Network ဆိုတာ ဘာလဲ?

Network ဆိုတာဘာလဲ

What is Network ?

အခုပြောချင်တဲ့ အကြောင်းရာကတော့ Network အကြောင်းပါ။ Network ဆို တာ ယနေ့ခေတ်လူငယ်တွေကြားမှာ ရေပန်းစားလာတဲ့ အရာတစ်ခုပါ။ လွယ်လွယ်ပြောရင် Network ဆိုတာ စက်ပစ္စည်းတစ်ခုနှင့်တစ်ခုကို (ဥပမာ Computer to Computer , Computer to Printer, Computer to Fax , Computer to Server ) စသည်ဖြင့် အလွယ်သတ်မှတ်ကြတယ်။ ယနေ့ခေတ် Network ကို အိမ်သုံး ရုံးသုံး မှအစ World Wide အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတယ်။ ယနေ့ခေတ် အသုံးပြုဆက်သွယ်နေတာကလည်း Network ပေါ်အခြေခံပြီးအသုံးပြုနေကြတာဖြစ်တယ်။ အတိုချုံးပြောရရင် Network သည် လူတစ်ယောက် နှင့် တစ်ယောက် ၊ စက်တစ်လုံး နှင့် တစ်လုံး လွယ်ကူလျင်မြင်စွာ ချိတ်ဆက်အသုံးပြုနိုင်ရန် ပြုလုပ်ပေးသော ကြားခံပစ္စည်း တစ်ခုဟု အဓိပ္ပါယ်သတ်မှတ်နိုင်သည်။

နောက်ထပ် မိတ်ဆက်ပေးချင်တာက
Local Area Network ( LAN ) နဲ့ Wide Area Network ( WAN ) တို့ဖြစ်တယ်။ သူတို့တွေ စက်တစ်လုံး နဲ့ တစ်လုံး ချိတ်ဆက်အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးသော ကြားခံပစ္စည်းဖြစ်တယ်။

LAN ဆိုတာဘာလဲ ?

LAN ဆိုတာ ကျွန်တော် တို့ ရုံးတစ်ခု ၊ အဆောက်အဦတစ်ခု ၊ အိမ်သုံးတွေအတွက် တပ်ဆပ်ချိတ်ဆက်ရသော နည်းပညာဖြစ်တယ်။ LAN တွေကို Network Cable မှ တဆင့် သက်ဆိုင်ရာစက် တစ်လုံးစီ နှင့် NIC Card ( Network Interface Card ) မှ တဆင့်ချိတ်ဆက်အသုံးပြုနိုင်သည်။

WAN ဆိုတာဘာလဲ ?

WAN ဆိုတာ LAN ကဲ့သို့ ချိတ်ဆက်အသုံးပြုခြင်း မဟုတ်သော်လည်း LAN နည်းတူ အသုံးပြုနိုင်ပြီး Wireless Devices ( Laptop , USB Wireless etc.) များတွင်အသုံးပြုနိုင်သည်။ LAN ကဲ့သို့ကုန်ကျစရိတ်မများခြင်း၊ အခန်းနေရာသက်သာခြင်း က WAN ရဲ့ အားသာချက်ဖြစ်သည်။

Peer-to-Peer Network အသုံးပြုခြင်း

Peer-to-Peer Network သည် ယနေ့ အိမ်သုံး၊ ရုံးသုံးများတွက် လွယ်ကူလျင်မြင်စွာ အသုံးပြုနိုင်သောစနစ်ဖြစ်သည်။

ကွန်ပျူတာ ၂လုံးမှ စတင်ကာ ချိတ်ဆက်အသုံးပြုနိုင်သည် ။ Internet Access အသုံးပြုရန်မလိုပဲ LAN နှင့် WAN စနစ် များကို အသုံးပြုကာ လျင်မြင်စွာချိတ်ဆက်နိုင်သည်။ Data ,Folder မျာကို Sharing လုပ်နိုင်သည်။ IP Addresses ( Internet Protocol ) သတ်မှတ်ကာ အသုံးပြုရသည်။ ( eg. 192.168.10.1 to 192.168.10……… )

Server အကြောင်းလေ့လာခြင်း
ကျွန်တော်တို့ Server လို့ပြောလိုက်တာနဲ့ Server အကြောင်း ထဲထဲ ဝင်ဝင် သိဖို့လိုလိမ့်မယ်။ ယနေ့မှာ Server ကို Companies တိုင်းမှာ ထားရှိပြီး သူတို့ရဲ့ အရေးကြီး Data နဲ့Program တွေ ထည့်သွင်းအသုံးပြုလာကြပါတယ်။

Server ကို အကြမ်းဖျင်းအားဖြင့်
-File Server
-Web Server

  • Mail Server
    -Print Server
    -Fax Server
    -Application Server
    -Telepony Server
    -Remote Access Server
    -Proxy Server လို့ သက်ဆိုင်ရာနယ်ပယ်အလိုက် သတ်မှတ်အသုံးပြုကြတယ်။

Window Server Family တွေကတော့
-Microsoft Windows NT ( New Technology )
-Microsoft Windows 2000 Server
-Microsoft Windows Server 2003
-Microsoft Windows Server 2008
-Microsoft Windows Server 2012
Microsoft Windows Server 2008 Edition

  • Windows Server 2008 Standard
  • Windows Server 2008 Enterprise
  • Windows Server 2008 Datacenter
    -Windows Web Server 2008
    -Windows Storage Server 2008
    -Windows Small Bussiness Server 2008
    -Windows Server 2008 for Itanium-based Systems တို့ပဲဖြစ်ပါတယ်။

#jdbKX #Article #နည်းပညာဆောင်းပါး #Network #ကွန်ပျူတာအကြောင်း #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *