ပါ။ DISKPART> ဆိုတဲ့ နေရာအောက်ရောက်သွားတာတွေ့ပါလိမ့်မည်။
list vol လို့ရိုက်ပြီး Enter ခေါက်ပါ။
ကွန်ပျူတာထဲတွင်ရှိတဲ့ Partition တွေ၊ Drive Letters တွေ၊ Partition တခုချင်းစီ၏ Size ဘယ်လောက်ရှိလဲဆိုတာကို ပြပေးပါလိမ့်မည်။

မှတ်ချက်– ကျွန်တော်တို့ Windows Bootable Stick ကိုအသုံးပြုပြီး Windows password ကို reset ချဖို့ကြိုးစားတဲ့အခါမှာ Windows ရှိတဲ့ Partition (C:) သည် တခြား Driver Letter တစ်ခုခုဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။ မည်သို့ပင် Partition (C:) ရဲ့ Drive Letter ပြောင်းလဲသွားပါစေ Windows, Users, Program Files, Program Files (x86) စသော Folders များတည်ရှိနေသော Partition သည် Windows ရှိတဲ့ Partition ဖြစ်တာကိုတော့သိထားရပါမည်။

အောက်တွင် Windows password reset ချပုံကို ပုံနှင့်တကွရှင်းပြထားပါသည်။ ဆက်လက်ဖတ်ရှုပေးပါ။

အဆင့် ၃
အဆင့် ၄
အဆင့် ၅
အဆင့် ၆
အဆင့် ၇
အဆင့် ၈
အဆင့် ၉

Credit-မူရင်းရေးသားသူအားအစဉ်လေးစားလျှက် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

#WindowsPasswordReset #ChangeWindowsPassword #ComputerSecurity #DataProtection #BootableStick #CommandPrompt #StickyKeys #BitLockerRecovery #UserAccounts #TechTips

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *