ကျွန်တော်တို့ အရမ်းကိုမှ သိချင်နေတဲ့မေးခွန်းပါ…Chroma နဲ့ရိုက်တဲ့ကားတွေတော်တော်များများလည်း ကြည့်ဖူးတယ်။ ကြော်ငြာတွေတော်တော်များများလည်းကြည့်ဖူးတယ်။ ဒါပေမဲ့ သူတို့ဘာကြောင့် Green Screen (or) Blue Screen Background နဲ့ ရိုက်ကြတာလဲ? တခြားအရောင်ကို background ထားပြီးရိုက်ရင်ရောမရဘူးလား။ တကယ်တော့ background ကို Green Screen (or) Blue Screen ထားရတာ သေချာတဲ့အကြောင်းအရင်းတော့ရှိပါတယ်။
အဲ့ဒါက…ဘာဖြစ်မယ်လို့ထင်လဲ?
Chroma နဲ့ရိုက်ရင် အစိမ်းရောင် Background ကို သုံးရတဲ့အဓိက အကြောင်းရင်းကတော့ လူ့အသားရောင်မှာ အစိမ်းရောင်မပါလို့ပါ။ အပြာရောင်လည်း လူ့အသားရောင်မှာမပါလို့ အသုံးပြုနိုင်တာပါ။ Chroma ကို အစိမ်းရောင်အနေနဲ့ထားပြီး အသုံးပြုမယ်ဆိုရင် သရုပ်ဆောင် အသုံးပြုမဲ့ပစ္စည်းတွေ ၊ အဝတ်အစားတွေကို အစိမ်းရောင်ကို ရှောင်ရပါမယ်။ အပြာရောင်ကို Chroma အနေနဲ့ အသုံးပြုရင်လည်း အပြာရောင်ပါတဲ့အသုံးအဆောင်တွေ ၊ အဝတ်စားတွေကို ရှောင်ရပါမယ်။ ဘာလို့လဲဆိုတော့ Post အပိုင်းရောက်ရင် Chroma key တွေအကုန်လုံးကို ကျွန်တော်တို့က effect ထည့်ပြီး စားပစ်မှာမို့ပါ။ အဲ့အခါ အစိမ်းရောင်တွေ အကုန်ပျောက်သွားမှာပါ။ ပြီးတော့မှ ကျွန်တော်တို့လိုတဲ့ နောက်ခံတွေ ၊ CGI တွေကို လိုသလို ထည့်နိုင်မှာပါ။
ဘာကြောင့် Chroma နဲ့ ရိုက်ကြတာလဲ?
Chroma နဲ့ ရိုက်ကြရတဲ့အကြောင်းကတော့ နောက်ခံ Background ကို စိတ်ကြိုက်ဖန်တီးနိုင်လို့ပါ။ ဥပမာ – ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး မိုးလေဝသ သတင်းထုတ်ပြန်ချက်တွေဆို Chroma နဲ့ ရိုက်ပြီး နောက်က Background တွေကို လိုသလိုချိန်းလိုက်နိုင်တယ်။ တကယ်လို့သာ Chroma နဲ့မရိုက်ပဲ အနောက်က backdrop တွေကို vinyl ထုတ်ပြီးရိုက်မယ်ဆို တော်တော်လည်း အချိန်ယူရမယ်။ စရိတ်လည်းတော်တော် များသွားမှာပါ။ သတင်းခန်းတွေ တော်တော်များများလည်း setting တကယ်မဆောက်တော့ပဲ Green Screen နဲ့ ရိုက်ပြီး Post ရောက်မှသာ 3D Room တွေပြန်ဆောက်ပြီး Chroma ဖောက်ပြီးတော့ပဲ သုံးကြတော့တယ်။ Super hero movie တွေတော်တော်များများမှာလည်း Chroma နဲ့ပဲ ရိုက်ကြတာပါ။ စိတ်ကူးစိတ်သန်းထဲက ဖြစ်ပေါ်လာတဲ့နေရာတွေကို အပြင်မှာတကယ် ရိုက်ပြဖို့ဆိုတာ နည်းနည်းလေးတောင် ဆင်တဲ့ နေရာမျိုးမရှိပါဘူး။ post ရောက်မှသာ လိုချင်တဲ့ နေရာတွေ ၊ ရှုခင်းတွေ ၊ Visual effects (VFX) တွေ ၊ Special effects (SFX) တွေကို ပြန်ဖန်တီးယူကြတာပါ။
Green Screen (or) Blue Screen ဘယ်လို ရိုက်ကြမလဲ?
တကယ်လို့ Green Screen Shooting တစ်ခုရိုက်တော့မယ်ဆိုရင် အရင်ဦးဆုံး Green Screen ရိုက်လို့ရမယ့် location ကိုရှာပါ။ ပိုက်ဆံတတ်နိုင်တယ်ဆို ရန်ကုန်မှာ Green Screen ရိုက်လို့ရနိုင်တဲ့ studio အကြီးကြီး တွေရှိပါတယ်။ တကယ်လို့များ ပိုက်ဆံမတတ်နိုင်ဘူးဆိုရင်တော့ နေကျယ်ကျယ်အခန်းတစ်ခန်းကို ရှာပြီး ကိုယ်တိုင်ဖန်တီးယူနိုင်ပါတယ်။ အစိမ်းရောင် backdrop ကို အသုံးပြုပြီး setup လုပ်နိုင်ပါတယ်။ အဓိက ကတော့ backdrop က တွန့်ခေါက်မနေပဲ ပြန့်ပြန့်လေးရှိနေဖို့အရေးကြီးပါတယ်။
Green Screen Lighting Setup
Green Screen နဲ့ ရိုက်တော့မယ်ဆိုရင် ပထမဦးဆုံး Talent ကို Background နဲ့ အနည်းဆုံး ၇ ပေလောက် ခွာထားရပါမယ်။ Background ကို အရင်ဦးဆုံး full light ပေးထားရပါမယ်။ ပြီးရင်တော့ Talent ကို three point lighting ပေးပါမယ်။ Talent ရဲ့ ဘယ်ဘက် 30’ (or) 45’ ခပ်စောင်းစောင်း ၆ပေခွဲ ၇ ပေလောက်ကနေ fill light ပေးပါမယ်။ ပြီးရင် Talent ရဲ့ ညာဘက် 30’ (or) 45’ ခပ်စောင်းစောင်း ၇ ပေခွဲ ၈ ပေလောက် ကနေ Key light ပေးပါမယ်။ Talent ရဲ့ အနောက်တည့်တည့် အပေါ်ဘက်နားလောက်ကနေ back light ပြန်ပေးပါမယ်။ တချို့ အရိပ်တွေက Green Screen မှာ သွားထင်နေနိုင်ပါတယ်။ အဲ့အရိပ်တွေကို ပျောက်သွားအောင် လိုအပ်သလို lighting ထပ်ပေးပြီး ဖြေပစ်ရပါတယ်။
ရှောင်ရန် / ဆောင်ရန်
အစိမ်းရောင် နဲ့ background ထားရိုက်မယ်ဆို အစိမ်းရောင် အင်္ကျီတွေ ၊ အသုံးဆောင်ပစ္စည်းအစိမ်းရောင်တွေပါလို့မရပါဘူး။ အနုအရင့် tone ကွဲရင်တော့ ရပါတယ်။
အလင်းပြန်စေနိုင်တဲ့ပစ္စည်းမျိုးတွေလည်း ရှောင်ရပါမယ်။
Talent က မိတ်ကပ်လိမ်းမယ်ဆို လိမ်းလို့ရနိုင်ပါတယ်။
အကောင်းဆုံးကတော့ Talent ကို အလယ်တည့်တည့်မှာထားပြီး Full shot ရိုက်တာအကောင်းဆုံးပါ။ Post မှာ လိုအပ်သလိုပြန်လည်ပြင်ဆင်နိုင်ပါတယ်။ Composition အတိတကျ သိရင်တော့ composition အတိတကျအတိုင်း ထားပြီး ရိုက်နိုင်ပါတယ်။
Post မှာ Chroma ဘယ်လို ဖောက်မလဲ?
Chroma ကို Premiere Pro မှာလည်း ဖောက်နိုင်သလို After Effect မှာလည်း ဖောက်နိုင်ပါတယ်။
Premiere Pro မှာဆိုရင် Green Screen နဲ့ရိုက်ထားတဲ့ ရုပ်ကဒ်ထဲကို effect ထဲကနေ Ultra Key effect ကို ဆွဲထည့်ပါ။ ပြီးရင် effects control မှ key color က eye dropper လေးကိုယူပြီး Green Screen လေးကို စုပ်လိုက်ပါ။ Subject နဲ့အနီးဆုံးမှာ ရှိတဲ့ အစိမ်းရောင်ကိုစုပ်တာ အကောင်းဆုံးပါ။ ပြီးရင် setting option မှာလိုအပ်သလို ချိန်ညှိပါ။ အောက်မှာ ကိုယ်လိုချင်တဲ့ Background layer ကိုထားထားနိုင်ပါတယ်။
After Effect ဆိုရင်တော့ Key light (1.2) ကို အသုံးပြုနိုင်ပါတယ်။
Credit to နေမင်းတင်
#jdbKX #Article #နည်းပညာဆောင်းပါး #Chroma #ကွန်ပျူတာအကြောင်း #Online #Games #Myanmar #OnlineGamesMyanmar #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames